အိမ်သာအိုးထဲကနေ ကလေးအသေရဲ့အလောင်းကို အမှတ်မထင်တွေ့ရှိ

199

အခုလတ်တလော လူမှုကွန်ရက်မှာ လူအများရင်မောစရာသတင်းတခု ပျံ့နှံ့လာခဲ့ပါတယ်။ ဒီလိုဖြစ်ရပ်တွေဟာ အခုနောက်ပိုင်းမှိာပိုပြီး ခပ်စိပ်စိပ်ကြားလာရတာဖြစ်ပြီး အချိန်နဲ့အမျှ သတင်းမြန်ခေတ်ကြီးမှာ မိဘတွေနဲ့ ကြားသိရသူအပေါင်း စိတ်မကောင်းစရာ စိတ်ထိခိုက်ဖွယ်ရာ သတင်းဟာ မလေးရှားနိုင်ငံမှာ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

ဒီသတင်းကို Malay Mail သတင်းကနေ ဖော်ပြသွားခဲ့တာဖြစ်ပြီး ApannPyay ကနေ တဆင့်ပြန်လည်ပြီး ဘာသာပြန်တင်ဆက်ပေးလိုက်ရခြင်းဖြစ်ပါတယ်။

မလေးရှားနိုင်ငံက Kuantan ဘတ်စ်ကားမှတ်တိုင်က အများသုံးသန့်စင်ခန်းအတွင်းမှာ အိမ်သာအိုးထဲကနေ မွေးကင်းစ ကလေးအသေရဲ့အလောင်းကို အံ့အားသင့်ဖွယ်ရာတွေ့ရှိခဲ့ရတာဖြစ်ပါတယ်။

ကလေးရဲ့အလောင်းကို သန့်စင်ခန်းသန့်ရှင်းရေး အမျိုးသမီးက သန့်ရှင်းရေးလုပ်နေစဉ် တွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရှိရပါတယ်။

ရဲတွေလာရောက်စစ်ဆေးရာမှာတော့ အိမ်သာအိုးဟာ ပိတ်ဆို့နေပြီး အနီရောင်အရည်တွေ နဲ့ ပြည့်နှက်နေတာဖြစ်ကြောင်း။ ရဲတွေဟာ CCTV ရုပ်သံမှတ်တမ်းကနေတဆင့် ပြန်လည်စစ်ဆေးခဲ့ရာမှာတော့ အနက်ရောင်ဝတ်စုံဝတ်ထားတဲ့ အမျိုးသမီးတဦးဟာ လက်ဆွဲအိတ်တလုံးနဲ့ အဆိုပါသန့်စင်ခန်းအတွင်း ဝင်ရောက်သွားခဲ့တာကို CCTV မှတ်တမ်းမှာ တွေ့ခဲ့ရကြောင်း။ မသင်္ကာဖွယ်ရာ အဆိုပါ အမျိုးသမီးဟာ နာရီဝက်အကြာမှ သန့်စင်ခန်းထဲက ပြန်ထွက်လာခဲ့ကြောင်း။ ပြန်ထွက်လာချိန်မှာ အဝတ်အစားအသစ်လဲဝတ်ထားကြောင်း သိရှိခဲ့ရပါတယ်။

ရဲတပ်ဖွဲ့ဟာ အခုအချိန်မှာ မသင်္ကာဖွယ်ရာ အမျိုးသမီးကို ခြေရာခံစုံစမ်းနေပြီး ဥပဒေအရ အရေးယူစစ်ဆေးသွားမှာဖြစ်ပါတယ်။

EFIL- APANNPYAY