ကျောင်းသူကိုရိုက်လို့ မိဘများက ဆရာကို ကိုယ်ထိလက်ရောက် ကျူးလွန် ဆိုသည့် ကိစ္စ ကျောင်းသူမိဘများ ဖြေရှင်း

466

စက်တင်ဘာလ (၂၂) နေ့တွင် လူမှုကွန်ယက်မှာ မန္တလေးမြို့တွင် ကျောင်းသူကိုရိုက်တဲ့ ကျောင်းဆရာကို ကျောင်းသူရဲ့ မိဘများက ကျောင်း ရုံးခန်းအတွင်းမှာ ကိုယ်ထိလက်ရောက်ကျူးလွန် ဆိုသည့် သတင်း နှင်တကွ CCTV မှတ်တမ်း  ဗွီဒီယိုဖိုင်များ ပျံ့နှံ့ပြီး နာမည်ကြီးလာခဲ့ပါသည်။

အဆိုပါ သတင်းနှင့်ပတ်သက်ပြီး ကျောင်းသူရဲ့ မိဘဖြစ်သူလို့ ယူဆရတဲ့ Min Min Myat ဆိုတဲ့ လူမှုကွန်ယက် ဖေ့ဘုတ်စာမျက်နှာတွင် ရှင်းလင်း ကြေငြာချက် ပို့နှစ်ခု အပိုင်း(၁) အပိုင်(၂) ဟူ၍ အပိုင်းနှစ်ပိုင်း ခွဲ၍ “မှားယွင်းစွာ ပြန့်နှံ့နေသော ဗွီဒီယိုဖိုင်အကြောင်းကို အမှန်ကန်ဆုံးဖြေရှင်းခြင်း” ဟု ဆိုကာ တင်ပြ ထုတ်ပြန်ထားကြောင်း အောက်ပါအတိုင်း တွေ့ရပါသည်။

“အပိုင်း(၁)

မန္တလေး ဆု ကိုယ်ပိုင်ကျောင်းမှ မှားယွင်းစွာ ပြန့်နှံ့နေသောဗွီဒီယိုဖိုင်အကြောင်းကို အမှန်ကန်ဆုံးဖြေရှင်းခြင်း….#

ကျမဒေါ်မင်းမင်းမြတ်သည် မန္တလေးမြို့မှ Hotelလုပ်ငန်းရှင် တစ်ယောက်ဖြစ်ပါသည်..ယခုဖြစ်ပေါ်နေသောကျောင်းဆရာဗီဒီယို ဖိုင်ထဲမှာပါဝင်နေသောသူဖြစ်ပါသည်…..

ကျမ၏ သမီးဖြစ်သူသည် ဆု ကိုယ်ပိုင်ကျောင်း ဒသမတန်းC တွင် ပညာသင်ကြားနေသော ၁၆ နှစ်ရွယ် ကျောင်းသူဖြစ်ပါသည်…

အကြောင်းစုံကို အမှန်ကန်ဆုံးတင်ပြပါမည်ရှင်…

၁၂.၉.၁၉ ရက် မနက်၁၀ နာရီခန့်တွင်သင်္ချာဆရာဦးညီညီထွေး အချိန်တွင် ကျမသမီးကိုစာမေးမည်ပြော၍ မတ်တပ်ရပ်ခိုင်းပြီး စာမှားသည်ဟုအကြောင်းပြကာ လည်ဂုတ်ကိုစကိုင်ပါသည်…

ကျမသမီးသည် တင်ပါးထိရှည်သောဆံပင်ကိုစည်းထားရာ ဆံပင်ကိုဖယ်ပြီး ဂုတ်ကိုပွတ်သပ်နေရာ သမီးမှာ ဇက်ပိုးကို ရိုက်တော့မည်မှတ်၍ ခေါင်းငုံ့ပေးထားရာမှ ကော်လံအတွင်းသို့ လက်ဝင်ပြီး နောက်မှရှေ့သို့ အင်္ကျီအတွင်းမှဆင်းသက်လာရာ breast အုံနား ရင်ညွန့်သို့ ရောက်ခါနီး သမီးငယ်မှ ရုတ်တရက်ထိုင်ချပြီး ရတယ်ဆရာ သမီးအမှားပြင်လိုက်ပါ့မယ်ဟုပြောပြီးတုန်တုန်လှုပ်လှုပ်ဖြင့် ရှော့ရသွားပါသည်..

ထိုစဉ်ဘေးကပ်ရက်သူငယ်ချင်းမှ ပေါင်ကိုရိုက်ပုတ်တွန်းထိုးလှုပ်ကာ ရရဲ့လား ထ ထ ငါအကုန်မြင်တယ် ကျောင်းအုပ်ဆရာကြီးဆီသွားတိုင်ရအောင်ဟုပြောပါသည်..

သို့သော်လည်းသမီးငယ်မှာကြောက်ရွံထိတ်လန့် တုန်လှုပ်နေသဖြင့်မတိုင်နိုင်ခဲ့ပါ..

ထိုသို့အပြုအမူများကို ဘေးကျောင်းသား ၃/၄ ဦးမြင်ခဲ့သည်ဟုသိရပါသည်…

ထိုသို့မပြုခင် ကျောင်းသားများနောက်လှည့်ကြည့်နေသဖြင့်ရှေ့လှည့် စာလုပ်ကြဟုပြောပါသေးသည်..

ထိုသို့ဖြစ်ပြီး ဆရာမှာ ချက်ချင်းရှေ့ပြန်သွားပါသည်..

ကျောင်းဆင်း၍ကားပေါ်အရောက်မှာ မျက်နှာပျက်နေသောသမီးကို သူ့အဖေက ဘာဖြစ်လာသလဲဟုာမေးသော်လဲ သမီးမှာ ဘာတစ်ခွန်းမှမဖြေခဲ့ပါ..

နောက်နှစ်ရက်နေမှ အိမ်တွင်သင်သော ဂိုက်ဆရာမမှတစ်ဆင့် မပြောလို့မဖြစ်ဖူး ဒီအဖြစ်ပျက်ကိုပြောရမယ်ဆိုပြီးကျမကိုပြောပါသည်..

ကျမလဲရုတ်တရက်သူ့အဖေကိုမပြောရဲ၍ ညရောက်မှပြောပြပြီး ကျောင်းအုပ်ကြီးထံ ဖုန်းဆက်တိုင်ကြားခဲ့ကြပါသည်..

၁၅.၉.၁၉ ရက်နေ့ တွင်ဆရာကြီးရုံးခန်းမှာ သင်္ချာဆရာ ဦးညီညီထွေးနှင့် တွေ့ဆုံပေးပါသည်.

ထိုအချိန်ထိကျမတို့မှာ ထိုဆရာတာင်းပန်ရင် သမီးငယ်အရှက်သိက္ခာအတွက် ကျေအေးနားလည်ပေးမည်ဟု တိုင်ပင်ထားခဲ့ကြပါသည်…

သို့သော်ထိုဆရာမှ ထိုကျောင်းသူကိုသူမသိပါကြောင်း သူ့ကိုလာစွပ်စွဲလို့ အသရေဖျက်မှုဖြင့် တရားစွဲဆိုမည်ဖြစ်ကြောင်း ယခုပင် အမှတ်၈ ရဲစခန်းသို့သွားရောက်မည်ဟုပြောသဖြင့် ကျမမှာ သမီးဇောဖြင့် ဒေါသထွက်စွာ ရုတ်တရက်ပြုမူမိလိုက်ပါသည်

အပိုင်း(၂)

ထို့နောက် ကျောင်းအုပ်ဆရာကြီးမှတောင်းပန်သဖြင့်ကျမတို့အိမ်ပြန်လာကြပြီးနောက် ညနေပိုင်းတွင် ကျောင်းအုပ်ဆရာကြီးဦးဆောင်၍ ကျောင်းဘာသာပြဆရာ ဆရာမကြီးများ ကျမတို့အိမ်သို့လိုက်လာပြီး( တောင်းပန်သည်ဟု )မသုံးချင်သော်လည်း သုံးပါရစေရှင်…

နောက်ဆုံးအကြေအလည်ညှိနှိုင်းကြရာ မည်သို့လုပ်ပေးရမလဲဟုမေးပါသည်

ကျမတို့မှာ ထိုဆရာကိုတရားစွဲသော် ဆု ကျောင်းကြီးပိတ်လိုက်ရမည်ကိုလည်းကောင်း ကျောင်းသူကျောင်းသားအများစု နစ်နာမည်ကိုစိုးရိမ်မိသောကြောင့်လည်းကောင်း ကျမတို့မှာ ကိုယ့်နစ်နာမှုကိုထည့်မတွက်ပဲ အားလုံးအတွက်စဉ်းစားပေးပြီး ဒီဆရာကို ကျောင်းမှထုတ်ပေးလျင်ရပါဘီဟု သဘောတူညီခဲ့ပါသည်..

နောက်ရက်တွင် ဆရာကြီး မှာအိမ်တစ်ခေါက်ထပ်လာ၍ သမီးငယ်ရှိသော မနက်တန်းတွင်မသင်ပဲ ညနေတန်းတွင် သင်ခွင့်ပေးရန် ထပ်မံတောင်းဆိုရာ ကျမအမျိုးသားက လိုက်လျောခဲ့ပါသည်..

သို့သော်ကျမသမီးက လုံးဝလက်မခံပဲ သူ့ကိုအရှက်ရစေရန်ပြုမူထားသောကြောင့် တောင်းပန်စာထုတ်ပြန်ပေးရန်တောင်းဆိုသောကြောင့် ဆရာကြီးမှာပြန်သွားခဲ့ပါသည်.

ယနေ့နံနက်တွင် ဆရာကြီးတစ်ခေါက်ထပ်လာ၍ နက်ဖြန်ထိုဆရာကို ပြန်မခန့်လျင် ကျောင်းသားများဆန္ဒပြမည်ဟုကြားသဖြင့် ကျမတို့ကိုလျော့ပေးရန်..

ကျောင်းအတွက် ကျောင်းသားအတွက်ကြည့်ပေးရန်..

သူ့စီးပွားရေးကိုကြည့်ပေးရန်ပြောသဖြင့် ကျမတို့မှာလက်ခံလိုပ်ပါသည်..

ဆရာကြီးမှ သမီးငယ်အတွက် ကျောင်းလခများပြန်ပေးမည်ဟုပြောရာ ကျမတို့မှာ လက်မခံပဲ ဆရာကြီးကို ငွေစကားမပြောရန်ပြောလိုက်ပါသည်..

ဆရာကြီးမှ သမီးငယ်ကျောင်းမတက်တော့သဖြင့်အိမ်တွင်သင်ရန် ဘာသာပြ ၃ ဦးပို့ပေးမည်ဟုပြောခဲ့ရာ လက်ခံခဲ့ပါသည်..

ယခုအပြင်တွင်ပြန့်နေသော သိန်း၁၀၀၀ ယူထားသည်ဆိုသောစကားများမှာ လုံးဝမဟုတ်ပါကြောင်း ..

ဆရာကြီးကို ငဲ့ကွက်၍ အမှုမလုပ်ပါဟု ပေးထားသည့်ဂတိတည်ခြင်သည့်အတွက် ကျမတို့မိသားစုမှာမဟုတ်မမှန် လုပ်ကြံခံရသည့်အတွက် ယနေ့မှစတင်ကာ အမှုမှန်ပေါ်ပေါက်ရန် ကျမတို့ဆက်လက်လုပ်ဆောင်သွားပါတော့မည်ရှင့်..

ယခုအဖြစ်အပျက်သည် Child Abuse ဖြစ်သည့်အတွက် အမှန်တရားကို ဝိုင်းဝန်းပေးကြပါရန် တောင်းပန်အပ်ပါသည်ရှင့်” ဟု Min Min Myat အကောင့်ကနေ တင်ပြထားခြင်းဖြစ်ပါသည်။