ဆိုရှယ်မီဒီယာသုံးသူတွေရဲ့နှလုံးသားကို ထိမှန်စေခဲ့တဲ့မြေးအဖွားနှစ်ယောက်

168

ကျွန်မတို့အမြဲတမ်းပြောနေကြတဲ့ မိဘကျေးဇူး၊ ဆရာ့ကျေးဇူးတွေဆိုတာ ဆပ်လို့မကုန်နိုင်သလို အဘိုးအဘွားတွေဆိုတာလည်း ကျွန်မတို့ရဲ့ကျေးဇူးရှင်တွေပါပဲနော်။ ဒီနေ့မှာတော့ ဆိုရှယ်မီဒီယာသုံးသူတိုင်းရဲ့နှလုံးသားကို ရိုက်ခတ်သွားတဲ့ မြေးအဖွားနှစ်ယောက်ရဲ့ဓါတ်ပုံလေးကို မျှဝေထားပြီး အကြောင်းစုံဖော်ပြထားတဲ့ Worldofbuzz သတင်းဝက်ဘ်ဆိုက်မှ တစ်ဆင့် APANNPYAY ပရိတ်သတ်ကြီးအတွက် ဘာသာပြန်ရေးသားတင်ပြပေးလိုက်ပါတယ်နော်။

ဒီပုံလေးကိုတော့ မလေးရှားမှာနေထိုင်တဲ့ Aisyah Alawi အမည်ရှိသူက ပထမဆုံးဆိုရှယ်မီဒီယာပေါ်မျှဝေပေးခဲ့ကြောင်း သိရပါတယ်။ ပုံမှာဖြစ်ပျက်နေတာလေးက ထိုနေ့တစ်ရက်တည်းမဟုတ်ဘဲ နေ့တိုင်းဖြစ်ပျက်လုပ်ကိုင်နေရတဲ့ အလုပ်လေးတစ်ခုပါ။

ဒါကတော့ အဘွားဖြစ်သူဟာ မြေးဖြစ်သူလေးကို နေ့တိုင်း ကျောင်းခြံစည်းရိုးကနေ နေ့လည်စာလာကျွေးရှာတာပါ။ သူများတွေကို ထမင်းအမှီမချက်ပေးနိုင်ဘဲ ဈေးရောင်းမှရလာတဲ့ပိုက်ဆံလေးနဲ့နေ့လည်စာအမှီချက်ပြုတ်ကာ ခြံစည်းရိုးလေးကတစ်ဆင့် ကျွေးမွေးနေခြင်းဘဲဖြစ်ပါတယ်။

မျှဝေသူက ဘာ့ကြောင့် ကျောင်းထဲကိုဝင်မကျွေးတာလည်း မေးရာမှာတော့ ဘေးနားက အမျိုးသမီးတစ်ဦးက ကျောင်းကစည်းကမ်းအရမ်းကြီးတယ်။ သူမဝင်ကျွေးတာကို တားပြီး ပြန်ခိုင်းတယ်။ အဲ့နေ့ကစပြီး ဒီလိုမျိုး လာကျွေးရှာတော့တာပါဆိုပြီး တုံ့ပြန်ပေးခဲ့ပါတယ်။

ဒီစာကိုမျှဝေရခြင်းကလည်း ဘယ်သူ့ကိုမှ ထိခိုက်နာကျင်စေချင်လို့မဟုတ်ကြောင်းနဲ့ မြေးတစ်ယောက်ကျန်းမာစွာ စာသင်နိုင်ဖို့ အဘွားရဲ့ပင်ပန်းမှုတွေကို ပြသထားတဲ့ ပညာပေးပါဆိုပြီး ဖော်ပြပေးခဲ့ပါသေးတယ်။ APANNPYAY ပရိတ်သတ်ကြီးလည်း ကိုယ့်ဆီမှာ အဖိုးအဖွားပဲရှိရှိ မိဘပဲရှိရှိ သိပ်ကိုကံကောင်းပါတယ်။ ဒါ့ကြောင့် အသက်ရှိစဉ်မှာ တန်ဖိုးထားကြဖို့ မမေ့ပါနဲ့နော်။

San Htet Wai-ApannPyay(အပန်းပြေ)