လှိုင်သာယာတွင် ခြင်ထောင်ထဲအထိ ဆွဲကြိုးဝင်ဖြတ်မှုဖြစ်ပွား

172

ရန်ကုန်တိုင်းဒေသကြီး၊လှိုင်သာယာမြို့တွင် ခင်ပွန်းဖြစ်သူ သင်တန်းသွားနေတုန်း နေအိမ်ခန်း ခြင်ထောင်အတွင်း အိပ်ပျော်နေသော အမျိုးသမီးကို လည်ပင်ညှင် ဆွဲကြိုး လုယူမှု ဖြစ်ပွားကြောင်း သ်ရသည်။

ခြင်ထောင်ထဲ အိပ်နေတာပေါ့။ ခြေသံကြားလို့ ကြည့်လိုက်တယ်။ ဘယ်နား အဆောင်(၃)၊ အခန်း(၁)မှ ဒေါ်အေးလေးက ခြင်ထောင်ထဲ ဝင်ရောက်ပြီး တတ်ခွကာ ဆွဲကြိုးလုယူတယ်။ ကယ်ပါဦး အော်ချိန် လက်ဖြင့် ပါးစပ်ပိတ်ထားပြီး သနပ်တုံးနဲ့ ထုတယ်။ ကျောက်ပျဉ်တို့ နဲ့ ဆွဲထုရိုက်ပြီး ပြန်သွားကြောင်း ဆိုသည်။

ခင်ပွန်းဖြစ်သူအား ဖုန်းဆက် အကြောင်း ပြန်ရောက်ချိန် ကြည့်ရှုတော့ ဖုန်းတစ်လုံး ပါသွားတယ်။ ဆွဲကြိုး မပါသွားဘူး။ ဒဏ်ရာများကို လှိုင်သာယာဆေးရုံတွင် ကုသနေရကြောင်း ဆိုသည်။

ဖြစ်စဉ်နှင့်ပတ်သတ်၍ ကျူးလွန်သူအား လှိုင်သာယာ မြို့မရဲစခန်းမှ (ပ)၂၅၆၆/၂၀၁၉၊ ရာဇာသတ်ကြီး ဥပဒေ ပုဒ်မ ၃၉၄၊၄၅၆တို့ဖြင့် အရေးယူထားကြောင်း သိရသည်။

ယမင်းရွှေစင်(မင်္ဂလာဒုံ) Real News Distribution Agency