ချင်ပန်ဇီမျောက်တွေ မိတ်လိုက်တဲ့ ဗွီဒီယိုကိုကြည့်ပြီး စိတ်မထိန်းနိုင်ပဲ မိခင်ကို မုဒိန်းကျင့်မိတဲ့သား

123

အသက် ၁၈ နှစ်အရွယ်ကောင်လေးဟာ သူ့ရဲ့မိခင်အရင်းဖြစ်သူကို တိရစ္ဆာန်ရုံက တိရစ္ဆာန်တွေကိုပြသတဲ့ ပရိုဂရမ်တစ်ခုမှာ ချင်ပန်ဇီမျောက်တွေ လိင်ဆက်ဆံနေတာကိုတွေ့ရပြီး မိခင်ဖြစ်သူနဲ့အတူ လိင်ဆက်ဆံဖို့ ဖွင့်ဟတောင်းဆိုခဲ့ကာ အတင်းအဓမ္မမုဒိန်းကျင့်မှု ဖြစ်ပွားခဲ့တဲ့သတင်းဟာ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံခဲ့ရာ Worldofbuzz သတင်းဝက်ဘ်ဆိုက်မှာ ဖော်ပြထားခဲ့ပြီး APANNPYAY ပရိတ်သတ်ကြီးအတွက် ဘာသာပြန်ရေးသားတင်ပြပေးလိုက်ပါတယ်နော်။

ဖော်ပြထားချက်အရ သူဟာမိခင်ကို လိင်ဆက်ဆံဖို့တောင်းဆိုနေစဉ်အတွင်းမှာ ဖခင်ဖြစ်သူနဲ့လိင်ဆက်ဆံတာကိုလည်း တွေ့မြင်ဘူးတဲ့အကြောင်းတွေကိုပါ ပြောဆိုလာခဲ့ကြောင်း သိရပါတယ်။ မိခင်အနေနဲ့ မယုံနိုင်ဖြစ်ပြီး “ငါကမင်းရဲ့အမေနော်” ဆိုပြီး သတိပေးကာ မီးဖိုချောင်ဘက်ကို ထွက်လာခဲ့ကြောင်း တရားရုံးမှာထွက်ဆိုခဲ့ပါတယ်။

ဘေစင်မှာပန်းကန်ဆေးနေခဲ့ပြီး မကြာခင်မှာ သူမရဲ့ချိုင်းကြားမှလက်တစ်စုံလျှိုပြီးဝင်လာတာကို သတိပြုမိပြီး သူမရဲ့ညာဘက်ရင်းသားကိုပွတ်သတ်ကာ ကြမ်းပြင်ပေါ်လှဲချပြီး သူမကိုမုဒိန်းကျင့်ခဲ့ကြောင်း ထွက်ဆိုခဲ့ပြီး သူမအနေနဲ့ရပ်ဖို့ပြောခဲ့ကြောင်း၊ တွန်းထုတ်ပေမယ့် သူကအရမ်းအားသန်နေတာကြောင့် မရုန်းနိုင်ခဲ့ကြောင်း၊ သူစိတ်ကျေနပ်တော့မှ အသက်ပြင်းပြင်းရှူသံတစ်ခုကို သူမကြားလိုက်ရပြီး သူမကို ဘာမှမပြောဘဲ ဧည့်ခန်းထဲကိုထွက်သွားခဲ့ကြောင်း၊ သူမလည်း အိပ်ခန်းထဲကို ဝင်သွားကာ တံခါးလော့ချကာ ပစ္စည်းတွေနဲ့ကာရံပြီး ရဲနဲ့ခင်ပွန်းဖြစ်သူကို အကြောင်းကြားခဲ့ကြောင်း ထွက်ဆိုသွားတာကို Worldofbuzz သတင်းဝက်ဘ်ဆိုက်မှာ ရေးသားဖော်ပြသွားခဲ့ပါတယ်။

ခုချိန်မှာတော့ တရားရင်ဆိုင်နေရပြီး သားဖြစ်သူက သူဘာမှမလုပ်ခဲ့ကြောင်း စကားများရန်ဖြစ်ရုံသာဖြစ်ခဲ့ပြီး တခြားဘာမှမဖြစ်ခဲ့ကြောင်း ငြင်းပယ်ထွက်ဆိုခဲ့ပါတယ်။ သူမရင်သားကိုထိမိတာကလည်း ဖုန်းလှမ်းယူရင်း မတော်တဆသာဖြစ်ခဲ့ကြောင်း တရားရုံးမှာ ထွက်ဆိုခဲ့ကြောင်း သိရပါတယ်။ တရားရုံးမှာ ရှေ့နေရဲ့မေးမြန်းချက်များနဲ့ တရားလိုမိခင်ဖြစ်သူရဲ့ထွက်ဆိုချက်များကို ရေးသားဖော်ပြထားပါသေးတယ်။

ရှေ့နေ-ကျွန်ုပ်တစ်ခုလောက်ဆွေးနွေးပါရစေ။ သင့်အနေနဲ့ ဂျူရီတွေကို ချင်ပန်ဇီမျောက်တွေလိင်ဆက်ဆံနေတဲ့ အပိုင်းတွဲကို ကြည့်ခဲ့ကြောင်းဆိုခဲ့တယ်နော်။ ဒါဆိုတီဗွီရှိုးက ဒီလိုတွေဖြစ်စေခဲ့တာ ဟုတ်ပါသလား။

တရားလိုမိခင်- ဟုတ်ပါတယ်။

ရှေ့နေ-သက်သေထွက်ဆိုချက်တွေအရ တရားခံဟာ သင့်ကိုအမှုဖြစ်တဲ့နေ့သာမက အရင်ရက်တွေမှာရော လိင်ဆက်ဆံဖို့တောင်းဆိုခဲ့ပါသလား။

တရားလိုမိခင်-ဟုတ်ကဲ့ သူတောင်းဆိုဖူးပါတယ်။

ရှေ့နေ-တရားခံက တောင်းပန်ဖို့ကြိုးစားခဲ့ပေမယ့် သင်ကစိတ်ပျက်ပြီး ရဲကိုဖုန်းဆက်ဖို့ လုပ်ဆောင်ခဲ့ပါသလား။

ဒါကိုတရားလိုဖြစ်သူက ငြင်းပယ်လိုက်ပြီး တရားခံဟာ ဘာစကားမှမပြောဘဲ ထွက်သွားခဲ့ကြောင်း၊ တောင်းပန်ခဲ့တယ်ဆိုတာ မမှန်ကန်ကြောင်း တရားရုံးကို ပြန်လည်ထွက်ဆိုသွားခဲ့ပါတယ်။ သားဖြစ်သူတရားခံကတော့ ခုချိန်ထိ အဖမ်းခံထားရပြီး တရားရင်ဆိုင်နေရပါတယ်။ အမှုကိုဝန်မခံဘဲ ငြင်းပယ်နေကြောင်း APANNPYAY ရဲ့နားလည်မှုအရ ဘာသာပြန်ဖော်ပြပေးလိုက်ပါတယ်။

သိပ်ကိုကြောက်စရာကောင်းပြီး အရှက်ရဖွယ်သတင်းဆိုလည်း မမှားပါဘူး။ ApannPyay ပရိတ်သတ်ကြီးရဲ့ထင်မြင်ချက်လေးတွေလည်း ပြောပြခဲ့ပါဦးနော်။

San Htet Wai-ApannPyay(အပန်းပြေ)