မန္တလေး ကိုယ်ပိုင်အထက်တန်းကျောင် ကျောင်းသူ ကိစ္စ အစွပ်စွဲခံရသူ ဆရာဦးညီညီထွေးမှ ကြေညာချက်ထုတ်ပြန်

283

အခုရက်ပိုင်းအတွင်း လူမှုကွန်ယက်ပေါ်မှာ ပြန့်နှံ့နေတဲ့ မန္တလေးမြို့ ဆု ကိုယ်ပိုင်အထက်တန်းကျောင်းမှာ ဆရာတစ်ဦးဖြစ်သူက ကျောင်းသူတစ်ယောက်ရဲ့မတော်ရာကို ထိကိုင်တယ်လို့စွပ်စွဲခံရတဲ့ဖြစ်ရပ်က စွပ်စွဲခံရသူဖြစ်တဲ့ ဆရာဦးညီညီထွေးက သတင်းစာကနေ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ဒီဖြစ်ရပ်ဖြစ်ခဲ့တယ် မဖြစ်ခဲ့ဘူးဆိုတာလည်း cctv မှတ်တမ်းနဲ့ပြန်ပြီးစစ်ဆေးကြည့်နိုင်သလို ဆရာတစ်ယောက်ရဲ့သိက္ခာကိုထိခိုက်စေမယ့် အပြုအမူမျိုးမလုပ်ခဲ့ဘူးလို့လည်း သူ့ရဲ့ကြေညာချက်မှာဆိုထားပါတယ်။ ရာပြည့်ဆရာဦးညီညီထွေးဟာ သင်္ချာဘာသာရပ်ကို နှစ်ပေါင်းများစွာ မန္တလေးမြို့မှာ သင်ကြားခဲ့သူဖြစ်ပြီး သူ့ရဲ့တပည့်တွေက ဆရာဟာ စိတ်ထားကောင်းတဲ့ဆရာတစ်ဦးဖြစ်တယ်လို့ဆိုကြပါတယ်။

လက်ရှိအခြေအနေမှာ အကျူးလွန်ခံရတယ်ဆိုတဲ့ကျောင်းသူလေးရဲ့မိဘတွေက သတင်းစာရှင်းလင်းပွဲပြုလုပ်ထားပြီး တကယ်မဟုတ်ရင် သိက္ခာအကျခံပြီးမပြောဘူးလို့လည်း သူတို့ဘက်ကဆိုထားပါတယ်။ လက်ရှိအခြေအနေမှာ ၂ဦး၂ဖက် ကြေအေးထားတဟ်ဆိုပေမယ့် ဆရာညီညီထွေးရဲ့ကျောင်းသားနဲ့အခြားသေး လူမှုကွန်ယက်အသုံးပြုသူတွေကို ဆရာညီညီထွေးကို မိဘတွေကို ကိုယ်ထိလက်ရောက်တိုက်ခိုက်ခဲ့တဲ့အပေါ်တောင်းပန်စေချင်နေကြပါတယ်။

အဲ့ဒီဖြစ်ရပ် ဖြစ်ပွားခဲ့တယ်ဆိုတဲ့အချိန် စာသင်နေတဲ့အတန်းချိန်မှာ ကျောင်းသားအယောက်၅၀ဝန်းကျင်နဲ့ ဂိုက်ဆရာမ၂ယောက်ဟာ အတန်းထဲမှာရှိနေခဲ့တာကို cctv မှတ်တမ်းထဲမှာတွေ့မြင်ရမှာပါ။ cctvမှတ်တမ်းထဲမှာ ဆရာဖြစ်သူကကျောင်းသူလေးကို အဲ့ဒီလိုကျူးလွန်ခဲ့တယ်လို့ဆိုရမယ့် အပြုအမူကို ရှင်းလင်းစွာ မှတ်တမ်းတင်မိထားခြင်းမရှိပါဘူး။

Cctv မှတ်တမ်းဟာ မှုန်ဝါးနေသလို ကျောင်းသူထိုင်နေတဲ့နေရာဟာ cctv နဲ့ဝေးတဲ့နေရာမှာလည်းဖြစ်နေတဲ့အတွက် ရှင်းလင်းစွာမြင်ရတာမျိုး အသေးစိတ်ကိုမြင်ရတာမျိုးမရှိပါဘူး။ ကျောင်းသားကျောင်းသူတွေကို စာနဲ့ပတ်သတ်ပြီး ညွှန်ပြပြောဆိုနေတဲ့ အပြုအမူတွေကိုတော့ တွေ့မြင်နိုင်ပါတယ်။

Yenin Phawah-AlinnMyay(အလင်းမြေ) (APANNPYAY)