အႏၱရာယ္ရွိတဲ့ေျမြနဲ႔ ေဆာ့ခဲ့တဲ့ အမ်ိဳးသား၊ ေျမြကိုက္ခံလုိက္ရတဲ့အျဖစ္(႐ုပ္/သံ)

74

အမ်ိဳးသားတစ္ေယာက္ဟာ ေျမြကို ေဆာ့စရာအျဖစ္သတ္မွတ္ၿပီး ကစားရင္း ဗြီဒီယုိမွတ္တမ္း ရယူခဲ့ပါတယ္။ ေျမြက သူ႕ဦးေခါင္းကို တိတိက်က် ေပါက္လုိက္တဲ့ ျမင္ကြင္းကိုလည္း အသည္းယားဖြယ္ရာ ျမင္ေတြ႕ခဲ့ရပါတယ္။ ဒီအေၾကာင္းကို DailyStar သတင္းစာက ေဖာ္ျပထားတာပါ။

သူဟာ ေျမြကို ရဲတင္းစြာကုိင္ၿပီး၊ ပါးစပ္တဟဲဟဲနဲ႔ မာန္ဖီေနတဲ့ေျမြကုိ ေလနဲ႔မႈတ္ၿပီး ရန္စေနတာပါ။ ေျမြကလည္း အခါအခြင့္ကို ေခ်ာင္းေျမာင္းေနပါတယ္။ သူဟာ ေဒါသထြက္ေနတဲ့ေျမြကို ဦးေခါင္းထက္မွာတင္ၿပီး စတန္႔ထြင္တဲ့အခါမွာေတာ့၊ ခ်က္ခ်င္းပဲ ေျမြက သူ႕ကုိ ေပါက္ခ်လိုက္တာပါ။

ေျမြဟာ ေတာ္ေတာ္ၾကာေအာင္ သူ႕ေခါင္းကို ခဲထားတာေၾကာင့္ အဲဒီအမ်ိဳးသားဟာ နာက်င္မႈကို ေအာင့္အည္းသည္းခံၿပီး မရမက ျဖဳတ္ခဲ့ရပါတယ္။ ဒါေပမယ့္ အခုေျမြက စပါးအုန္းျဖစ္ေနလုိ႔သာ သူ အသက္အႏၱရာယ္ မစုိးရိမ္ရတာပါ။ ဒီအျဖစ္အပ်က္ဟာ အဆန္းထြင္သူေတြအတြက္ ပညာယူရမယ့္ အျဖစ္ပါ။

ယခင္တုန္းကလည္း အိႏၵိယႏုိင္ငံက ဘုရားဖူးအမ်ိဳးသားတစ္ေယာက္ဟာ အဆိပ္ျပင္းထန္တဲ့ ေျမြကို အလမၸာယ္ဆရာဆီက ေခတၱယူၿပီး ဓာတ္ပုံ႐ုိက္ကူးခဲ့ရာ၊ ေျမြက လည္ပင္းကုိ လွမ္းကုိက္တာ ခံခဲ့ရပါတယ္။ သူဟာ မိနစ္ပုိင္းအတြင္း ေသဆုံးသြားလုိ႔ ေျမြဆရာကို ရဲက ဖမ္းဆီးခဲ့ပါတယ္။

နတ္သူႀကီး

ယူနီကုဒ်ဖြင့်ဖတ်ရန်-

အမျိုးသားတစ်ယောက်ဟာ မြွေကို ဆော့စရာအဖြစ်သတ်မှတ်ပြီး ကစားရင်း ဗွီဒီယိုမှတ်တမ်း ရယူခဲ့ပါတယ်။ မြွေက သူ့ဦးခေါင်းကို တိတိကျကျ ပေါက်လိုက်တဲ့ မြင်ကွင်းကိုလည်း အသည်းယားဖွယ်ရာ မြင်တွေ့ခဲ့ရပါတယ်။ ဒီအကြောင်းကို DailyStar သတင်းစာက ဖော်ပြထားတာပါ။

သူဟာ မြွေကို ရဲတင်းစွာကိုင်ပြီး၊ ပါးစပ်တဟဲဟဲနဲ့ မာန်ဖီနေတဲ့မြွေကို လေနဲ့မှုတ်ပြီး ရန်စနေတာပါ။ မြွေကလည်း အခါအခွင့်ကို ချောင်းမြောင်းနေပါတယ်။ သူဟာ ဒေါသထွက်နေတဲ့မြွေကို ဦးခေါင်းထက်မှာတင်ပြီး စတန့်ထွင်တဲ့အခါမှာတော့၊ ချက်ချင်းပဲ မြွေက သူ့ကို ပေါက်ချလိုက်တာပါ။

မြွေဟာ တော်တော်ကြာအောင် သူ့ခေါင်းကို ခဲထားတာကြောင့် အဲဒီအမျိုးသားဟာ နာကျင်မှုကို အောင့်အည်းသည်းခံပြီး မရမက ဖြုတ်ခဲ့ရပါတယ်။ ဒါပေမယ့် အခုမြွေက စပါးအုန်းဖြစ်နေလို့သာ သူ အသက်အန္တရာယ် မစိုးရိမ်ရတာပါ။ ဒီအဖြစ်အပျက်ဟာ အဆန်းထွင်သူတွေအတွက် ပညာယူရမယ့် အဖြစ်ပါ။

ယခင်တုန်းကလည်း အိန္ဒိယနိုင်ငံက ဘုရားဖူးအမျိုးသားတစ်ယောက်ဟာ အဆိပ်ပြင်းထန်တဲ့ မြွေကို အလမ္ပာယ်ဆရာဆီက ခေတ္တယူပြီး ဓာတ်ပုံရိုက်ကူးခဲ့ရာ၊ မြွေက လည်ပင်းကို လှမ်းကိုက်တာ ခံခဲ့ရပါတယ်။ သူဟာ မိနစ်ပိုင်းအတွင်း သေဆုံးသွားလို့ မြွေဆရာကို ရဲက ဖမ်းဆီးခဲ့ပါတယ်။

နတ်သူကြီး