လက်ကို ကြိုးတုပ်ပြီး ဓါးပြတိုက်ခံရတဲ့အပြင် အဓမ္မပါအကျင့်ခံရတဲ့ အသက် (၈၅)နှစ်အရွယ် အဖွား

187

အသက် (၈၅)အရွယ်ရှိနေပြီဖြစ်တဲ့ အဖွားအိုတစ်ဦးကို လက်မှာကြိုးတုပ်ပြီး၊ သေဆုံးလျက်သားအနေအထားနဲ့ တွေ့ရှိခဲ့တဲ့အမှုတစ်ခု မလေးရှားနိုင်ငံမှာဖြစ်ပွားခဲ့ပြီး၊ နောက်ဆက်တွဲအနေနဲ့ အဓမ္မပါအကျင့်ခံခဲ့ရကြောင်းကို China Press သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ဖော်ပြချက်အသေးစိတ်ကို Apannpyay အနေနဲ့ ပြန်တင်ဆက်မှုမှာ မလေးရှားနိုင်ငံ၊ Tasik Tambahan Ampang ဒေသ၊ နေအိမ်တစ်အိမ်မှာ အသက် (၈၅)နှစ်အရွယ် အဖွားတစ်ဦးကို လက်မှာကြိုးတုပ်ထားတဲ့ပုံစံနဲ့ သေဆုံးနေတာကို တွေ့ခဲ့ပါတယ်။ မနက်အစောကြီး (၅)နာရီလောက်အချိန်မှာ အသက် (၆၁)နှစ်အရွယ်သားဖြစ်သူက

အိမ်ကို ပြန်လာချိန်မှာ အခုလို တွေ့ခဲ့တာလို့ ဆိုပါတယ်။ တွေ့တွေ့ချင်းရဲကို အကြောင်းကြားခဲ့ပြီး၊ ရဲတပ်ဖွဲ့က စုံစမ်းမှုကို နေအိမ်မှာပဲ စစ်ဆေးလိုက်ချိန်မှာ ဓားပြတိုက်ထားတဲ့ မူခင်းကိုပါတွေ့ခဲ့ရပါတယ်။ အလောင်းကို တွေ့ချိန်မှာ ကုတင်ပေါ်မှာ သေဆုံးလျက်သားနဲ့ အတွင်းခံတွေဟာ တစ်စစီရောက်နေသလို အ၀တ်အစားတွေဟာ မလုံခြုံတဲ့အနေအထားကိုတွေ့ခဲ့ရပါတယ်။

ပတ်ဝန်းကျင်ကို စုံစမ်းလိုက်ချိန်မှာတော့ တစ်မိသားစုလုံးဟာ နှစ် (၃၀)ကျော်ကြာအောင် အေးအေးချမ်းချမ်းနဲ့ နေလာတာဖြစ်တဲ့အတွက် အခုလိုမျိုးဖြစ်ဖို့ကို သံသယ၀င်စရာလူမရှိဘူးလို့ ဆိုပါတယ်။ ရဲတပ်ဖွဲ့အနေနဲ့ သားအကြီးဖြစ်သူကို လိုအပ်တဲ့မေးမြန်းမှုတွေ ပြုလုပ်အပြီးမှာတော့ တရားခံလို့ စွပ်စွဲနိုင်တဲ့သူကို ဘယ်လိုမှ ဖော်ထုတ်လို့ မရခဲ့ပါဘူး။

လက်ရှိအချိန်မှာ လူသတ်မှုရဲ့အမြင်ဆုံးပုဒ်မ (၃၀၂)နဲ့ အမှုကို ဖွင့်လိုက်ပြီဖြစ်ပြီး၊ ဖြစ်စဉ်အသေးစိတ်အတွက် ရင်ခွဲရုံဆီကနေ ဆေးစစ်ချက်ကို စောင့်နေတယ်လို့ သိရပါတယ်။ သံယယဖြစ်စရာလူမရှိသေးတဲ့အတွက် ရဲတပ်ဖွဲ့ဟာ ဖမ်းမိဖို့ ခက်နေတယ်လို့ China Press ကဖော်ပြထားတာကို Apannpyay အနေနဲ့ တွေ့ရပါတယ်။

သူရေး (Apannpyay)