အမေရိကန်နိုင်ငံမှ အခမဲ့​ မျက်​စိအထူးကု လေယာဉ်​ ရောက်နေ

105

အမေရိကန်နိုင်ငံမှ “အခမဲ့​ မျက်​စိအထူးကု လေယာဉ်​” မန္တလေးလေဆိပ်ကို ရောက်ရှိနေပါတယ်။ ၅.၁၀.၁၉ အထိပဲမို့ အချိန်မှီနိုင်အောင် လိုအပ်သူများ သိဖို့ များများရှယ်ပေးကြပါနော်..။

အောဘစ် ORBIS-1 အမည်ရှိတဲ့လေယာဉ်ဟာ မြန်မာပြည်ကိုလာရောက်ပြီး မျက်စိခွဲစိတ်မှု့ တွေ အခမဲ့ပြုလုပ်ပေးနေတာ ၁၀နှစ်ကျော်ကြာပါပြီ။ ပုံမှန်ကတော့ ရန်ကုန်လေဆိပ်မှာ အခြေပြုပါတယ်။ ဒီလေယာဉ်ဟာ နှစ်စဉ်လာရောက်လေ့ရှိပေမယ့် လူသိနည်းကြောင်းသိရပါတယ်။

လေယာဉ်ပေါ်မှာ နောက်ဆုံးပေါ်နည်းပညာတွေပါဝင်တဲ့ မျက်စိခွဲစိတ်ခန်းတွေအပြင် ၊ လေယာဉ်အဖွဲ့သား ၇ဦး၊ နိုင်ငြံခားသား မျက်စိအထူးကုဆရာဝန် ၃၈ဦးတို့ ပါဝင်ပြီး မြန်မာနိုင်ငံမှ မျက်စိဆရာဝန်နှင့် သူနာပြုများကိုလည်း လေ့ကျင့်သင်ကြားပေးသွားဦးမှာ ဖြစ်ပါတယ်။

မျက်စိခွဲတာဟာ အခြားခန္ဒာကိုယ်အစိတ်အပိုင်းတွေခွဲတာနဲ့မတူပဲ ခက်ခဲပြီးလက်ဝင်ပါတယ်။ မြန်မာပြည်တွင်းအထူးကုဆေးခန်းတွေမှာခွဲရင် အချိန်ကုန် လူပမ်းပြီး သိန်းရာကျော်ထိကုန်ကျနိုင်ပါတယ်၊ အချို့ခက်ခဲတဲ့ခွဲစိတ်မှု့ များ စင်ကာပူ ၊ ဘန်ကောက်သွားလုပ်ရပါတယ်။ ကုန်ကျစရိတ် အရမ်းများပါတယ်။

နိုင်ငံခြားသား ကျွမ်းကျင်ဆရာဝန်ကြီးတွေနဲ့ မျက်စိအခမဲ့ခွဲစိတ်ခွင့်ရမယ့် အထူးအခွင့်အရေးပါ။ လိုအပ်နေသူများသိဖို့အတွက် share ပေးကြပါ…

မျက်စိခွဲစိတ်ကုသမှု့ ခံယူလိုသူများ မန္တလေး မျက်​စိ​ဆေးရုံသို့ အမြန်ဆုံးသွားရောက်စာရင်းပေးဖို့ လိုအပ်ပါမယ်။ ကုသ​ပေးမည့်​ရက်​ကတော့ ၂၄.၉.၁၉ မှ ၅.၁၀.၁၉ အထိပါ။

KO Kyaw Thu Win