မန္တလေးမှာ ခါးပိုက်နှိုက်ခံလိုက်ရတဲ့ ဆင်းရဲလှတဲ့ ကလေးအမေ ဝမ်းသာစရာ နောက်ဆက်တွဲ သတင်း

647

ကိုဝမ်း (ONE TO ONE လူနာကူညီရေး) ရဲ့ကျေးဇူးကြောင့် ကံကောင်းသွားပါပြီဖြစ်တဲ့ မန္တလေးမှာ ခါးပိုက်နှိုက်ခံလိုက်ရတဲ့ ဆင်းရဲလှတဲ့ ကလေးအမေ ဝမ်းသာစရာ နောက်ဆက်တွဲ သတင်း လေးမို့ ထပ်မံတင်ပြပေးလိုက်ပါသည်။

ဦးနှောက်အမြှေးရောင်လို့ဆေးရုံလာပြတဲ့ကလေးလူနာအမေ ဘူတာမှာခါးပိုက်နှိုက်ခံရပြီးဆေးမကုနိုင်ဖြစ်နေ၍ဆေးရုံပို့ပြီး တင်္နလာနေ့ အထူးကုဆရာဝန်နှင့်ပြသရပါမည်ဖြစ်ကြောင်း ကိုဝမ်း (ONE TO ONE လူနာကူညီရေး) မှ ဆက်လက်ဖော်ပြထားပါတယ်။ အခုသားအမိ ၃ယောက် အဝတ်အစားများမပါလို့ အလှုရှင်က အဝတ်အစား များဝယ်ပေးနေပြီဖြစ်ကြောင်း AlinnMyay(အလင်းမြေ) ပရိသတ်ကြီးများနဲ့ အတူ ရှယ်ပေးခဲ့ကြတဲ့ ပရိသတ်တွေ အားလုံး သိအောင် ကိုဝမ်း (ONE TO ONE လူနာကူညီရေး) မှ ဆက်လက်ဖော်ပြထားခြင်းကို AlinnMyay(အလင်းမြေ) မှ တဆင့် ပြန်လည် ဖော်ပြပေးလိုက်ပါသည်။

သမီးလေးနာမည်ကသီရိခင်အသက်က၁၂နှစ် ၂၀၁၉ (၁)လ ပိုင်းမှာမန္တလေးကုတင်၅၅၀ကလေးဆေးရုံမှာကုသခဲ့ပြီးတစ် လတစ်ခါပြန်လာပြခိုင်းပေမယ့် ပိုက်ဆံမတတ်နိုင်လို့ပြန်လာ မပြနိုင်ပါ။ အမေဖြစ်သူကသဲတောက စက်ရက်ကန်းမှာအလုပ် လုပ်ပြီးတစ်နေ့ပျမ်းမျှ (၃၀၀၀) လောက်ရပါတယ်။

အခုသမီးလေးကခေါင်း အရမ်းကိုက်လာလို့ အလုပ်ရှင်ဆီကငါးသောင်း ခွဲချေးလာပြီးရထားနဲ့မန္တလေးကိုဒီနေ့မနက်ခင်းထွက်လာရာ မန္တလေးဘူတာအရောက်ပါလာတဲ့ခုနှစ်သောင်းက ခါးပိုက် နှိုက်ခံရပြီးဆေးရုံမသွားနိုင်တော့ပဲ ဘူတာမှာပဲဒုက္ခရောက် ပြီးသောင်တင်နေရှာပါတယ်။

ဒါကြောင့်မီနီအိုးဝေကားငှါးပြီး ကုတင်၅၅၀ကလေးဆေးရုံကိုပို့ပြီးအခုဆရာဝန်ပြဖို့စောင့်နေ ပါပြီ။ ဖုန်းတောင်မကိုင်နိုင်လို့ကီးပက်ဖုန်းတစ်လုံးဝယ်ပေး လိုက်တယ် သမီးလေးကိုဆေးရုံတင်ပြီးရောဂါပျောက်အောင် ဆေးကုပေးမည် ဖြစ်ကြောင်း ကိုဝမ်း (ONE TO ONE လူနာကူညီရေး) မှ ဖော်ပြထားခဲ့ကြောင်း တွေ့ခဲ့ရပါသည်။

အခုအခါမှာတော့ စစ်ကိုင်းကနေပြီး အလှူရှင် ပေါ်ပေါက်လာကာ သားအမီသုံးယောက်အတွက် လိုအပ်တဲ့ အဝတ်အစားကအစ ကိုဝမ်း (ONE TO ONE လူနာကူညီရေး) မှ ကူညီကာလိုက်လံ ဝယ်ယူပေးနေတဲ့ ဗွီဒီယိုဖိုင်လေး တင်ပြပေးနိုင်ခဲ့ပါပြီ။ အားလုံးဝမ်းသာ ပီတိဖြစ်စေခဲ့ပါတယ်။

(ONE TO ONE လူနာကူညီရေး) ကိုဝမ်း ၊ ဖုန်း ၀၉၇၆၅၇၆၅၁၇၉ ၊ မန္တလေးမြို့

#AlinnMyay(အလင်းမြေ) #ApannPyay