(၉)ႏွစ္ျပည့္ေမြးေန႔မွာပဲ မိဘေတြ ရင္ကြဲခဲ့ရတဲ့ ကေလးမေလးရဲ႕ ျဖစ္ရပ္

226

အသက္(၉)ႏွစ္အရြယ္ ကေလးမေလးတစ္ေယာက္ဟာ သူမရဲ႕ (၉)ႏွစ္ျပည့္ ေမြးေန႔မွာည မေတာ္တဆ စက္ဘီးေမွာက္ခဲ့ၿပီး၊ အျဖစ္ဆုိးနဲ႔ ႀကဳံေတြ႕ခဲ့ရပါတယ္။ သူမဟာ စက္ဘီးေပၚကေန ျပဳတ္က်ၿပီး စက္ဘီးလက္ကုိင္ Handlebar က ျဖစ္ေတာင့္ျဖစ္ခဲ လည္ပင္းကို စုိက္ဝင္ခဲ့တာပါ။

ဒီအေၾကာင္းကို Metro သတင္းဌာနက ေဖာ္ျပထားၿပီး၊ ApannPyay ပရိသတ္ႀကီးအတြက္ ဘာသာျပန္တင္ဆက္ေပးလုိက္ပါတယ္။ ကေလးမေလးရဲ႕နာမည္ကေတာ့ Charlene Sipes လုိ႔ သိရပါတယ္။ ဒီအျဖစ္အပ်က္ဟာ ၿပီးခဲ့တဲ့ အဂၤါေန႔က Hodgenville, Kentucky မွာ ျဖစ္ခဲ့တာပါ။

Sipes ဟာ ရရွိတဲ့ဒဏ္ရာေၾကာင့္ အခင္းျဖစ္ေနရာမွာပဲ ေသဆုံးခဲ့တယ္လုိ႔ သိရပါတယ္။ သမီးေလး လဲက်ေသဆုံးေနတာကို မိခင္ျဖစ္သူကုိယ္တုိင္ ေတြ႕ရွိခဲ့တာျဖစ္ၿပီး၊ ေနအိမ္ကိုေရာက္ဖုိ႔ ေပ(၂၀၀)အေဝးေလာက္က လမ္းေဘးေနရာမွာ လဲက်ေနခဲ့တာပါ။

မိခင္ျဖစ္သူ Tiffany က သမီးေလးေသဆုံးမႈအေၾကာင္းကုိ လူမႈကြန္ရက္မွာ ေၾကညာခဲ့့ပါတယ္။ သူမက ” ဒီအျဖစ္အပ်က္ဟာ တကယ္မဟုတ္ပါေစနဲ႔လုိ႔ ဆုေတာင္းေပမယ့္ … ဆုေတာင္း မျပည့္ခဲ့ပါဘူး … ဒါဟည အိပ္မက္ဆုိးသာဆုိရင္ ကၽြန္မ အခုပဲ ႏုိးထလုိက္ခ်င္ပါတယ္ “လုိ႔ ေရးသားခဲ့ပါတယ္။

သမီးေလး Sipes ေသဆုံးမႈနဲ႔ပတ္သက္ၿပီး သူငယ္ခ်င္းေတြ၊ ေက်ာင္းေနဘက္ေတြ၊ မိသားစုရဲ႕ေဆြမ်ိဳးေတြက လြမ္းသူပန္းေခြနဲ႔ ႏႈတ္ဆက္စာေတြ ေရးသားေပးပုိ႔ခဲ့ၾကပါတယ္။ ရဲတပ္ဖြဲ႕ကေတာ့ အခင္းျဖစ္စဥ္ကို စုံစမ္းေနဆဲလုိ႔ သိရပါတယ္။ သမီးေလးရဲ႕စ်ာပနကို ရက္အနည္းငယ္အတြင္းမွာ က်င္းပမွာပါ။

နတ္သူႀကီး

ယူနီကုဒ်ဖြင့်ဖတ်ရန်-

အသက်(၉)နှစ်အရွယ် ကလေးမလေးတစ်ယောက်ဟာ သူမရဲ့ (၉)နှစ်ပြည့် မွေးနေ့မှာည မတော်တဆ စက်ဘီးမှောက်ခဲ့ပြီး၊ အဖြစ်ဆိုးနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ သူမဟာ စက်ဘီးပေါ်ကနေ ပြုတ်ကျပြီး စက်ဘီးလက်ကိုင် Handlebar က ဖြစ်တောင့်ဖြစ်ခဲ လည်ပင်းကို စိုက်ဝင်ခဲ့တာပါ။

ဒီအကြောင်းကို Metro သတင်းဌာနက ဖော်ပြထားပြီး၊ ApannPyay ပရိသတ်ကြီးအတွက် ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ကလေးမလေးရဲ့နာမည်ကတော့ Charlene Sipes လို့ သိရပါတယ်။ ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့က Hodgenville, Kentucky မှာ ဖြစ်ခဲ့တာပါ။

Sipes ဟာ ရရှိတဲ့ဒဏ်ရာကြောင့် အခင်းဖြစ်နေရာမှာပဲ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ သမီးလေး လဲကျသေဆုံးနေတာကို မိခင်ဖြစ်သူကိုယ်တိုင် တွေ့ရှိခဲ့တာဖြစ်ပြီး၊ နေအိမ်ကိုရောက်ဖို့ ပေ(၂၀၀)အဝေးလောက်က လမ်းဘေးနေရာမှာ လဲကျနေခဲ့တာပါ။

မိခင်ဖြစ်သူ Tiffany က သမီးလေးသေဆုံးမှုအကြောင်းကို လူမှုကွန်ရက်မှာ ကြေညာခဲ့့ပါတယ်။ သူမက ” ဒီအဖြစ်အပျက်ဟာ တကယ်မဟုတ်ပါစေနဲ့လို့ ဆုတောင်းပေမယ့် … ဆုတောင်း မပြည့်ခဲ့ပါဘူး … ဒါဟည အိပ်မက်ဆိုးသာဆိုရင် ကျွန်မ အခုပဲ နိုးထလိုက်ချင်ပါတယ် “လို့ ရေးသားခဲ့ပါတယ်။

သမီးလေး Sipes သေဆုံးမှုနဲ့ပတ်သက်ပြီး သူငယ်ချင်းတွေ၊ ကျောင်းနေဘက်တွေ၊ မိသားစုရဲ့ဆွေမျိုးတွေက လွမ်းသူပန်းခွေနဲ့ နှုတ်ဆက်စာတွေ ရေးသားပေးပို့ခဲ့ကြပါတယ်။ ရဲတပ်ဖွဲ့ကတော့ အခင်းဖြစ်စဉ်ကို စုံစမ်းနေဆဲလို့ သိရပါတယ်။ သမီးလေးရဲ့စျာပနကို ရက်အနည်းငယ်အတွင်းမှာ ကျင်းပမှာပါ။

နတ်သူကြီး