NLD အလုပ်​အမှုဆောင်​ ဦးသန်းဆောင်​ကို စိတ်ကြွ ဆေးပြား ၂၉ ပြားနဲ့ အတူ တွေ့လို့ အမှုဖွင့်​အရေးယူ

122

ခရိုင်​ NLD အလုပ်​အမှုဆောင်​ ဦးသန်းဆောင်​ကို ပန်းရောင်​စိတ်​ကြွရူးသွပ်​ဆေးပြား ၂၉ ပြားနဲ့အတူ တွေ့လို့ အမှုဖွင့်​အရေးယူထားတယ်​တဲ့

ခြေမမကောင်းခြေမလက်​မ မကောင်းလက်​မပါပဲ NLDပါတီအနေနဲ့ အပြစ်​ရှိသူမှန်​ရင်​ ဘယ်​သူပဲဖြစ်​ဖြစ်​ ဝန်​ကြီးချုပ်​ကအစ အရေးယူအပြစ်​ပေးပါတယ်​ဆိုတာ အားလုံးသိကြပါတယ်

ဖြစ်စဉ်မှာ စက်တင်ဘာလ ၁၈ ရက်နေ့  နေ့ လည် ၂ နာရီအချိန်ခန့်က တနိုင်းမြို့  ကင်ဆားရာရပ်ကွက် ကျန်စစ်သားလမ်း တွင်အိမ်ငှါး နေထိုင် သူ ဦးသန်းဆောင် အိမ်တွင်မူးယစ်ဆေးဝါးများ ရောင်းချသုံးစွဲ နေကြောင်း သတင်းရရှိသဖြင့် တနိုင်းမြို့ နယ်မြေရဲစခန်းမှ ဒုရဲမှူး ကျော်ဆန်း ဦးစီးအဖွဲ့ နှင့်ရာအိမ်မှူး ဦးမောင်မောင်ကျော် ၊ဦးအောင်ဇော်တို့ မှ သွားရောက် ရှာဖွေရာဦးသန်းဆောင်အား နေအိမ်အောက်တွင်အသင့်တွေ့ ရပြီး ဆက်လက်ရှာဖွေရာ

၎င်း အိပ်ယာခေါင်းရင်း တွင်တွေ့ ရသောEver Shine တံဆိပ်ပါအညိုရောင်သရေလက်ကိုင်အိပ်အတွင်းမှ ကမ္ဘာလုံးတံဆိပ်ပါအပြာရောင်ကပ်ခွါ အိပ်ဖြင့် ထည့်ထားသည့် ပန်းရောင်စိတ်ကျွဆေးပြား (၂၉) ပြားအား တွေ့ရှိခဲ့သဖြင့် မူးယစ်ဆေးဝါးလက်ဝယ်ထားရှိသည့် ဦးသန်းဆောင် (၄၀)နှစ်​ (မြစ်ကြီးနားခရိုင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLDပါတီ အလုပ်မှုဆောင် ) အား တနိုင်းမြို့ မရဲစခန်း မှ (ပ.မယ/၃၀.၂၀၁၉ )မူး/စိတ်ပုဒ်မ (၁၆.ဂ)ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရှိရပါသည်

NEWS REPORT-ဦးဇော်​ဝင်းအောင်​အဖွဲ့ ကချင်​ပြည်​နယ်​(SH သတင်းဌာန)

EDIT————U U THET(SHသတင်းဌာန) “ရှုထောင့်​”မှုခင်းနှင့်​သတင်းစုံဂျာနယ်​ အမှန်​တရား သတင်းဂျာနယ်

U THET(SHသတင်းဌာန) ရဲ့ ခွင့်ပြုချက်ဖြင့် ApannPyay မှ တဆင့်ပြန်လည် ဖော်ပြခြင်း ဖြစ်ပါသည်။