လက်နက်အပြည့်အစုံနဲ့ အိမ်ထဲဝင်လုယက်သူတွေကို ဇနီးသည်အား ကာကွယ်ဖို့ လက်ဗလာနဲ့တိုက်ခိုက်ခဲ့တဲ့ အမျိုးသား

163

လက်နက်အပြည့်အစုံနဲ့အိမ်ထဲဝင်ပြီးလုယက်သူတွေကို ဇနီးသည်ကိုကာကွယ်ဖို့အတွက်လက်ဗလာနဲ့တိုက်ခိုက်ခဲ့တဲ့ အာဂယောင်္ကျား

အန္တာရယ်ရှိနေတဲ့အချိန်ဖြစ်ပေမယ့် ချစ်တဲ့သူကိုကာကွယ်ဖို့အတွက် အသက်ကိုရင်းပြီး ကာကွယ်ခဲ့တဲ့သူတစ်ယောက်အကြောင်းကို APANNPYAY မှ ဘာသာပြန်ရေးသားတင်ပြပေးလိုက်ပါတယ်။

The sun websiteရဲ့ဖော်ပြချက်အရ အသက်၃၅နှစ်အရွယ် Asid aliဆိုတဲ့အမျိုးသားဟာအထည်ဆိုင်နဲ့ အိမ်ခြံမြေအရောင်းအဝယ်ပြုလုပ်သူတစ်ဦးဖြစ်ပြီး သူ့ရဲ့အိမ်အပေါ်ထပ်မှာရှိနေတုန်း အိမ်မှာမွေးထားတဲ့ခွေးတွေက အင်မတန်ထိုးဟောင်နေတာကိုမင်္သကာတဲ့အတွက် အိမ်အောက်ထပ်ကို ဆင်းပြီးစစ်ဆေးရာကနေ အိမ်ထဲဝင်ပြီးလုယက်သူတွေနဲ့ပက်ပင်းတို့မိခဲ့တာပါ။

The sun websiteရဲ့ဖော်ပြချက်အရ စီစီတီဗီမှတ်တမ်းမှာတကိုယ်လုံးအနက်ရောင်အဝတ်တွေဝတ်ဆင်ထားပြီး မျက်နှာဖုံးအုပ်ထားတဲ့ဓားပြလေးယောက်ဟာ အိမ်ထဲကိုဝင်ဖို့ကြိုးစားနေတုန်း ဇနီးသည်ရှိတဲ့ အိမ်အပေါ်ထပ်ကိုရောက်သွားရင် ချစ်ရသူအတွက်အန္တရာယ်ဖြစ်မှာစိုးတဲ့အမျိုးသားဟာ အပြင်ကိုဓားပြတွေရောက်အောင်ကြိုးစားနေတာကိုတွေ့ရမှာပါ။

စိတ်တိုသွားတဲ့ လုယက်သူတွေဟာ သူတို့မှာပါလာတဲ့ဓားနဲ့ ဝက်အူလှည်တွေကိုပြပြီး အိမ်ရှင်အမျိုးသားကိုသတ်ပစ်မယ်လို့ခြိမ်းခြောက်ခဲ့ပြီး အိမ်ရှင်အမျိုးသားက မီးဖိုချောင်ထဲက ဟင်းချက်ဓားကိုပြေးယူကာ ဓားပြတွေကို အပြင်ထွက်ပြေးအောင် ခြောက်လှန့်နိုင်ခဲ့ပါတယ်။ အိမ်ရှင်အမျိုးသားရဲ့အဆိုအရ အိမ်မှာလူရှိမှန်းသိရက်နဲ့လာရောက်လုယက်တာဖြစ်ပြီးရဲတပ်ဖွဲ့က ဒီဓားပြတွေဘယ်သူလဲဆိုတာသတင်းပေးနိုင်ရင် ဒေါ်လာ၅၀၀၀ပေးမယ်လို့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

APANNPYAY ပရိသတ်ကြီးရဲ့ အမြင်လေးတွေကိုလည်း မှတ်ချက်ရေးသား ခဲ့ပါဦးနော်။

Yenin Phawah- APANNPYAY