အတတ်ဆန်းပြီး မျက်လုံးထဲ တက်တူးခဲ့တဲ့ မော်ဒယ် တစ်ဦးရဲ့ စိတ်မကောင်းစရာဖြစ်ရပ်

213

မျက်လုံးထဲမှာ တက်တူးထိုးရတာ ဂေါ်တယ်လို့ ထင်ခဲ့တဲ့ ကနေဒီယန်မော်ဒယ်တဦးကတော့ ကိုယ့်အတတ်ကိုယ်စူးပြီး ကိုယ့်သေတွင်းကို ယ်တူးသလို ကြုံခဲ့ရတာပဲ ဖြစ်ပါတယ်။

ဒီသတင်းကို Elitreaders သတင်းကနေ ဖော်ပြသွားခဲ့တာဖြစ်ပြီး ApannPyay ကနေ ဘာသပြန်ရေးသားတင်ဆက်လိုက်ရခြင်းဖြစ်ပါတယ်။

အခုဖြစ်ရပ်ဟာ ကြက်သီးထဖွယ်ရာကောင်းသလို ကြောက်မယ်ဖွယ်လည်းကောင်းပြီး စိတ်ပျက်စရာ ခံစားမှုမျိုးစုံကို ပေးသွားခဲ့တဲ့ ကနေဒါမော်ဒယ်ရဲ့ အတတ်ဆန်းမှုလို့ ဆိုရမှာဖြစ်ပါတယ်။

သူဟာ သူ့ရဲ့ ဆိုးရွားတဲ့အတွေ့အကြုံကို လူမှုကွန်ရက်မှာ ဖောက်သည်ချလို့ သူ့လို ထပ်မဖြစ်ကြရအောင် စေတနာနဲ့ အသိပေးမျှဝေသွားခဲ့တာပါ။

Catt Gallingerဆိုတဲ့ အဆိုပါမော်ဒယ်ဟာသူ့ရဲ့ ညာဘက်မျက်လုံးထဲမှာ မျက်လုံးရဲ့ အဖြူသားတွေကို အရောင်ခြယ်တာကြောင့် ခရမ်းရောင် တက်တူးကို ထိုးခဲ့တာဖြစ်ပါတယ်။

ဒီနောက်မှာတော့ အသက် ၂၄နှစ်အရွယ်မော်ဒယ်ဟာ နောင်တတွေတသီကြီးရခဲ့ရကြောင်း ဝန်ခံသွားခဲ့ပါတယ်။

သူ့ရဲ့မျက်လုံးဟာ တဆင့်ထက်တဆင့်ဆိုးရွားပျက်စီးလာ ခဲ့ပြီး သူဟာ ဆေးရုံကိုရောက်ရှိချိန်မှာတော့ ဆရာဝန်ကုသစစ်ဆေးမှုကြောင့် တက်တူးမှင်ဟာ ကောင်းစွာပိုးသတ်ထားခြင်းမရှိဘဲ မျက်လုံးတွင်းပိုးကူးစက်မှုဖြစ်ပွားသွားခဲ့တာဖြစ်ကြောင်း သိရှိခဲ့တာပါ။

မော်ဒယ်လေးရဲ့ ညာဘက်မျက်လုံး ကုသမရတော့တဲ့ အခြေအနေအထိ အပြီးတိုင်မျက်လုံးကွယ်သွားခဲ့ပြီဖြစ်ပြီး သူကတော့ခွဲစိတ်ကုသမှုခံယူကာ မျက်လုံးအခြေအနေ နဲ့ အမြင်အာရုံ ပြန်လည်ကောင်းမွန်လာဖို့ မျှော်လင့်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

သူဟာ ဒီဖြစ်ရပ်ဆိုးကြောင့် မော်ဒယ်လောကကနေပါ အနားယူသွားခဲ့ရပြီဖြစ်ကြောင်း ဝမ်းနည်းဖွယ်ရာကြားသိခဲ့ရပါတယ်။

EFIL-APANNPYAY