ေျခ(၄)ဖက္, လက္(၄)ဖက္,ပါလာလုိ႔ နတ္ဘုရား ဝင္စားသူဆုိၿပီး နာမည္ႀကီးေနတဲ့ ကေလးငယ္

659

အိႏၵိယႏုိင္ငံမွာ ကေလးတစ္ေယာက္ဟာ ေျခေထာက္(၄)ဖက္၊ လက္(၄)ဖက္စီ ပါလာခဲ့တာမုိ႔ တစ္ခ်ိဳ႕ကလည္း ေရဘဝဲနတ္ဘုရားကို ဝင္စားတာလုိ႔ ထင္ေနၾကပါတယ္။ ကေလးဟာ သာမန္ေျခေထာက္ႏွစ္ေခ်ာင္းအျပင္၊ ရင္ဘတ္တစ္ဝုိက္မွာ တစ္ျခား ေျခလက္ေတြ အပိုပါလာတာပါ။

ဒီသတင္းကို DailyStar သတင္းစာက ေဖာ္ျပထားတာျဖစ္ၿပီး ApnnPyay က ဘာသာျပန္တင္ဆက္ေပးလုိက္တာ ျဖစ္ပါတယ္။ ကေလးဟာ အျခားကေလးေတြနဲ႔မတူ ခႏၶာကိုယ္ဖြဲ႕စည္းပုံ ခ်ိဳ႕ယြင္းစြာ ေမြးဖြားလာတာလုိ႔ ေဆးပညာက ယူဆေနေပမယ့္၊ ေဒသခံေတြကေတာ့ တန္ခုိးႀကီးနတ္ဘုရားကို ဝင္စားတာလုိ႔ ယူဆေနၾကပါတယ္။

တစ္ခ်ိဳ႕ကလည္း သူ႕ကို Octopus baby လုိ႔ ေခၚေနၾကပါတယ္။ ေဒါက္တာေတြက ကေလးကုိယ္ဝန္စတည္ကတည္းက သုံးျမြာအျဖစ္ စခဲ့တာလုိ႔ ယူဆရေၾကာင္း၊ အျခားတစ္ခုက ကိုယ္တြင္းကို ေပါင္းစပ္ခဲ့ပုံလုိ႔ ဆုိပါတယ္။ ဒီကေလးနဲ႔အတူ ေမြးတဲ့ အျခားအျမႊာကေတာ့  ပုံမွန္ က်န္းက်န္းမာမာပါ။

ဒီကေလးကို ၿပီးခဲ့တဲ့ေသာၾကာေန႔က Rajasthan ျပည္နယ္၊ Tonk က ေဆး႐ုံမွာ မိခင္ Raju (၂၄)ႏွစ္က ေမြးဖြားခဲ့တာလုိ႔ သိရပါတယ္။ မၾကာမီမွာ ကေလးရဲ႕ပုိေနတဲ့ ေျခလက္အစိတ္အပိုင္းေတြကို ခြဲစိတ္ဖယ္ရွားေပးဖုိ႔ ရွိတယ္လုိ႔ သိရပါတယ္။ ကေလးရဲ႕လိင္ကေတာ့ မိန္းကေလးပါ။

သူမနဲ႔အတူ အျခားအျမြာ ေကာင္ေလးလည္း အတူေမြးဖြားခဲ့ၿပီး၊ အဲဒီေကာင္ေလးကေတာ့ ပုံမွန္ျဖစ္ေၾကာင္း သိရပါတယ္။ မိန္းကေလးမွာ အသက္႐ွဴရတဲ့အခက္အခဲျပႆနာေတြလည္း ပါလာလုိ႔ ေအာက္ဆီဂ်င္ေပးထားတယ္လုိ႔ သိရပါတယ္။ ကေလးေတြရဲဲ႕အေဖနာမည္ကေတာ့ Badhulal Gurjar ျဖစ္ပါတယ္။

နတ္သူႀကီး APANNPYAY

ယူနီကုဒ်ဖြင့်ဖတ်ရန်-

အိန္ဒိယနိုင်ငံမှာ ကလေးတစ်ယောက်ဟာ ခြေထောက်(၄)ဖက်၊ လက်(၄)ဖက်စီ ပါလာခဲ့တာမို့ တစ်ချို့ကလည်း ရေဘဝဲနတ်ဘုရားကို ဝင်စားတာလို့ ထင်နေကြပါတယ်။ ကလေးဟာ သာမန်ခြေထောက်နှစ်ချောင်းအပြင်၊ ရင်ဘတ်တစ်ဝိုက်မှာ တစ်ခြား ခြေလက်တွေ အပိုပါလာတာပါ။

ဒီသတင်းကို DailyStar သတင်းစာက ဖော်ပြထားတာဖြစ်ပြီး ApnnPyay က ဘာသာပြန်တင်ဆက်ပေးလိုက်တာ ဖြစ်ပါတယ်။ ကလေးဟာ အခြားကလေးတွေနဲ့မတူ ခန္ဓာကိုယ်ဖွဲ့စည်းပုံ ချို့ယွင်းစွာ မွေးဖွားလာတာလို့ ဆေးပညာက ယူဆနေပေမယ့်၊ ဒေသခံတွေကတော့ တန်ခိုးကြီးနတ်ဘုရားကို ဝင်စားတာလို့ ယူဆနေကြပါတယ်။

တစ်ချို့ကလည်း သူ့ကို Octopus baby လို့ ခေါ်နေကြပါတယ်။ ဒေါက်တာတွေက ကလေးကိုယ်ဝန်စတည်ကတည်းက သုံးမြွာအဖြစ် စခဲ့တာလို့ ယူဆရကြောင်း၊ အခြားတစ်ခုက ကိုယ်တွင်းကို ပေါင်းစပ်ခဲ့ပုံလို့ ဆိုပါတယ်။ ဒီကလေးနဲ့အတူ မွေးတဲ့ အခြားအမြွှာကတော့  ပုံမှန် ကျန်းကျန်းမာမာပါ။

ဒီကလေးကို ပြီးခဲ့တဲ့သောကြာနေ့က Rajasthan ပြည်နယ်၊ Tonk က ဆေးရုံမှာ မိခင် Raju (၂၄)နှစ်က မွေးဖွားခဲ့တာလို့ သိရပါတယ်။ မကြာမီမှာ ကလေးရဲ့ပိုနေတဲ့ ခြေလက်အစိတ်အပိုင်းတွေကို ခွဲစိတ်ဖယ်ရှားပေးဖို့ ရှိတယ်လို့ သိရပါတယ်။ ကလေးရဲ့လိင်ကတော့ မိန်းကလေးပါ။

သူမနဲ့အတူ အခြားအမြွာ ကောင်လေးလည်း အတူမွေးဖွားခဲ့ပြီး၊ အဲဒီကောင်လေးကတော့ ပုံမှန်ဖြစ်ကြောင်း သိရပါတယ်။ မိန်းကလေးမှာ အသက်ရှူရတဲ့အခက်အခဲပြဿနာတွေလည်း ပါလာလို့ အောက်ဆီဂျင်ပေးထားတယ်လို့ သိရပါတယ်။ ကလေးတွေရဲဲ့အဖေနာမည်ကတော့ Badhulal Gurjar ဖြစ်ပါတယ်။

နတ်သူကြီး APANNPYAY