ကျောင်းသူကို စာသင်ခန်းမှာ ရိုက်လို့ဆိုပြီး မိဘများက ကျောင်းရုံးခန်းထဲမှာ ကျောင်းဆရာကို ကိုယ်ထိလက်ရောက် ကျူးလွန်

6566

မန္တလေးမြို့တွင် ကျောင်းဆရာက ကျောင်းသူကို စာသင်ခန်းမှာ ရိုက်လို့ဆိုပြီး မိဘများက ကျောင်းရုံးခန်းထဲမှာ ကျောင်းဆရာကို ကိုယ်ထိလက်ရောက် ကျူးလွန်မှုဖြစ်

မန္တလေးမြို့က ကိုယ်ပိုင်အထက်တန်းကျောင်းတစ်ခုမှာ ဆရာတစ်ဦးမှ ကျောင်းသူတစ်ဦးကို စာသင်ခန်းထဲမှာ ရိုက်တာနဲ့ ပတ်သက်ပြီး မိဘများက မကျေနပ်လို့ ကျောင်းရုံးခန်းမှာ လာရောက်ဖြေရှင်းခဲ့ကြ ကြောင်း Kyaw Naing Win အကောင့်ပိုင်ရှင် တင်ပြထားမှုမှ တဆင့် သိရပါတယ်။

ဖြေရှင်းကြတဲ့ အချိန်မှာာ မိဘနှစ်ပါးမှ ဆရာကို ကိုယ်ထိလက်ရောက် ရိုက်နှက်ပစ်ပေါက်နေတဲ့ CCTV မှတ်တမ်း ဗွီဒီယိုဖိုင်ကိုလည်း တင်ပြထားပါတယ်။ အပြင်ထွက်တဲ့အချိန်မှာ ယောက်ကျားဖြစ်သူက ဆရာကို လက်သီးနဲ့ ထပ်ထိုးတယ်လို့လည်း တင်ပြထားကြောင်း သိရှိရပါတယ်။

Video-Kyaw Naing Win’s FB