အလိမ်တွေထပ်ပေါ်နေတဲ့ခေတ်ကြီးမှာ အသက်ကြီးလင်မယားနှစ်ယောက်ရဲ့ လိမ်နည်းအသစ်

913

အခုဖော်ပြမယ့် အဖြစ်အပျက်ကတော့ အသက်ကြီးနေတဲ့ လင်မယားနှစ်ယောက်က လူတွေရဲ့အားနာတတ်တဲ့ အကျင့်ကို အခွင့်ကောင်းယူပြီး၊ ပိုက်ဆံအချောင်ရယူဖို့ ဆုံးဖြတ်ထားတဲ့ လိမ်နည်းပါ။ သူတို့ရဲ့နည်းလမ်းက တကယ်လမ်းထိရောက်တဲ့အတွက် Apannpyay ပရိသတ်တွေအနေနဲ့ ကြိုတင်သတိထားမိလို့ရအောင်တင်ဆက်ပေးမှာပါ။

နေရာကိုတော့ အတိအကျလို့ မဆိုးထားပေမဲ့ မလေးရှားနိုင်ငံ၊ ပီနန်ကနေ အထွက်လမ်းမကြီးတစ်နေရာလို့ ဖော်ပြထားပါတယ်။ ပို့တင်ခဲ့တဲ့အမျိုးသမီးနဲ့ မိသားစုဟာ ဟိုင်းဝေးလမ်းကြီးအတိုင်းမောင်းလာပြီး၊ လူနည်းနည်းပြတ်တဲ့ တစ်နေရာအရောက်မှာ အသက်ခပ်ကြီးကြီး လင်မယာစုံတွဲနှစ်ယောက်ရဲ့ လက်ပြတာကို ကြုံပါတယ်။

သူတို့နှစ်ဦက အမျိုးသားက ဆိုင်ကယ်ဦးထုပ်နဲ့ အမျိုးသမီးကအိတ်လေးကိုယ်စီနဲ့ ခပ်နွမ်းနွမ်းပုံစံ ပုံဖော်ထားပါတယ်။ အကူအညီလိုနေတဲ့ပုံပေါက်တဲ့အတွက် မေးလိုက်ချိန်မှာ လိမ်နည်းက စပါတယ်။ အမျိုးသားက သူတို့ဟာ ပီနန်ဖက်ကနေ ရွာကိုပြန်ရင်း လမ်းမှာ ဆိုင်ကယ်ပျက်သွားတယ်လို့ ဆိုပါတယ်။ ခရီးကလည်းဝေးတဲ့အတွက် ဘယ်လိုမှတွန်းသွားဖို့ မဖြစ်တဲ့အတွက်

ဆိုင်ကယ်ကို အိမ်ရောက်အောင်သယ်ချင်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ လမ်းကလူတွေက ရွာအထိသွားမယ်ဆိုရင် ရင်းဂစ် (၁၅၀)၊ မြန်မာငွေ ငါးသောင်းလောက်တောင်းနေတဲ့အတွက် ထားခဲ့ရမလိုဖြစ်နေတဲ့အပေါ်သူ့ကို အဲ့ဒီပိုက်ဆံလေးပေးဖို့ ပြောပါတယ်။ လိမ်နေတာကို ရိပ်မိသွားတဲ့ ကားပိုင်ရှင်အမျိုးသမီးက ဘယ်လောက်ပဲဝေးဝေးအဲဒီနေရာအထိကိုလိုက်ပို့မယ်။ ကားပေါ်ကို ဆိုင်ကယ်တင်ပြီး

လူတွေပါလိုက်ခဲ့၊ ပိုက်ဆံတော့ မပေးနိုင်ဘူးလို့ ဆိုပါတယ်။ အမျိုးသားက မရမကတောင်းနေပြီး၊ နောက်ဆုံးမှာ ဘယ်လိုမှမရရင်တော့ ရင်းဂစ် (၂၀)တော့ပေးခဲ့ပါ။ မပေးဘဲမနေပါနဲ့လို့ တောင်းခဲ့ပါတယ်။ ကံကောင်းတာက အမျိုးသမီးမှာ မိသားစုတွေပါနေတဲ့အတွက် ငြင်းပြီးထွက်သွားဖို့ကို အဆင်ပြေခဲ့တာပါ။ ဒီအကြောင်းကို ဖေ့ဘုတ်မှာတင်ခဲ့ချိန်မှာ သူတို့နှစ်ဦးဟာ အဲဒီအတိုင်းလုပ်စားနေတာဖြစ်တယ်လို့ ထောက်ခံခဲ့ကြပါတယ်။

လူတွေက အကူအညီလိုနေရင် ကူညီပေးတတ်တဲ့ အားနာစိတ်ကို အသုံးချဖြစ်တဲ့အပြင် တစ်ယောက်တည်းသမားတွေအတွက်တော့ မပေးခဲ့ရင် ပြဿနာရှာမယ့် သဘောမှာရှိပါတယ်။ လူပြတ်တတ်တဲ့ နေရာမှာလုပ်စားတာကလည်း သတိထားဖို့လိုသလို Apannpyay ပရိသတ်ကြီးလည်း မြန်မာနိုင်ငံမှာ သွားလာတဲ့အခါ ဒီလိုအဖြစ်တွေ မကြုံရဖို့ မျှဝေပေးလိုက်ပါတယ်။

သူရေး (ApannPyay)