အသက် (၆၁)နှစ်အရွယ် လူကြီးက (၁၂)နှစ်သမီးလေးကို အဓမ္မကျင့်ပြီး၊ လွမ်းလို့ပါတဲ့

135

အသက်အရွယ်အနေနဲ့ (၆၁)နှစ်ကိုရောက်နေတဲ့ အဖိုးကြီးတစ်ယောက်ဟာ သူ့ထက် အသက် (၄)ဆလောက်ငယ်တဲ့ မြေးအရွယ်လေးကို အဓမ္မကျင့်ပြီးနောက် သူ့ဆီနောက်တစ်ခါပြန်လာအောင်လို့ ရည်းစားစာရေးပေးခဲ့တဲ့ အမှုတစ်ခု အင်ဒိုနီးရှားနိုင်ငံမှာဖြစ်ပွားခဲ့ပါတယ်။

အဆိုပါ ဖြစ်စဉ်အသေးစိတ်ကို Lobak Merah ဆိုတဲ့အကောင့်ပိုင်ရှင်က သူ့ရဲ့ ဖေ့ဘုတ်မှာ သက်သေတွေနဲ့တကွတင်ခဲ့တာကို Apannpyay က ပြန်လည်တင်ဆက်ပေးပါမယ်။ အင်ဒိုနီးရှား Bintara Jaya မှာ အိမ်ငှားနေတဲ့ အဖိုးကြီးက ကောင်မလေးကို မတ်လတုန်းက အဓမ္မကျင့်ခဲ့ပြီပြီလို့ သိရပါတယ်။ သူက ပြန်မပြောဖို့ တားခဲ့တယ်ဆိုပါတယ်။

အဖြစ်မှန်ကို ရှင်းပြထားပုံ

ပြီးခဲ့တဲ့ရက်ပိုင်းအရောက်မှာတော့ သူ့ဆန္ဒတွေကို ထိန်းမရတဲ့အဆုံးမှာ (၁၂)နှစ်သမီးလေးဆီ ရည်းစားစာတစ်စောင် အခုလို ရေးကာ ပို့ခဲ့ပါတယ်။ ‘ စိတ်ဆိုးနေတဲ့ အချစ်ကလေးရေ၊ ငါ့နှလုံးသားကို မင်းကသိမ်းပိုက် ဖမ်းစားထားသူပါ၊ ကူကယ်ရာမဲ့ဖြစ်အောင် လုပ်ခဲ့ပြီလား၊ ဒီစာကို ရေးနေရင်းတန်းလန်းနဲ့ အချစ်ကလေးကို လွမ်းနေပါပြီ ‘ ဆိုတဲ့ စာသားပါရှိခဲ့ပါတယ်။

အပြာဝိုင်းထားသောလူ

ဒီစာကို သမီးဖြစ်သူဆီ ဘယ်လို ရောက်လာလဲမသိပေမဲ့ စာတွေဟာ တစ်ကြိမ်မကဘဲ များလွန်းတယ်လို့ သိရပါတယ်။ သမီးလေးရဲ့ အဖေက စာကိုတွေ့သွားခဲ့ဆဲ့အဆုံးမှာ မေးမြန်းစုံစမ်းခဲ့ပြီးတဲ့နောက် သမီးဖြစ်သူဆီကနေ အမှန်တရားကို သိလာခဲ့ရပါတယ်။ သိခဲ့ချိန်မှာ ချက်ချင်းဆိုသလို လိုက်သွားခဲ့ကာ ပြဿနာရှာခဲ့တယ်လို့ ဆိုပါတယ်။

မိခဲ့သောစာ

ဒါပေမဲ့ ရဲကိုပဲတိုင်ခဲ့ပြီး ရဲက လိုအပ်တဲ့ စစ်ဆေးမှုတွေကို လုပ်ခဲ့ချိန်မှာ သမီးလေးကို တကယ်ပဲ အဓမ္မကျင့်ခဲ့တယ်လို့ ၀န်ခံခဲ့တဲ့အထိ ထွက်ဆိုချက်ကို ရခဲ့ပါတယ်။ ထွက်ဆိုချက်မှာ သူဟာ အဓမ္မကျင်ခဲ့ကာ ဘယ်သူကိုမှပြန်မပြောဖို့ တားခဲ့ပြီး၊ သမီးလေကို ရည်းစားအဖြစ်နဲ့ ခေါ်ဆောင်သိမ်းသွင်းဖို့ ကြိုးစားခဲ့တာလို့ သိရပါတယ်။

ရဲတပ်ဖွဲ့ကတော့ စုံစမ်းမှုကိုမရပ်တန့်သေးပါဘူး။ အကြောင်းက ဖြစ်စဉ်အရ ဒီလိုစာမျိုးကို သမီးလေးတစ်ယောက်တည်းကို ပို့ခဲ့တာမဖြစ်နိုင်ဘဲ နောက်ထပ်သံသယရှိတဲ့အမှုတွေ တွေ့လိုပါပဲ။ စာထဲမှာတော့ သူ့ကိုယ်သူ Alfa Romeo လို့ ရေးထားတဲ့ အဖိုးကြီးဟာ လက်ရှိမှာ အချုပ်ခန်းထဲရောက်နေပါပြီ။

သူရေး (Apannpyay)