မန္တလေးမှ ကျောင်းဆရာ ဦးညီညီထွေးရဲ့ဘဝနောက်ကြောင်း အချို့

606

ပြီးခဲ့တဲ့လ ၂၂ ရက်နေ့က မန္တလေးမြို့ ဆု ကိုယ်ပိုင်အထက်တန်းကျောင်းတစ်ခုမှာ ဆရာက ကျောင်းသူကို စာသင်ခန်းထဲမှာ ရိုက်နှက်ခဲ့ပြီး ယင်းကိစ္စနဲ့ ပတ်သတ်လို့ မိဘများက မကျေနဲ့တာကြောင့် ကျောင်းရုံးခန်းလို့ လာရောက်ဖြေရှင်းရှာမှာ ကျောင်းဆရာအား ထိုးကြိတ်ရိုက်နှက်ခဲ့တဲ့ CCTV မှတ်တမ်းဖိုင် လူမှုကွန်ယက်မှာ ပျံနှံ့ခဲ့ပါတယ်။

ယင်းဖြစ်စဉ်နဲ့ ပတ်သတ်ပြီး ကလေးမိဘများဟာ ကျောင်းဆရာအား တရားဆွဲဆိုထားကြောင်းလဲ သိရပါတယ်။ ကျောင်း ဆရာဖြစ်သူ ကိုညီညီထွေးရဲ့ ဘဝအကြောင်း အချို့ကိုတော့ သူနှင့်ရင်းနီးကျွမ်းဝင်သူ Mk Khaing ဆိုသူက လူမှုကွန်ယက်မှာ ယခုကဲ့ သို့ မျှဝေထားပါတယ်။

“ကိုယ် သိတဲ့ ညီညီထွေး က ကိုယ်တွေထက် ၁ နှစ်ကြီးတယ် ဆယ်တန်း စာမေးပွဲတွင်းမှာ သူ့အဖေ ဆုံးသွားတယ် အပူတွေကြားထဲက ဆယ်တန်းကို all D နဲ့ အောင်တယ် FRC မို့ အသက်မွေး တက္ကသိုလ် မတက်ခဲ့ရဖူး သင်္ချာ ဘာသာရပ်ကို စိတ်ပါဝင်စားစွာနဲ့ ထူးချွန် အောင် သင်ယူခဲ့တယ် သင်ပေးခဲ့တယ် ဘာဘာညာညာ အသံမကြားရတာ ဘဝ တစ်သက်လုံးစာ အိမ်က သမီး သဲ နဲ့ ရဲ တို့ ဆရာ သူ့ စေတနာ သူ့အသင်အပြ နဲ့ သမီး တိုင်း သင်္ချာဂုဏ်ထူးထွက်ခဲ့တယ် သမီးကြီး သဲ စာသင်ပျက်လို့ သဲ ရယ် သဲအမေ ရယ် သဲအဖွားရယ် ကို အိမ်အရောက် လာဆူခဲ့တဲ့ ဆရာ

အဲလို ဆရာက စာသင်ခန်းထဲ မှာ ကျောင်းသား အများစု အလယ်မှာ child abuse ဖြစ်အောင်ထိ စော်ကား ခဲ့တယ်ဆိုတာက တစ်ခုခုတော့ မှားနေပြီ အဲလို ဆရာကို ကျောင်းရုံးခန်းမှာ ကိုယ်ထိ လက်ရောက် ကျူးလွန်ခွင့် ရခဲ့တယ် ဆိုတာကလဲ အများကြီး လွဲနေပြီ တို့ နေတဲ့ မြန်မာပြည် တို့ ချစ်တဲ့ မန္တလေး တို့ သင်ခဲ့တဲ့ ပညာရေး တို့ သမီးတက်ခဲ့တဲ့ ကျောင်း တို့ ဆရာ ဖြစ်ခဲ့တဲ့ ကျောင်းအုပ် တို့ ရင်းနှီးနေတဲ့ သမီးတို့ဆရာ တစ်နေရာရာမှာ တစ်ခုခု မကပဲ အကြီးကြီး လွဲနေပြီ ညီညီထွေး ရေ fighting လို့ပဲ”

ယင်းအမှုနဲ့ ပတ်သတ်ပြီး အကြောင်း တစ်စုံတစ်ရာ မသိရသေးပေမယ့်၊ လူမှု စာမျက်နှာတွေမှာတော့ အကြောင်းအရာ အမျိုးမျိုး ပတ်သတ်ပြီး ထွက်ပေါ်လျက်ရှိပါတယ်။ ပရိတ်သတ်ကြီးရေ အဆိုပါအမှုမှာ ဘာတွေ ဆက်ဖြစ်ကြမလဲဆိုတာ စောင့်ကြည့်ရတော့မှာပဲ ဖြစ်ပါတယ်။

Writer – ME( Shwe Yaung Lan ) #ApannPyay