မူးယစ်ဆေးသတင်းအရ အိမ်တအိမ်ကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့ရာ

469

ဆေးမှုနဲ့ ရဲကဝင်ရောက်စီးနင်းရာ အိမ်ထဲမှာ ပထွေးက လူမဆန်စွာနှိပ်စက်ထားတဲ့ ကလေးကိုပါ ကယ်တင်နိုင်ခဲ့

မလေးရှားနိုင်ငံ ပီနန်ပြည်နယ်ကဂျော့ဂ်ျတောင်းနယ်မှာ ဥပဒေပ မူးယစ်ဆေးဝါးအလုပ်လုပ်ပြီး ဆေးသုံးစွဲနေတဲ့ အိမ်တအိမ်ကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့တာပါ။

ဒီသတင်းကို World of Buzz သတင်းက မကြာသေးခင်အချိန်ကပဲ ဖော်ပြသွားခဲ့တာဖြစ်ပြီး ApannPyay ကနေ တဆင့်ပြန်လည် ဘာသာပြန်ရေးသားတင်ဆက်ခြင်းဖြစ်ပါတယ်။

ဒီလို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းဖမ်းဆီးရာမှာတော့ အိမ်တွင်းမှာ လူမဆန်စွာ အကြမ်းဖက်နှိပ်စက်ဒဏ်ခံထားရတဲ့ ၅ နှစ်သားကလေးငယ်လေးရဲ့ အသက်ကိုပါကယ်တင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ကလေးငယ်ဟာ ပါးနှစ်ဖက်စလုံး ရောင်ကိုင်းဖူးယောင်နေပြီး ခြေနဲ့လက်တွေမှာလည်း ဒဏ်ရာဒဏ်ချက်များစွာရရှိထားသလို ကလေးရဲ့လိင်အဂါမှာလည်း အရွယ်နဲ့မမျအောင် ထိခိုက်ဒဏ်ရာရရှိထားတာကို စိတ်ထိခိုက်ဖွယ်ရာ တွေ့ခဲ့ရတာဖြစ်ပါတယ်။

ကလေးငယ်ရဲ့မိခင်ဟာ ကလေးနဲ့ဖခင်အရင်းဖြစ်သူနဲံ့မဟုတ်ဘဲ ချစ်သူအသစ်နဲ့ အတူတူနေထိုင်နေတာဖြစ်ကြောင်း ။ မိခင်ရဲ့ချစ်သူဟာ မူးယစ်ဆေးစွဲနေသူဖြစ်ပြီး မူးယစ်ဆေးဝါးကို တရားမဝင်သုံးစွဲနေကြောင်း။ ကလေးငယ်ဟာ သူ့ရဲ့ ဖခင်အရင်းမဟုတ်သူကိုဒယ်ဒီလို့သာ ခေါ်ဆိုလေ့ရှိကြောင်း။ သို့သော် အဲ့ဒီ မိခင်ရဲ့ချစ်သူဟာ ကလေးငယ်ကို သနားညှာတာလေ့မရှိဘဲ ရက်စက်စွာရိုက်နှက်နှိပ်စက်လေ့ရှိကြောင်း။ မိခင်အရင်းဖြစ်သူကပါ ကလေးငယ်လေးကို ချစ်သူနဲ့အတူ အလိုတူအလိုပါ ပြင်းထန်စွာ ညှဉ်းပန်းနှိပ်စက်လေ့ရှိကြောင်း။ သူတို့နှစ်ဦးစလုံးဟာ methamphetamine မူးယစ်ဆေးကိုစွဲနေသူဖြစ်ကြောင်း ကို ရဲတပ်ဖွဲ့ရဲ့စုံစမ်းချက်အရ သိရှိခဲ့ရပါတယ်။

အခုချိန်တော့ မိခင်ကိုရော သူ့ရဲ့ချစ်သူကိုပါ ဖမ်းဆီးထားပြီး မူးယစ်ဆေးမှု ကလေးသူငယ်အကြမ်းဖက်မှု တို့နဲ့အတူ ဥပဒေအရတရားစွဲသွားမှာဖြစ်တယ်လို့ သိရပါတယ်။

EFIL-APANNPYAY