လမ်းကြေးတောင်းတာမပေးတဲ့ အိမ်ရှင်တွေနဲ့ လုံခြုံရေးတွေရဲ့ (၂-၂)ဖိုက်တဲ့ (ဗီဒီယို)

288

လုံခြုံရေးတွေဆိုတာကတော့ လိုအပ်လာရင် ကြမ်းသင့်ကြမ်း၊ ရမ်းသင့်ရမ်းပါပဲ။ ဒီအကြောင်းကို ဖေ့ဘုတ်မှာ ဗီဒီယိုရိုက်ပြီး မျှဝေခဲ့တဲ့ Skye Amir ဆိုတဲ့အကောင့်ပိုင်ရှင် ဝေမျှခဲ့တဲ့အကြောင်းကို Apannpyay ပရိသတ်ကြီး အတွက် ဝေမျှပေးမှာပါ။

သူတို့ ဘာကြောင့် ရန်ဖြစ်ခဲ့ရတာလဲဆိုတဲ့အကြောင်းကို သတင်းဌာနတွေက ဖော်ပြထားတာမဟုတ်တဲ့ မှန်လား မှားလားဆိုတာကိုတော့ သေချာမသိရပါဘူး။ ဒါပေမဲ့ အဲဒီ ဂိတ်မှာပဲဗီဒီယိုရိုက်ခဲ့တဲ့ Skye Amir ဆိုတဲ့ အမျိုးသားက သူ့ရဲ့ ဖေ့ဘုတ်မှာ ဒီအကြောင်းအရင်း ဘယ်ကစဖြစ်လဲဆိုတာကို အသေအချာရှင်းပြထားပါတယ်။

‘ Klang၊ Bukit Tinggi မှာ ရှိတဲ့ ဂိတ် အဖွဲ့တစ်ခုမှာပါ၊ အတွင်းက အိမ်ရာထဲမှာနေတဲ့ သူတချို့က သူတို့ဆောင်စရာရှိတဲ့ ပိုက်ဆံတွေကို မဆောင်သေးပါဘူး၊ ဒီတော့ အထဲမှာနေတဲ့သူတွေအတွက် ဆောက်ထားပေးတဲ့ လမ်းအသုံးပြုခနဲ့ မှတ်ပုံတင်ကြေးကို မပေးတဲ့ သူတွေကို အစောင့်တွေရဲ့ ပြန်တုံ့ပြန်လိုက်တဲ့ပုံပါ’

‘ အကြောင်းက ပိုက်ဆံပေးရမှာကို ပေးဖို့ငြင်းထားသလို ဒီလမ်းဟာ နေတဲ့သူတွေအတွက်ပဲ ဆောက်ထားတာကို သိသိနဲ့ လုပ်နေတဲ့အတွက် အစောင့်တွေက သူတို့လုပ်စရာရှိတဲ့အတိုင်း ဆက်လုပ်နေတာပါ’ ဆိုပြီး ရေးခဲ့ပါတယ်။ ဆိုလိုတာက လမ်းကြေးမပေးတဲ့အပြင် သိသကြီးနဲ့ ပေးဖို့ငြင်းတဲ့အတွက် အစောင့်တွေက တားပြီး၊ ချကြတာဖြစ်ပါတယ်။

ပွဲကတော်တော်လေးကြမ်းတဲ့အပြင် ရှင်းရှင်းလင်းလင်းရှိနေတဲ့အနေအထားအရ ခုံတွေကိုပါ လက်နက်တွေအနေနဲ့ သုံးခဲ့တာတွေ့ရပါတယ်။ အဆုံးသတ်မှာဘာဖြစ်သွားလဲကို မရေးထားပေမဲ့ တကယ်သာ ပိုက်ဆံမပေးခဲ့တာမှန်ရင် လုံခြုံရေးတွေဟာ မမှားဘူးလို့ ဆိုထားပါတယ်။

သူရေး (Apannpyay)