မိုးရွာလည်း ဒီတိုင်းလေးပဲ ထိုင်နေရှာတယ် ဆိုတဲ့ အဖွားက အခြေနေမဲ့မဟုတ်ပါ။

299

(ရွှေကြာလူမှုကူညီရေးအဖွဲ့)မှကူးယူဖော်ပြပါသည်

အဖွားဆီရောက်သွားတော့ အခြေအနေတွေ သိရပါပြီ မူရင်းပိုစ့်တင်သူ ကို က ဖြတ်သွားရင်းသနားလို့ တင်လိုက်တာလို့ သိရပါတယ်။

ကျွန်မတို့အဖွဲ့ လိုက်သွားတော့ အဖွားအကြောင်းစုံ သိခဲ့ရပါတယ်။ အဖွားက အခြေနေမဲ့မဟုတ်ပါ ဒညင်းကုန်းမှာအိမ်ရှိပြီး မြေး/ချွေးမနဲ့နေတယ်လို့ သိရပါတယ်

မြေးက မုဒိန်းမှုနဲ့ ထောင်ကျပြီး ပြန်လွတ်လာပြီလို့လည်း အနီးနားပတ်ဝန်းကျင်ကပြောလို့သိရပါတယ်

မျက်စိမမြင်တာလည်းမဟုတ်ပါဘူးတဲ့မြင်ရပါတယ်

အသီးရွက်ကို ဗန်းထဲထည့်လိုက် လူတွေက သနားပြီးတန်ရာတန်ကြေးထက်ပိုပေးသွားလိုက် နောက်ထပ်ရောင်းစရာတွေ ဗန်းထဲရောက်လာလိုက်နဲ့ ရှာကျွေးနေတာလို့သိရပါတယ်

ကျွန်မတိုအဖွဲ့လာပေးတာကို ကျေးဇူးတင်ပါတယ်တဲ့ အနီးနားပတ်ဝန်းကျင်ကလည်း စောင့်ရှောက်ပေးပြီး ဒီတိုင်းသူရှာစားတာကို ကြည့်နေပါတယ်တဲ့

အဖွားကို မတွေ့ လို့ အနီးနားပတ်ဝန်းကျင်ကပြောပြတာတွေကို ပြန်ပြောပြတာပါ

ဘာပဲပြောပြော ခုလိုအရွယ်က ရှာကျွေးတာထိုင်စားနေတယ်ဆိုတာ.အသက်ကြီးတဲ့အဖွားကို ဘန်းပြပြီးငွေရလွယ်အောင် လို့ ထင်ပါတယ်

အပြစ်တင်ရင် မြေး/ချွေးမကို အပြစ်တင်ရမယ်

ကျွန်မတို့အဖွဲ့လည်း ပတ်ဝန်းကျင်ကပြောလို့ ခေါ်ဖို့ ထိ မလိုအပ် ဘူးဆိုလို့  ပြန်လာခဲ့ပါတယ်

တနေ့ အဖွားလိုအပ်လာရင် ကျွန်မတို့ အချိန်မရွေးသွားခေါ်ပြီး တနေရာကိုပို့ပေးပါ့မယ်ရှင်

ချစ်ခြင်းများစွာဖြင့် ရွှေကြာလူမှုကူညီရေးအဖွဲ့ ရန်ကုန်

===========

(လူမှုကွန်ယက်မှာ ပျံ့နှံ့လာတဲ့ ပထမပိုစ်)

မိုးရွာလဲ ဒီတိုင်းလေးပဲ ထိုင်နေရှာတယ် အိပ်စရာနေရာလဲ ရှိပုံမပေါ်ဘူးတဲ့ နိုင်ငံရေးမှတ်တိုင် စံပြလေးလမ်းထိပ်နားမှာ

မင်္ဂလာဒုံမြို့နယ် စံပြ(၄)လမ်းတံတားအတက်အဆင်းနားမှာ အခုပုံပါအဖွားက တစ်ညလုံးအဲ့လိုလေးနေ နေတာပါ

မိုးရွာလဲအဲ့တိုင်း အေးနေလဲအဲ့ တိုင်းနေနေတာပါ

နေ့ရောညရော ကိုယ်လဲည(၁၁)နာရီလောက်ကြီးဖြတ်သွားတုန်းမြင်တာနဲ့သွားပြီးမေးကြည့်တော့ အဖွားကမျက်စိလဲမမြင်နားလဲ မကြားဘူး

နေ့ဘက်ဆိုရင်ရှေ့မှာချထားတဲ့စတီးဗန်းလေးထဲ အသီးအရွက်လေးတွေထည့်ပြီးရောင်းပါတယ်

တောင်းမစားပါဘူး အရင်ကနေ့ဘက်တွေမှာအဖွားကိုဈေးရောင်းနေတာမြင်ရင်တတ်နိုင်သလောက် လှုခဲ့ပါတယ်

အခုညဘက်ကြီးအခုလိုကြီးမြင်တော့တော်တော်စိတ်မကောင်းဖြစ်ရတယ် မိုးရွာရင် သူဘယ်လိုနေမလဲမသိဘူး

သူ့မှာမြေးတွေရှိတယ်လို့ဘေးနားကသူတွေပြောပေမယ့်

ဘယ်သူမှလာကြည့်တာမမြင်မိဘူး ပစ်ထားကြတယ်ထင်ပါတယ် ကိုယ်လဲစကားသွားပြောတော့ နားလဲမကြားမျက်လုံးလဲမမြင်ဘူး

ဘာမှပြောလို့မရလို့ ကိုယ်တတ်နိုင်သလောက်လေးလှုပြီးပြန်လာခဲ့တယ်

အဖွားက နေစရာလဲမရှိ အိပ်စရာလဲမရှိဖြစ်နေလိုပါ ကိုယ့်ခြေသံလေးကြားတော့ သူထမင်းမစားရသေးဘူးလို့တော့ပြောတယ်

ဖြတ်သွားဖြတ်လာတဲ့သူတွေကတွေ့ရင်တော့လှုသွားတာမြင်မိပါတယ်

ဒါပေမယ့်အသက်အရွယ်ကြီးတဲ့သူအခုလိုကြီးနေနေတာတော့ ဝမ်းနည်းမိတယ် အဖွားခုနေတဲ့နေရာက စံပြဥက္ကဠရုံးရှေ့နဲ့နီးပါတယ်

သူတို့ကအဖွားကိုအမြဲမောင်းထုတ်တယ်လို့တော့ကြားမိတယ်

မလုပ်သင့်တာပါ အသက်ဒီလောက်ကြီးနေတာကို ကိုယ်လဲဘယ်လိုလုပ်ရမှန်းမသိလို့ ပို့စ်တင်လိုက်တာပါ

ကူညီမယ့်သူရှိရင်ကူညီပေးကြပါဦး ညီမလဲတတ်နိုင်သလောက်ပါဝင်ပါ့မယ်

ဘိုးဘွားရိပ်သာဘဲဖြစ်ဖြစ် လူမှုကယ်ဆယ်ရေးဘဲဖြစ်ဖြစ် ဒီgroupထဲမှာ အသိမိတ်ဆွေများရှိရင် ကူညီပေးကြပါလို့မေတ္တာရပ်ခံပါတယ်