(၄၅သိန္းတန္ အေရွ႕ေရာအေနာက္ေရာ ႏွစ္ဖက္သံုးလို႔ရတဲ့ဖုန္းကိုထုတ္လိုက္တဲ့ ေရွာင္းမီ

639

ကမာၻ႕အဆင့္မီဖုန္းေတြကို ထုတ္ေနတဲ့ Mi ရဲ႕ ေရွာင္းမီကေတာ့ ဒီတစ္ေခါက္မွာ Apannpyay ပရိသတ္ေတြ ျမင္တာနဲ႔ ကိုင္ခ်င္စိတ္ေပါက္သြားမယ့္ ဖုန္းတစ္လံုးကို ထုတ္လိုက္ပါျပီ။ သူ႔ကေတာ့ လက္ရွိျမန္မာျပည္ေစ်းကြက္ထဲကို မၾကာခင္ေရာက္လာေတာ့မယ့္ Mi Mix Alpha ပါ။

သူ႕ရဲ႕ အျပင္အဆင္ေတြကလည္း တကယ့္ကို အံ့ၾသဖို႔ ေကာင္းပါတယ္။ ကင္မရာ သံုးလံုးပါလာမွာျဖစ္ျပီး၊ (108) MP အထိ စုစုေပါင္းအေနအထားကို ေရာက္သြားပါမယ္။ Ram (12) နဲ႔ Rom (512) ဆိုတဲ့ အေနအထားနဲ႔ ဂိမ္းမင္းဖုန္းတစ္လံုးထက္လို ရေအာင္ စြမ္းေဆာင္ေပးမွာက Snapdragon 855+ နဲ႔ပါ။

ဘတၳရီ (4050) mAh နဲ႔ အျမန္အားသြင္းစနစ္တစ္ခုေတာ့ အသံုးျပဳထားမယ္ ဆိုပါတယ္။ သူ႕ရဲ႕ အေသးစိတ္ အသြင္အျပင္၊ မ်က္ႏွုာျပင္မွာ သံုးမယ့္အမ်ိဳးအစားကို မေျပာထားဘဲ တိုက္ေတနီယမ္ အေပၚေဘာင္နဲ႔ ဘာခလုတ္မွ မပါေတာ့ဘူး။ အဲဒီအစား အကုန္လံုးကို On Screen နဲ႔ သြားမွာျဖစ္ျပီး၊ ဖုန္းရဲ႕ (၉၀)ရာခိုင္ႏႈန္းနီးပါး စခရင္ျဖစ္ပါတယ္။

ေနာက္ဆံုးထြက္ (5G) ကို အေထာက္အပံ့ေပးမွာျဖစ္လို႔ ဒီဖုန္းဟာ ၀ယ္ထားျပီးျပီးခ်င္း ေနာက္သံုးႏွစ္ေလာက္ေရာက္တဲ့ထိ အဆင့္မီေနတဲ့ စတန္းဒက္ဖုန္းတစ္လံုးျဖစ္လာမယ္လို႔ ဆိုထားပါတယ္။ ေစ်းႏႈန္ကို သတ္မွတ္ထားတာက စင္ကာပူေဒၚလာ (၃၉၀၀)ျဖစ္တဲ့အတြက္ ျမန္မာေငြကို လက္ရွိေပါက္ေစ်းနဲ႔ဆိုရင္ (၄၅)သိန္းအေနအထားရွိေနပါတယ္။

ဒီဇင္ဘာလမွာ တရုတ္မွာ စျဖန္႔ျပီးသြားတာနဲ႔ ျမန္မာျပည္ေစ်းကြက္ထဲကို (၂၀၂၀) အေစာပိုင္းမွာ ၀င္လာမယ့္အေနအထားပါ။ မ်က္ႏွာျပင္မွာ ဘာမွမပါတာကိုမွၾကိဳက္တယ္ဆိုတဲ့ Apannoyay ပရိသတ္ၾကီးအတြက္ တကယ္ဘာမွကိုမပါတဲ့ ဖုန္းတစ္လံုးပါပဲ။

သူေရး (Apannpyay)

Unicode

(၄၅သိန်းတန် အရှေ့ရောအနောက်ရော နှစ်ဖက်သုံးလို့ရတဲ့ဖုန်းကိုထုတ်လိုက်တဲ့ ရှောင်းမီ

ကမ္ဘာ့အဆင့်မီဖုန်းတွေကို ထုတ်နေတဲ့ Mi ရဲ့ ရှောင်းမီကတော့ ဒီတစ်ခေါက်မှာ Apannpyay ပရိသတ်တွေ မြင်တာနဲ့ ကိုင်ချင်စိတ်ပေါက်သွားမယ့် ဖုန်းတစ်လုံးကို ထုတ်လိုက်ပါပြီ။ သူ့ကတော့ လက်ရှိမြန်မာပြည်ဈေးကွက်ထဲကို မကြာခင်ရောက်လာတော့မယ့် Mi Mix Alpha ပါ။

သူ့ရဲ့ အပြင်အဆင်တွေကလည်း တကယ့်ကို အံ့သြဖို့ ကောင်းပါတယ်။ ကင်မရာ သုံးလုံးပါလာမှာဖြစ်ပြီး၊ (108) MP အထိ စုစုပေါင်းအနေအထားကို ရောက်သွားပါမယ်။ Ram (12) နဲ့ Rom (512) ဆိုတဲ့ အနေအထားနဲ့ ဂိမ်းမင်းဖုန်းတစ်လုံးထက်လို ရအောင် စွမ်းဆောင်ပေးမှာက Snapdragon 855+ နဲ့ပါ။

ဘတ္ထရီ (4050) mAh နဲ့ အမြန်အားသွင်းစနစ်တစ်ခုတော့ အသုံးပြုထားမယ် ဆိုပါတယ်။ သူ့ရဲ့ အသေးစိတ် အသွင်အပြင်၊ မျက်နှုာပြင်မှာ သုံးမယ့်အမျိုးအစားကို မပြောထားဘဲ တိုက်တေနီယမ် အပေါ်ဘောင်နဲ့ ဘာခလုတ်မှ မပါတော့ဘူး။ အဲဒီအစား အကုန်လုံးကို On Screen နဲ့ သွားမှာဖြစ်ပြီး၊ ဖုန်းရဲ့ (၉၀)ရာခိုင်နှုန်းနီးပါး စခရင်ဖြစ်ပါတယ်။

နောက်ဆုံးထွက် (5G) ကို အထောက်အပံ့ပေးမှာဖြစ်လို့ ဒီဖုန်းဟာ ဝယ်ထားပြီးပြီးချင်း နောက်သုံးနှစ်လောက်ရောက်တဲ့ထိ အဆင့်မီနေတဲ့ စတန်းဒက်ဖုန်းတစ်လုံးဖြစ်လာမယ်လို့ ဆိုထားပါတယ်။ ဈေးနှုန်ကို သတ်မှတ်ထားတာက စင်ကာပူဒေါ်လာ (၃၉၀၀)ဖြစ်တဲ့အတွက် မြန်မာငွေကို လက်ရှိပေါက်ဈေးနဲ့ဆိုရင် (၄၅)သိန်းအနေအထားရှိနေပါတယ်။

ဒီဇင်ဘာလမှာ တရုတ်မှာ စဖြန့်ပြီးသွားတာနဲ့ မြန်မာပြည်ဈေးကွက်ထဲကို (၂၀၂၀) အစောပိုင်းမှာ ဝင်လာမယ့်အနေအထားပါ။ မျက်နှာပြင်မှာ ဘာမှမပါတာကိုမှကြိုက်တယ်ဆိုတဲ့ Apannoyay ပရိသတ်ကြီးအတွက် တကယ်ဘာမှကိုမပါတဲ့ ဖုန်းတစ်လုံးပါပဲ။

သူရေး (Apannpyay)