တောင်ငူမြို့နယ်တွင် ဖခင်မှ သမီးအရင်းဖြစ်သူအား သားမယားအဖြစ် အဓမ္မပြုကျင့်

253

တောင်ငူမြို့နယ် ၊ ကင်းဆိပ်ကျေးရွာတွင် ဖခင်မှ သမီးအရင်းဖြစ်သူအား အဓမ္မပြုကျင့်ခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွါးခဲ့ ကြောင်း စက်တင်ဘာ ၂၆ ရက်နေ့က ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာလ ၂၃ ရက် ည ၁၁နာရီ ၃၀ အချိန် သမီးဖြစ်သူ မ———(၁၇ )နှစ် မှ ဖခင်ဖြစ်သူ ရဲလင်း (၃၇)နှစ် ၊(ဘ) ဦးပေါက်စ ကင်းဆိပ်ကျေးရွာနေသူသည် အရက်သေစာ သောက်စား မူးယစ်ပြီး သားမယားအဖြစ် ပြုခဲ့ကြောင်း မိခင်ဖြစ်သူအား ပြောပြခဲ့ရာ မိခင်ဖြစ်သူမှ သိရှိရပြီး တရားလိုလုပ် တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

သမီးဖြစ်သူ မ———မှ အရက်သေစာသောက်စားမူးယစ်ပြီး သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း​ မိခင်ဖြစ်သူအားပြောပြခဲ့သောကြောင့် မိခင်ဖြစ်သူမှ စောင့်ကြည့်နေခဲ့ရာ စက်တင်ဘာ ၂၃ ရက် ည ၁၁ နာရီ ၃၀ အချိန်တွင် သားမယားအဖြင့် ပြုကျင့်နေသည်ကို တွေ့ရှိရပြီး စက်တင်ဘာ ၂၅ ရက်နေ့ ည ၉ နာရီအချိန်မှာ တောင်ငူမြို့ အမှတ် ( ၂ )နယ်မြေရဲစခန်းမှာ မိခင်ဖြစ်သူမှ အမှုဖွင့် တိုင်တန်းခဲ့သည်ဟု ရဲမှတ်တမ်းများအရ သိရသည်။

အဆိုပါဖြစ်စဉ် နှင့် ပက်သက်ပြီး ရဲလင်း (ဘ) ဦးပေါက်စအား တောင်ငူမြို့ အမှတ် ( ၂ ) နယ်မြေရဲစခန်းတွင် (ပ) ၇၆၇ /၂၀၁၉ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ ဖြင့် စစ်ဆေးဆောင်ရွက်ထားကြောင်းသိရသည်။

ကေတု(ကိုနေ ) AlinnMyay(အလင်းမြေ )