သူခိုးလို့ စွပ်စွဲခံရလို့၊ အဝတ်အစားတွေ အကုန်ချွတ်ပြခဲ့တဲ့ ဈေးဝယ်သူ အမျိုးသမီး
215
နတ်သူကြီး APANNPYAY
ယူနီကုဒ်ဖြင့်ဖတ်ရန်-
မက္ကဆီကိုနိုင်ငံ၊ မက္ကဆီကိုစီးတီး၊ Tepeyac မှာတည်ရှိတဲ့ Walmart store မှာ အမျိုးသမီးငယ်တစ်ဦးနဲ့ စတိုးလုံခြုံရေးဝန်ထမ်းတွေ ပြဿနာ ဖြစ်ပွားခဲ့ပါတယ်။ ဒီအကြောင်းကို The Sun သတင်းစာမှာ ဖော်ပြထားပြီး၊ ApannPyay ကနေ ဘာသာပြန် တင်ဆက်လိုက်ပါတယ်။
အဖြစ်အပျက် မှတ်တမ်းဗွီဒိယိုဖိုင်ကို ကြည့်ရတာကတော့ အမျိုးသမီးကို စတိုးဆိုင် လုံခြုံရေးက ဆိုင်ကနေ အလစ်သုတ်သွားလို့ အထင်ရှိပြီး၊ စစ်ဆေးဖို့ ကြိုးစားခဲ့တာပါ။ ဒါကို အမျိုးသမီးက သူမဟာ ခိုးသူမဟုတ်ကြောင်း စကားတွေ အများကြီးနဲ့ ရှင်းပြမနေဘဲ၊ အောက်ပိုင်းက ဝတ်ထားတဲ့ အဝတ်ကို ချွတ်ချလိုက်ပါတယ်။
သူမဟာ စကပ်ကို ချွတ်ပြီးနောက် အပေါ်အကျႌကိုလည်း ချွတ်ပြလိုက်တာကို တွေ့ရပါတယ်။ ဒီလုပ်ရပ်ဟာ သာမန်အားဖြင့် ရယ်စရာလို့ ထင်ရပေမယ့်၊ သူခိုးလို့ ထင်ခံရတဲ့ အမျိုးသမီးတစ်ယောက်အတွက်တော့ သူမရဲ့ မခံချင်စိတ်ဟာ ဘယ်လောက်အထိ မြင်သာစေလဲဆိုတာ သိရမှာပါ။
ဒီလိုပဲ အဲဒီအမျိုးသမီးကို သက်ဆိုင်ရာက ခေါ်ယူစစ်ဆေးခြင်း ရှိမရှိ၊ ဒါမှမဟုတ် အဲဒီအမျိုးသမီးကိုယ်တိုင်က လုံခြုံရေးဝန်ထမ်းကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုနဲ့ ရဲတပ်ဖွဲ့ကို တိုင်ကြားခြင်း ရှိမရှိဆိုတာကိုတော့ သတင်းမှာ ဖော်ပြမထားပါဘူး။ ဒီလိုပဲ ကာယကံရှင်ရဲ့ အမည်ကိုလည်း ဖော်ပြမထားပါဘူး။
နတ်သူကြီး APANNPYAY