ေဆးလိပ္မေသာက္ဖို႔ ေျပာတာ လက္မခံတဲ့လူကို ပညာေပးတဲ့ ျဖစ္ရပ္

50

စားေသာက္ဆုိင္ ပိုင္ရွင္တစ္ဦးဟာ လူတစ္ေယာက္ ေဆးလိပ္ေသာက္ေနတာကုိ မေသာက္ဖုိ႔ တားျမစ္ရာ၊ အဲဒီလူက လက္မခံခဲ့တဲ့အတြက္ မီးသတ္ေဆးဘူးနဲ႔ျဖန္းၿပီး တုိက္ခုိက္ခဲ့ေၾကာင္း LadBible က ေဖာ္ျပထားပါတယ္။ ဒီအေၾကာင္းကို ApannPyay က ဘာသာျပန္လုိက္တာပါ။

ေဆးလိပ္ေသာက္ခဲ့သူကေတာ့ Jon Bird လုိ႔ သိရၿပီး၊ မီးသတ္ေဆးဘူးနဲ႔ျဖန္းတဲ့ လုပ္ငန္းရွင္ကေတာ့ Alex Jamison ျဖစ္ပါတယ္။ သူဟာ Salt Lake City က Gallivan Center မွာ စားေသာက္ဆုိင္ႏွစ္ခု ပုိင္ဆုိင္သူပါ။ အခ်င္းမ်ားေနခ်ိန္မွာ Jon နဲ႔အတူ အျခားတစ္ဦးလည္း ရွိေနပါတယ္။

ဒီအျဖစ္အပ်က္ကို မွတ္တမ္းတင္ေနတဲ့ အမ်ိဳဳးသမီးက ” ရွင္ သူ႕ကို မီးသတ္ေဆးဘူးနဲ႔ တစ္ကယ္ျဖန္းမွာလား “လုိ႔ ေမးေတာ့ Alex က ” ပါးစပ္ကုိ ေဆးလိပ္ေတ့လုိက္တာနဲ႔ ျဖန္းမွာ “လုိ႔ ေျပာခဲ့ပါတယ္။ Jon က ေဆးလိပ္ ေသာက္လုိက္တဲ့အခါ သူက ေျပာတဲ့အတုိင္း လုပ္ခဲ့တာပါ။

ဒီဗြီဒီယုိကုိ တုိက္ခုိက္ခံရတဲ့ Jon က လူမႈကြန္ရက္မွာ ကိုယ္တုိင္ျဖန္႔ေဝခဲ့ပါတယ္။ ဗြီဒီယုိထဲမွာ Jon က ရဲကုိ ဖုန္းဆက္ေခၚဖုိ႔ အေဖာ္ပါလာသူ အမ်ိဳးသားကို ေျပာခဲ့ပါတယ္။ Jon ရဲ႕အဆုိအရ Alex ဟာ သူ႕ဘာသာေအးေဆး ေဆးလိပ္ေသာက္ေနတာကုိ ျပႆနာရွာခဲ့တာလုိ႔ ေျပာပါတယ္။

အခင္းျဖစ္ေနရာမွာ ေဆးလိပ္ကို ဥပေဒအရ တားျမစ္ထားတာမ်ိဳးမရွိဘဲ တမင္လာေရာက္ ေႏွာက္ယွက္ခဲ့တာပါတဲ့။ သူ႕ကို ဖမ္းဆီးဖုိ႔ ရဲကုိ တုိင္ၾကားထားၿပီး၊ Alex ကေတာ့ အခင္းျဖစ္ေနရာကေန ထြက္ေျပးသြားတယ္လုိ႔ သိရပါတယ္။ Jon ဟာ ေဆးလိပ္မေသာက္ခင္ အနီးအနားက-

လုံၿခဳံေရးဝန္ထမ္းကိုလည္း ဒီအနားမွာ ေဆးလိပ္ေသာက္လုိ႔ရလား ေမးခဲ့ေသးေၾကာင္း၊ သူက တားျမစ္ေနရာမဟုတ္လုိ႔ အရက္ပါ ေသာက္လုိ႔ရတယ္လုိ႔ ေျပာခဲ့ပါသတဲ့။ ရဲကေတာ့ ခ်က္ခ်င္းဆုိသလုိ ေရာက္လာေပမယ့္ Alex ကို မဖမ္းမိလုိကပါဘူး။ ဒါေပမယ့္ ဘယ္သူဆုိတာ သိေနလုိ႔ မၾကာခင္ ဖမ္းမိမွာလုိ႔ ေျပာပါတယ္။

နတ္သူႀကီး APANNPYAY

ယူနီကုဒ်ဖြင့်ဖတ်ရန်-

စားသောက်ဆိုင် ပိုင်ရှင်တစ်ဦးဟာ လူတစ်ယောက် ဆေးလိပ်သောက်နေတာကို မသောက်ဖို့ တားမြစ်ရာ၊ အဲဒီလူက လက်မခံခဲ့တဲ့အတွက် မီးသတ်ဆေးဘူးနဲ့ဖြန်းပြီး တိုက်ခိုက်ခဲ့ကြောင်း LadBible က ဖော်ပြထားပါတယ်။ ဒီအကြောင်းကို ApannPyay က ဘာသာပြန်လိုက်တာပါ။

ဆေးလိပ်သောက်ခဲ့သူကတော့ Jon Bird လို့ သိရပြီး၊ မီးသတ်ဆေးဘူးနဲ့ဖြန်းတဲ့ လုပ်ငန်းရှင်ကတော့ Alex Jamison ဖြစ်ပါတယ်။ သူဟာ Salt Lake City က Gallivan Center မှာ စားသောက်ဆိုင်နှစ်ခု ပိုင်ဆိုင်သူပါ။ အချင်းများနေချိန်မှာ Jon နဲ့အတူ အခြားတစ်ဦးလည်း ရှိနေပါတယ်။

ဒီအဖြစ်အပျက်ကို မှတ်တမ်းတင်နေတဲ့ အမျိုုးသမီးက ” ရှင် သူ့ကို မီးသတ်ဆေးဘူးနဲ့ တစ်ကယ်ဖြန်းမှာလား “လို့ မေးတော့ Alex က ” ပါးစပ်ကို ဆေးလိပ်တေ့လိုက်တာနဲ့ ဖြန်းမှာ “လို့ ပြောခဲ့ပါတယ်။ Jon က ဆေးလိပ် သောက်လိုက်တဲ့အခါ သူက ပြောတဲ့အတိုင်း လုပ်ခဲ့တာပါ။

ဒီဗွီဒီယိုကို တိုက်ခိုက်ခံရတဲ့ Jon က လူမှုကွန်ရက်မှာ ကိုယ်တိုင်ဖြန့်ဝေခဲ့ပါတယ်။ ဗွီဒီယိုထဲမှာ Jon က ရဲကို ဖုန်းဆက်ခေါ်ဖို့ အဖော်ပါလာသူ အမျိုးသားကို ပြောခဲ့ပါတယ်။ Jon ရဲ့အဆိုအရ Alex ဟာ သူ့ဘာသာအေးဆေး ဆေးလိပ်သောက်နေတာကို ပြဿနာရှာခဲ့တာလို့ ပြောပါတယ်။

အခင်းဖြစ်နေရာမှာ ဆေးလိပ်ကို ဥပဒေအရ တားမြစ်ထားတာမျိုးမရှိဘဲ တမင်လာရောက် နှောက်ယှက်ခဲ့တာပါတဲ့။ သူ့ကို ဖမ်းဆီးဖို့ ရဲကို တိုင်ကြားထားပြီး၊ Alex ကတော့ အခင်းဖြစ်နေရာကနေ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။ Jon ဟာ ဆေးလိပ်မသောက်ခင် အနီးအနားက-

လုံခြုံရေးဝန်ထမ်းကိုလည်း ဒီအနားမှာ ဆေးလိပ်သောက်လို့ရလား မေးခဲ့သေးကြောင်း၊ သူက တားမြစ်နေရာမဟုတ်လို့ အရက်ပါ သောက်လို့ရတယ်လို့ ပြောခဲ့ပါသတဲ့။ ရဲကတော့ ချက်ချင်းဆိုသလို ရောက်လာပေမယ့် Alex ကို မဖမ်းမိလိုကပါဘူး။ ဒါပေမယ့် ဘယ်သူဆိုတာ သိနေလို့ မကြာခင် ဖမ်းမိမှာလို့ ပြောပါတယ်။

နတ်သူကြီး APANNPYAY