ဖုန်း သုံးရင်းနဲ့ လမ်းလျှောက်မိတဲ့ အမျိုးသမီးရဲ့ ဖြစ်ရပ်

157

တခါတလေမှာ ဘဝမှာ နေ့တဒူဝ ဘဝလှုပ်ရှားမှုမှာတင်ကို အခက်အခဲပေါင်းမြောက်မြားစွာနဲ့ ကြုံတွေ့ရတတ်ပါတယ်။

သတိမမူ ဂူမမြင်လို့ ဆိုသလိုပဲ တရုတ်ပြည်က မိန်းကလေးရဲ့အဖြစ်ကတော့ ကိုယ်ကိုယ်တိုင်သာသူ့လို ကြုံခဲ့ရ ရင်လို့ တွေးဆပြီးဆင်ခြင်စရာပါပဲ။

ဒီသတင်းကို Elitereaders သတင်းကနေ ဖော်ပြသွားခဲ့တာဖြစ်ပြီး ApannPyay ပရိသတ်ကြီးအတွက် တဆင့်ပြန်လည်ပြီး ဘာသာပြန်ရေးသားမျှဝေခြင်းဖြစ်ပါတယ်။

အဖြစ်ကတော့ ဒီလိုပါ။ တရုတ်ပြည် Mianyang မြို့က မိန်းကလေးဟာ လမ်းသွားရင်း ဖုန်းသုံးနေခဲ့တာပါ။ သူဟာ သူငယ်ချင်းဖြစ်သူနဲ့ ဖုန်းကနေတဆင့် စာပို့ဆက်သွယ်နေခဲ့တာဖြစ်ပြီး ဖုန်းကိုပဲ သဲကြီးမဲကြီးအာရုံစိုက်သုံးနေခဲ့တာပါ။

လမ်းတနေရာ အရောက်မှာတော့ သူဟာ လမ်းပေါ်က သံတိုင်ဇကာအုပ်ထားတဲ့လမ်းပေါက်ကြီးကို မမြင်မိတော့ဘဲ သံတိုင်ကြားထဲ ခြေထောက်ကျွံကျသွားခဲ့တာဖြစ်ပါတယ်။

အရပ်ကူပါလူဝိုင်းပါဖြစ်ခဲ့ရပြီး လူတွေဝိုင်းကူညီခဲ့ကြပေမဲ့လို့ သူ့ရဲ့ခြေထောက်ကို သံတိုင်ကျဉ်းကျဉ်းလေးထဲကနေ ပြန်မထုတ်နိုင်ခဲ့ကြပါဘူး။

အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ရောက်လာချိန်မှာတောင် ၄၅ မိနစ်လောက် ကြိုးပမ်းပြီးမှ သူ့ခြေထောက်ကိုပြန်ထုတ်ပေးနိုင်ခဲ့လို့ သူဟာ လွတ်မြောက်သွားခဲ့ရတာဖြစ်ပါတယ်။

EFIL-ApannPyay