ပထမဆုံးအသက် ၇၆နှစ်အရွယ် လက်ဝှေ့ကစားသမားဖွားဖွား

184

ဗြိတိန်နိုင်ငံရဲ့ပထမဆုံးအသက် ၇၆နှစ်အရွယ်လက်ဝှေ့အားကစားသမားအဖွားအို အကြောင်းလေးကို APANNPYAY မှ The sun website တစ်ဆင့် ဘာသာပြန်ရေးသားတင်ပြပေးလိုက်ပါတယ်။

ဗြိတိန်နိုင်ငံရဲ့အသက်အကြီးဆုံး လက်ဝှေ့အားကစားသမားအဖွားအိုဟာ သူမရဲ့ပထမမြောက်ထိုးသတ်ပွဲအတွက်အပြင်းအထန်လေ့ကျင့်နေတာပါ။ သူမဟာဒူးခေါင်းအစားထိုးခွဲစိတ်မှုတွေကိုလည်းပြုလုပ်ထားရသလို အရိုးအဆစ်ကိုက်ခံတဲ့ဝေဒနာတွေခံစားနေရပေမယ့် အသက်၇၆နှစ်မှာ ပထမဆုံးထိုးသတ်ရမယ့် ပွဲအတွက် ရင်ခုန်လို့နေတယ်လို့ The sun website ရဲ့ဖော်ပြချက်အရသိရပါတယ်။

သူမမှာမြေးကလေးသုံးယောက်ရှိပြီး သားတစ်ယောက်လည်းရှိပါတယ်။ ကိုယ်ခံအားကစားကို ခင်ပွန်းဖြစ်သူသေဆုံးသွားခဲ့တဲ့ ၂၀၁၃ကစလို့လေ့လာခဲ့တာဖြစ်ပြီး သားဖြစ်သူက ခင်ပွန်းသည်သေဆုံးသွားပြီးနောက် အထီးကျန်နေတဲ့သူမကို အားကစားတစ်ခုခုကိုလိုက်စားဖို့အကြံပြုခဲ့ရာကနေ လက်ဝှေ့ထိုးသတ်တာကို သင်ယူဖြစ်ခဲ့တာလို့သိရပါတယ်။

The Sun websiteရဲ့ဖော်ပြချက်အရ သူမဟာ သူမထက်အသက် ၁၆နှစ်ငယ်တဲ့ အမျိုးသမီူကစားသမားနဲ့ယှဉ်ပြိုင်ထိုးသတ်ရမှာဖြစ်ပြီး အဲ့ဒီပွဲကနေရရှိတဲ့ပိုက်ဆံတွေကိုပရဟိတလုပ်ငန်းတွေအတွက်လှူဒါန်းသွားမှာဖြစ်ပါတယ်။

APANNPYAY ပရိသတ်ကြီးရဲ့ အမြင်လေးတွေကိုလည်း မှတ်ချက်ရေးသား ခဲ့ပါဦးနော်။

Yenin Phawah-ApannPyay(အပန်းပြေ)