အသက် ၁၃နှစ်အရွယ် အမျိုးသမီးငယ်ကို သားမယား ပြုကျင့်ခဲ့သူက ထပ်ပြီးကြံစည်ရာမှ အရင်ကအမှုပေါ်

501

အသက် ၁၃နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးကို သားမယား ပြုကျင့်သူက ထပ်မံ ကြံစည်မှု စက်တင်ဘာ ၂၀ရက်နေ့ ည၁၂နာရီခွဲက ဖြစ်ပွားကြောင်း သိရှိရသည်။

မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကူးမြို့နယ်၊ နတ်တောင် ကျေးရွာအုပ်စု၊ ဝါးဘိုးချပ်ကျေးရွာ၌ ဖြစ်ပွားကြောင်း သိရသည်။

မောင်ဖြစ်သူနှင့် အိပ်ပျော်နေသည့် ၁၃နှစ်အရွယ် အမျိုးသမီးငယ်က အပေါ့ထသွားတယ်။ အိမ်ရှေ့အရောက် တစ်ရွာတည်း ဖိုးကျော် ဆိုသူက ပါးစပ်ပိတ်ကာ ၎င်းတို့ အိပ်ခန်းသို့ ဆွဲခေါ်ပြီး သားမယား ပြုကျင်ရန် ကြံစည်ချိန် ရုန်းကန်၍ အော်ဟစ် အကူအညီ တောင်းခံတော့ ဖခင်ဖြစ်သူ အရောက် ထွက်ပြေး သွားတယ်။

ဖခင်ဖြစ်က သမီးကို ဘယ်သူလဲမေးတော့ ကျူးလွန်သူက “ငါဖိုးကျော်” မင်းသမီး ဘာမှ မလုပ်ဘူးဆိုပြီး ထွက်ပြေးရင် ပြောဆိုသွားတယ်။

သမီးဖြစ်သူကို မေးမြန်းကြည့်တော့ လွန်ခဲ့သည့် တစ်လခန့်က မိဘများ ဗန်းမောက်သို့ ခရီးသွား၍ မောင်ဖြစ်သူနှင့် အိပ်ပျော်နေချိန် အဆိုပါကျူးလွန်သူက ရောက်ရှိလာပြီး ပါးစပ် အတင်းပိတ်ပြီး သားမယားအဖြစ် မိနစ် ၂၀ခန့် ပြုကျင့်ပြီး၊ မည်သူကိုမှ မပြောနဲ့ ပြောရင် သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ဆိုသည်။

ပြစ်မှုကျူးလွန်သူ ဖိုးကျော် ၃၃နှစ်အား အရေးယူပေးပါရန် တိုင်တန်းလာသောကြောင့် စဥ့်ကူးမြို့နယ်၊ လက်ပန်လှနယ်မြေ ရဲစခန်းမှ (ပ) ၅၃၆/ ၂၀၁၉၊ ရာဇာသတ်ကြီး ဥပဒေ ပုဒ်မ ၃၇၆ဖြင့် အမှုဖွင့်၍ ကျူးလွန်သူအား ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျှက် ရှိကြောင်း စုံစမ်းသိရသည်။

ငစဉ့်ကူး(လက်ပန်လှ) Real News Distribution Agency (APANNPYAY)