ခ်စ္သူေဟာင္းကုိ ျပန္ရဖုိ႔၊ ကိုယ္ဝန္ရွိေနေၾကာင္း ေဆးစာအတုနဲ႔ လိမ္ညာခဲ့တဲ့အမ်ိဳးသမီး

85

အမ်ိးသမီးငယ္တစ္ဦးဟာ ခ်စ္သူေဟာင္းရဲ႕အခ်စ္ကုိျပန္ရဖုိ႔ သူမမွာ ကိုယ္ဝန္ရွိေနေၾကာင္း ဆရာဝန္ေတြရဲ႕ ေထာက္ခံစာ စသည္အတုေတြနဲ႔ လိမ္ညာခဲ့ေၾကာင္း သိရပါတယ္။ သူမဟာ ေဒါက္တာအမည္တစ္ခုနဲ႔ Gmail အေကာင့္ဖြင့္ကာ က်က်နန လိမ္လည္ခဲ့တာပါ။

သူမရဲ႕ Gmail မွာ West Yorkshire Hospital မွ ေဒါက္တာတစ္ဦးက သူမမွာ ကိုယ္ဝန္ရွိေနေၾကာင္း အေၾကာင္းၾကားတဲ့ပုံစံနဲ႔ ေမးလ္အတု ေပးပုိ႔ခဲ့တာ ျဖစ္ပါတယ္။ ဒီ email ကုိ သူမက လူမႈကြန္ရက္မွာ ျပန္လည္မွ်ေဝၿပီး၊ ခ်စ္သူေဟာင္း စိတ္ျပန္လည္လာေအာင္ လုပ္ခဲ့တာပါ။

ေပးပုိ႔ထားတဲ့စာထဲမွာ ကေလးကို ေစာင့္ေရွာက္ဖုိ႔ ခင္ပြန္းဇနီး ေျပေျပလည္လည္ ျဖစ္ဖုိ႔လုိအပ္တယ္လို႔ေတာင္ အႀကံအဖန္စာသား ထည့္သြင္းထားပါေသးတယ္။ ဒါ့အျပင္ ကေလးရဲ႕ႏွလုံးအလုပ္လုပ္ပုံက သာမန္ထက္ ေႏွးေကြးတာေၾကာင့္ စုိးရိမ္ဖုိ႔လုိတယ္လုိ႔ ေျပာပါတယ္။

ေနာက္ၿပီး ကိုယ္ဝန္ေဆာင္ထားတဲ့ မိခင္မွာ စိတ္ပုိင္းဆုိင္ရာ ဖိအားေတြ၊ ဝမ္းနည္းမႈေတြလည္း ခံစားေနလုိ႔ရလုိ႔ ခင္ပြန္းျဖစ္သူရဲ႕အခ်စ္ကို အထူးလုိအပ္ေနတယ္လုိ႔ ေထာက္ခံေရးသားထားပါေသးတယ္။ အဲဒီေဆး႐ုံကေနပုိ႔ထားတယ္ဆုိတဲ့ မက္ေဆ့ဟာ Reddit ေပၚမွာ ပ်ံ႔ႏွံ႔ေနပါတယ္။

အဆုိပါ အမ်ိဳသမီးဟာ ဘယ္သူဘယ္ဝါဆုိတာ သတင္းမွာ ေဖာ္ျပမထားပါဘူး။ ဒါ့အျပင္ သက္ဆုိင္ရာေဆး႐ုံကလည္း ဘာမွ မတုန္႔ျပန္ေသးပါဘူး။ ဒီသတင္းကို DailyStar သတင္းက ေဖာ္ျပထားတာကို ApannPyay က ျပန္လည္ေဖာ္ျပလုိက္တာပါ။

နတ္သူႀကီး

ယူနီကုဒ်ဖြင့်ဖတ်ရန်-

အမျိးသမီးငယ်တစ်ဦးဟာ ချစ်သူဟောင်းရဲ့အချစ်ကိုပြန်ရဖို့ သူမမှာ ကိုယ်ဝန်ရှိနေကြောင်း ဆရာဝန်တွေရဲ့ ထောက်ခံစာ စသည်အတုတွေနဲ့ လိမ်ညာခဲ့ကြောင်း သိရပါတယ်။ သူမဟာ ဒေါက်တာအမည်တစ်ခုနဲ့ Gmail အကောင့်ဖွင့်ကာ ကျကျနန လိမ်လည်ခဲ့တာပါ။

သူမရဲ့ Gmail မှာ West Yorkshire Hospital မှ ဒေါက်တာတစ်ဦးက သူမမှာ ကိုယ်ဝန်ရှိနေကြောင်း အကြောင်းကြားတဲ့ပုံစံနဲ့ မေးလ်အတု ပေးပို့ခဲ့တာ ဖြစ်ပါတယ်။ ဒီ email ကို သူမက လူမှုကွန်ရက်မှာ ပြန်လည်မျှဝေပြီး၊ ချစ်သူဟောင်း စိတ်ပြန်လည်လာအောင် လုပ်ခဲ့တာပါ။

ပေးပို့ထားတဲ့စာထဲမှာ ကလေးကို စောင့်ရှောက်ဖို့ ခင်ပွန်းဇနီး ပြေပြေလည်လည် ဖြစ်ဖို့လိုအပ်တယ်လို့တောင် အကြံအဖန်စာသား ထည့်သွင်းထားပါသေးတယ်။ ဒါ့အပြင် ကလေးရဲ့နှလုံးအလုပ်လုပ်ပုံက သာမန်ထက် နှေးကွေးတာကြောင့် စိုးရိမ်ဖို့လိုတယ်လို့ ပြောပါတယ်။

နောက်ပြီး ကိုယ်ဝန်ဆောင်ထားတဲ့ မိခင်မှာ စိတ်ပိုင်းဆိုင်ရာ ဖိအားတွေ၊ ဝမ်းနည်းမှုတွေလည်း ခံစားနေလို့ရလို့ ခင်ပွန်းဖြစ်သူရဲ့အချစ်ကို အထူးလိုအပ်နေတယ်လို့ ထောက်ခံရေးသားထားပါသေးတယ်။ အဲဒီဆေးရုံကနေပို့ထားတယ်ဆိုတဲ့ မက်ဆေ့ဟာ Reddit ပေါ်မှာ ပျံ့နှံ့နေပါတယ်။

အဆိုပါ အမျိုသမီးဟာ ဘယ်သူဘယ်ဝါဆိုတာ သတင်းမှာ ဖော်ပြမထားပါဘူး။ ဒါ့အပြင် သက်ဆိုင်ရာဆေးရုံကလည်း ဘာမှ မတုန့်ပြန်သေးပါဘူး။ ဒီသတင်းကို DailyStar သတင်းက ဖော်ပြထားတာကို ApannPyay က ပြန်လည်ဖော်ပြလိုက်တာပါ။

နတ်သူကြီး