လေယာဉ်ကွင်းမှာ သူစိမ်းတစ်ယောက်ယောက်က ကျွေးလိုက်တဲ့မုန့်

441

ဆေးမှောင်ခိုကူးမှုတွေ၊ လူကုန်ကူးမှုတွေဆိုတာ အခုချိန်ထိ မျိုးအတုန်းနိုင်သေးတဲ့ ရာဇဝတ်မှုကြီးတွေပါပဲ။ အချို့ကတော့ ဆေးဖြတ်နိုင်သလို အချို့ကတော့ အသက်တွေပေးလိုက်ရတာ ရှိပါတယ်။

မှောင်ခိုတိုက်ဖျက်ရေးတွေကလည်း ကြိုးစားရှာဖွေ တိုက်ဖျက်နေကြပါတယ်။ ဒီတစ်ခါမှာတော့ ဟင်းတွေမုန့်တွေကြားထဲမှာ မှောင်ခိုဆေးတွေကုန်ကူးဖို့ကြိုးစားခဲ့တဲ့အကြောင်းကို ApannPyay ပရိတ်သတ်ကြီးအတွက် Worldofbuzz သတင်းဝက်ဘ်ဆိုက်မှတစ်ဆင့် ဘာသာပြန်တင်ပြပေးလိုက်ပါတယ်နော်။

လေယာဉ်ကွင်းမှာတော့ ဆးကုန်ကူးမှုကိုတားဆီးဖို့ ဆေးအနံ့ခံခွေးတွေကို ထားပေးထားကြောင်း သိရပါတယ်။ အကြံကြီးသူကြီးကတော့ ခွေးတွေအနံ့မခံနိုင်အောင်လို့ မုန့်တွေကြားထဲမှာညှပ်ထားခဲ့ပါတယ်။ အထူးသဖြင့် အနံ့ပြင်းတဲ့ ကော်ဖီလဘူး၊ အသားကြား၊ မြေပဲထောပတ်ကြား စတာတွေထဲမှာ ညှပ်ထည့်ပြီး တစ်ဖက်နိုင်ငံကို ကူးဖို့ ကြံစည်လာကြပါတယ်။ သို့ပေမယ့် မအောင်မြင်ဘဲ ခုလိုမိသွားခဲ့တာ ဖြစ်ပါတယ်။

ဗွီဒီယိုဖော်ပြချက်အရ တာဝန်ရှိသူများက မုန့်များ အသားများကို ဓါးဖြင့်ခွဲကြည့်ရာ အထဲတွင် ဘိန်းဖြူများနဲ့ မော်ဖင်းများကို တွေ့ရှိခဲ့ကြောင်း သိရပါတယ်။ ဒီမုန့်တွေကို တရားခံကသာ အဖမ်းခံရမှာဆိုးလို့ သင့်ကို ပေးခဲ့မယ်၊ သင်ကလက်ခံမိမယ်ဆိုရင် ဖြစ်လာမယ့် အကျိုးဆက်တွေကို မတွေးဝံ့စရာမို့ သူများကမုန့်ပေးတိုင်းမယူမိဖို့ ဗဟုသုတအနေနနဲ့ တင်ဆက်ပေးလိုက်ပါတယ်နော်။

San Htet Wai-ApannPyay(အပန်းပြေ)