ဆင်းရဲလွန်းလှတဲ့ ကလေးအမေ မန္တလေးကို ကလေး ဆေးလာကုတာ ခါးပိုက်နိုင်ခံလိုက်ရတဲ့ ဖြစ်ရပ်

120

မန္တလေးမှာ ကလေးနေမကောင်းလို့ မရှိတဲ့ကြားက ပိုက်ဆံချေးပြီး ဆေးလာကုတဲ့ သားအမိတွေ ခါးပိုက်နှိုက်ခံလိုက်ရတဲ့ ဖြစ်ရပ်တစ်ခုကို One To One ကလေးလူနာကူညီရေး စာမျက်နှာမှာ တင်ပြထားခြင်းပါတယ်။

One To One ကလေးလူနာကူညီရေးအဖွဲ့ဟာ မန္တလေးမြို့အခြေစိုက်ပြီး ပရဟိတလုပ်ငန်းတွေကို အားသွန်ခွန်စိုက် လုပ်ဆောင်နေတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ကိုဝမ်း ဆိုသူမှ ဦးဆောင်တဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းဟာ မန္တလေးတစ်မြို့ထဲတင်မကပဲ မြန်မာနိုင်ငံငံလုံးမှာရှိတဲ့ ကျန်းမာရေးအတွက် ဆေးကုသဖို့ငွေကြေးလိုအပ်နေတဲ့ကလေးသူငယ်တွေ၊ လူကြီးတွေအပြင် အခြားသော အကူအညီလိုအပ်မှုအမျိုးမျိုးကို လိုက်လံကူညီပေးနေတဲ့အဖွဲ့ဖြစ်ပါတယ်။

ဒီတစ်ခေါက် one to oneအဖွဲ့က ကူညီပေးခဲ့တာကတော့ မန္တလေးဘူတာမှာခါးပိုက်နိုက်ခံရပြီးဆေးမကုနိုင်ဖြစ်နေတဲ့ကလေးမိခင်တစ်ဟောက်ပါ။ အဲ့ဒီကလေးမိခင်ဟာ သီရိခင်လို့ နာမည် သိရပြီး အသက်က ၁၂နှစ်အရွဟ်သမီးကလေူနာကို ၂၀၁၉ – ၁ လပိုင်းမှာ မန္တလေးကုတင် ၅၅၀ကလေးဆေးရုံမှာ ကုသခဲ့ပြီး ဆရာဝန်က တစ်လတစ်ခါပြန်လာပြခိုင်းပေမယ့် ပိုက်ဆံမတတ်နိုင်လို့ပြန်လာမပြနိုင်တဲ့ မိခင်တစ်ယောက်ဖြစ်ကြောင်း သိရပါတယ်။

သဲတောမြို့နယ်က စက်ရက်ကန်းမှာအလုပ်လုပ်ပြီး တစ်နေ့လုပ်ခငွေ ပျမ်းမျှ ၃၀၀၀လောက်ရတဲ့ သူတစ်ယောက်အတွက် မန္တလေးမြို့ပေါ်ကိုတက်ပြီး ဆေးကုသနိုင်ဖို့အတွက်တော့ မိခင်တစ်ယာက်အနေနဲ့ ငွေကြေးမလောက်ငှတာကို အံတုပြီး အလုပ်ရှင်ဆီကနေ ငွေငါးသောင်းချေးလာခဲ့ရတယ်လို့ သိရပါတယ်။

ကံမကောင်းစွာပဲ မန္တလေးဘူတာရောက်တဲ့အခါမှာ ချေးငှားစုဆောင်းထားတဲ့ ငွေ၇သောင်းကို ခါးပိုက်နိုက်ခံခဲ့ရပြီး ဆေးရုံမသွားနိုင်တော့ပဲ ဘူတာမှာပဲ ဒုက္ခရောက်ကာ သောင်တင်နေတဲ့အတွက် One To One ကလေးလူနာကူညီရေး က ကူညီပေးခဲ့တာပါ။ သူမရဲ့သမီးလေးကခေါင်းအရမ်းကိုက်နေတာကြောင့် မန္တလေးကို ဆေးရုံပြဖို့အားတင်းပြီးလာခဲ့တဲ့ ဒီမိခင်ဟာ ဖုန်းတောင်မကိုင်နိုင်တဲ့အတွက် ကီးပက်ဖုန်းတစ်လုံးကို One To One ကလေးလူနာကူညီရေး ပရဟိတအဖွဲ့က ဝယ်ပေးထားတယ်လို့ သိရပါတယ်။

လူနာဖြစ်တဲ့ ကလေးငယ်လေး ရောဂါသက်သာပျောက်ကင်းတဲ့အထိလည်း One To One ကလေးလူနာကူညီရေး က တာဝန်ယူသွားမှာဖြစ်တယ်လို့ One To One ကလေးလူနာကူညီရေး လူမှုကွန်ဟက်စာမျက်နှာမှာဖော်ပြထားပါတယ်။

Yenin Phawah #AlinnMyay(အလင်းမြေ)