အစာလာတောင်းတဲ့ခွေးကို ကြော်လက်စ ဆီပူလောင်းချလိုက်ပြီး၊ ပတ်ဝန်းကျင်ကို ရန်ရှာနေတဲ့ ဆိုင်ရှင်

169

စာနာစိတ်ကင်းမဲ့တဲ့ လူသားတွေအတွက်ကတော့ သတ္တ၀ါတွေအပေါ် ညှာတာရကောင်းမှန်းကို မသိပါဘူး။ ပိုင်ရှင်မရှိဘဲ အစာရှာစားဖို့ခက်တဲ့ လမ်းဘေးခွေးလေးတွေကို မကူညီတဲ့အပြင် ဆီပူလောင်ချပြီး နှိပ်စက်တဲ့လူမျိုး ပတ်ဝန်းကျင်မှာရှိသေးတာကို ApannPyay ပရိသတ်ကြီးသိရှိစေဖို့ ဖော်ပြလိုက်ပါတယ်။

ကွာလာလမ်ပူလို မြို့တော်မှာ ဈေးဆိုင်ဖွင့်စားနေတဲ့ ဆိုင်ရှင်တစ်ယောက်ရဲ့ လုပ်ရပ်ကို Sarah Leong ဆိုတဲ့ ဖေ့ဘုတ်အကောင့်ပိုင်ရှင် မိန်းကလေးက လူအများသိအောင် ဖော်ထုတ်ခဲ့ပါတယ်။ Mun Fong ဆိုတဲ့ လက်ဖက်ရည်ဆို အစုံရတဲ့ ဆိုင်ရဲ့ ပိုင်ရှင်က သူ့ဆီမှာ အစာလာတောင်းတဲ့ ခွေးလေးကို အနားရောက်လာအောင် တမင်စောင့်ပြီး၊

ခွေးလေးက အစာလာတောင်းချိန်မှာ ကြော်လက်စ ဆီပူပူကို ခွေးလေးအပေါ်လောင်းချခဲ့ပါတယ်။ ဒီလိုလုပ်ရတဲ့အကြောင်းက သူ့ဆီမှာ အစာလာတောင်းနေတာကို မမြင်ချင်လို့ ဖြစ်သလို ဆိုင်နားမှာ အစာဝယ်ပြီး ကျွေးကျွေးသွားတဲ့ ပတ်ဝန်းကျင်က လူတွေကို နောက်မကျွေးဖို့ တစ်ခါတည်း ပညာပြလိုက်တာလို့ ရေးထားတာတွေ့ရပါတယ်။

ဒါဟာ တိရစ္တာန်ညှင်းပန်းနှိပ်စက်မှုဖြစ်ပြီး၊ သူမျက်မြင်သက်သေရှိတဲ့ အတွက် တရားစွဲမယ်ဆိုရင် လိုက်ထွက်ဆိုပေးမယ်လို့ အကောင့်ပိုင့်ရှင် အမျိုးသမီးက ဆိုပါတယ်။ ပိုင်ရှင်ရဲ့ ဓာတ်ပုံကိုလည်း လိုလိုမယ်မယ်ရိုက်ထားပြီး၊ ဒီတစ်ခေါက်ဟာ ပထမဆုံအကြိမ်မဟုတ်ဘဲ အရင်တုန်းက ကန်တာ၊ တုတ်နဲ့ ထိအောင်လိုက်ရိုက်တာတွေကို ပြုလုပ်နေကျလို့ သိရပါတယ်။

တစ်ရက်မှာတော့ အခုလို ဆီပူလောင်းခဲ့တာဖြစ်ပြီး၊ သူမြင်ရသမျှထဲမှာ အဆိုးဆုံးဖြစ်လို့ သည်းမခံနိုင်တဲ့အဆုံ ဖေ့ဘုတ်ပေါ်မှာ အကြံတောင်းရင်း ဒီအဖြစ်အပျက်ကို ၀ိုင်းဖြေရှင်းဖို့ပြောခဲ့ပါတယ်။ လက်ရှိမှာ တရားစွဲချင်နေတဲ့ သူတွေက သူ့ဆီကို ဆက်သွယ်နေပြီဖြစ်ပြီး၊ အဖြစ်အပျက်ကိုအတည်ပြုပြီးတာနဲ့ ဆိုင်ပိုင်ရှင်ကို သက်သေနဲ့ တရားစစွဲတော့မယ်လို့ သိရပါတယ်။

သူရေး (Apannpyay)