အခ်ိဳစားတာမ်ားလြန္းတဲ့ (၅)ႏွစ္သမီးေလး ရဲ႕ ျဖစ္ရပ္တစ္ခု

250

အရြယ္မေရာက္ေသးတဲ့ သားသားမီးမီးေလးေတြကို အခ်ိဳၾကိဳက္တယ္ဆိုျပီး လႊတ္ထားတဲ့ Apannpyay မိတ္ေဆြေတြရွိရင္ေတာ့ အခုအေၾကာင္းအရာေလးက ဂရုျပဳရမယ့္ အျဖစ္ပါပဲ။ အသက္ (၅)ႏွစ္ပဲ ရွိေသးေပမဲ့ အခ်ိဳစားတာမ်ားလြန္းတဲ့အတြက္ ဦးေႏွာက္ကို ထိခိုက္မိဖို႔ နည္းနည္းပဲလိုေတာ့တဲ့အျဖစ္ပါ။

ဒီအေၾကာင္းကို ဆရာ၀န္ Azila Mohd Kasim က အခ်ိဳၾကိဳက္တဲ့ကေလးေတြ သတိျပဳႏုိင္ဖို႔ သမီးေလးရဲ႕ အျဖစ္ကို ဓာတ္ပံုနဲ႔တကြ ရိုက္ထားခဲ့ပါတယ္။ ငယ္ငယ္တည္းက အခ်ိဳစားတဲ့ သမီးေလးဟာ သြားကိုလည္း သေခ်ာဂရုမစိုက္ပါဘူး။ မိဘေတြကလည္း ကေလးကို ဂရုစိုက္ေပမဲ့ သြားပံုမွန္တိုက္တဲ့ေန႔ရွိသလို မတုိက္တဲ့ေန႔လည္း ရွိပါတယ္။

တစ္ရက္မွာ သမီးျဖစ္သူက သြးားကိုက္တယ္လို႔ ဆိုလာပါတယ္။ ပံုမွန္လို႔ပဲထင္ခဲ့ေပမဲ့ သံုးရက္အတြင္းမွာကိုပဲ ပါးကဖူးေယာင္လာကာ အညိဳကြက္ေတြပါျဖစ္လာပါတယ္။ မိဘေတြက အံ့ၾသေနခ်ိန္မွာ သမီးေလးရဲ႕ မ်က္လံုးေတြပါ မို႔အစ္လာတဲ့အဆံုး သြားဆရာ၀န္ဆီ ေျပးခဲ့ပါတယ္။ ျမင္လိုက္တာနဲ႔ ျဖစ္စဥ္ကိုနားေထာင္အျပီးမွာ

ဆရာ၀န္က သမီးေလးရဲ႕ အာရံုေၾကာကို တိုက္ရိုက္ထိေနတဲ့ သြားတစ္ေခ်ာင္း ဆိုးဆိုးရြားရြားပိုးစားေနျပီဆိုတာကို သိလိုက္ပါတယ္။ လိုအပ္တာေတြကို ျပင္ဆင္လိုက္ျပီး၊ စစ္ေဆးလိုက္ခ်ိန္မွာေတာ့ တကယ့္ကို သြားဟာ အေခါင္းေပါက္ျဖစ္ေနသလို ဘာဆိုဘာမွမရွိေတာ့တဲ့ အေနအထားကိုေရာက္ေနပါတယ္။ ခ်က္ခ်င္းလည္းႏႈတ္ပစ္လို႔ မရဘူးတားခဲ့ေပမဲ့

မိဘေတြက အစိုးရိမ္လြန္ကာ တျခားဆရာ၀န္ေတြဆီသြားျပပါေသးတယ္။ အကုန္လံုးက ေယာင္တာသက္သာတဲ့အခ်ိန္မွာမွ လုပ္လို႔ရတဲ့အပိုင္းကိုဆက္လုပ္ရမွာလို႔ တားခဲ့ခ်ိန္မွာမွ မူလဆရာ၀န္ဆီျပန္လာခဲ့ပါတယ္။ သံုးရက္ၾကာ ပါရာစီတေမာနဲ႔ အေမာင္ဆလင္တိုက္ဖို႔ ေျပာခဲ့တဲ့အတြက္ ေယာင္တာသက္သာလာခ်ိန္မွာမွ ႏႈတ္ေပးခဲ့ပါတယ္။

ဒီလိုျဖစ္ရတဲ့အေၾကာင္းက အာရံုေၾကာနဲ႔ ဆက္စပ္ေနတဲ့သြားကို အခုလိုအခ်ိန္ကို မေစာင့္ဘဲႏႈတ္လိုက္ရင္ အသက္ေသဆံုးတဲ့အထိျဖစ္ႏုိင္လို႔ပါပဲ။ ဆရာ၀န္က သူ႔ကိုပံုမွန္လာျပဖို႔နဲ႔ ကေလးကို အခ်ိဳေတြလံုး၀မစားေတာ့ဖို႔ကို မွာခဲ့သလို ေန႔စဥ္သြားက်န္းမာေရး ညႊန္ၾကားခ်က္ေတြနဲ႔ မိဘေတြကို ဂရုစိုက္ဖို႔ မွာလိုက္ပါတယ္။

ဒါေပမဲ့ သားသမီးကို ခ်စ္စိတ္နဲ႔ ဆက္ေကၽြးေနရင္ေတာ့ ကေလးက သြားဒုကၡေရာက္ဦးမယ္ဆိုတာကို Apannpyay ပရိသတ္ေတြ သိေအာင္ ဗဟုုုသုတအေနနဲ႔ တင္ဆက္ေပးလိုက္ပါတယ္။

သူေရး (Apannpyay)

Unicode

အချိုစားတာများလွန်းတဲ့ (၅)နှစ်သမီးလေး ကံကောင်းလို့အချိန်မီ ကုသနိုင်ခဲ့တဲ့ဖြစ်ရပ်

အရွယ်မရောက်သေးတဲ့ သားသားမီးမီးလေးတွေကို အချိုကြိုက်တယ်ဆိုပြီး လွှတ်ထားတဲ့ Apannpyay မိတ်ဆွေတွေရှိရင်တော့ အခုအကြောင်းအရာလေးက ဂရုပြုရမယ့် အဖြစ်ပါပဲ။ အသက် (၅)နှစ်ပဲ ရှိသေးပေမဲ့ အချိုစားတာများလွန်းတဲ့အတွက် ဦးနှောက်ကို ထိခိုက်မိဖို့ နည်းနည်းပဲလိုတော့တဲ့အဖြစ်ပါ။

ဒီအကြောင်းကို ဆရာဝန် Azila Mohd Kasim က အချိုကြိုက်တဲ့ကလေးတွေ သတိပြုနိုင်ဖို့ သမီးလေးရဲ့ အဖြစ်ကို ဓာတ်ပုံနဲ့တကွ ရိုက်ထားခဲ့ပါတယ်။ ငယ်ငယ်တည်းက အချိုစားတဲ့ သမီးလေးဟာ သွားကိုလည်း သချောဂရုမစိုက်ပါဘူး။ မိဘတွေကလည်း ကလေးကို ဂရုစိုက်ပေမဲ့ သွားပုံမှန်တိုက်တဲ့နေ့ရှိသလို မတိုက်တဲ့နေ့လည်း ရှိပါတယ်။

တစ်ရက်မှာ သမီးဖြစ်သူက သွးားကိုက်တယ်လို့ ဆိုလာပါတယ်။ ပုံမှန်လို့ပဲထင်ခဲ့ပေမဲ့ သုံးရက်အတွင်းမှာကိုပဲ ပါးကဖူးယောင်လာကာ အညိုကွက်တွေပါဖြစ်လာပါတယ်။ မိဘတွေက အံ့သြနေချိန်မှာ သမီးလေးရဲ့ မျက်လုံးတွေပါ မို့အစ်လာတဲ့အဆုံး သွားဆရာဝန်ဆီ ပြေးခဲ့ပါတယ်။ မြင်လိုက်တာနဲ့ ဖြစ်စဉ်ကိုနားထောင်အပြီးမှာ

ဆရာဝန်က သမီးလေးရဲ့ အာရုံကြောကို တိုက်ရိုက်ထိနေတဲ့ သွားတစ်ချောင်း ဆိုးဆိုးရွားရွားပိုးစားနေပြီဆိုတာကို သိလိုက်ပါတယ်။ လိုအပ်တာတွေကို ပြင်ဆင်လိုက်ပြီး၊ စစ်ဆေးလိုက်ချိန်မှာတော့ တကယ့်ကို သွားဟာ အခေါင်းပေါက်ဖြစ်နေသလို ဘာဆိုဘာမှမရှိတော့တဲ့ အနေအထားကိုရောက်နေပါတယ်။ ချက်ချင်းလည်းနှုတ်ပစ်လို့ မရဘူးတားခဲ့ပေမဲ့

မိဘတွေက အစိုးရိမ်လွန်ကာ တခြားဆရာဝန်တွေဆီသွားပြပါသေးတယ်။ အကုန်လုံးက ယောင်တာသက်သာတဲ့အချိန်မှာမှ လုပ်လို့ရတဲ့အပိုင်းကိုဆက်လုပ်ရမှာလို့ တားခဲ့ချိန်မှာမှ မူလဆရာဝန်ဆီပြန်လာခဲ့ပါတယ်။ သုံးရက်ကြာ ပါရာစီတမောနဲ့ အမောင်ဆလင်တိုက်ဖို့ ပြောခဲ့တဲ့အတွက် ယောင်တာသက်သာလာချိန်မှာမှ နှုတ်ပေးခဲ့ပါတယ်။

ဒီလိုဖြစ်ရတဲ့အကြောင်းက အာရုံကြောနဲ့ ဆက်စပ်နေတဲ့သွားကို အခုလိုအချိန်ကို မစောင့်ဘဲနှုတ်လိုက်ရင် အသက်သေဆုံးတဲ့အထိဖြစ်နိုင်လို့ပါပဲ။ ဆရာဝန်က သူ့ကိုပုံမှန်လာပြဖို့နဲ့ ကလေးကို အချိုတွေလုံးဝမစားတော့ဖို့ကို မှာခဲ့သလို နေ့စဉ်သွားကျန်းမာရေး ညွှန်ကြားချက်တွေနဲ့ မိဘတွေကို ဂရုစိုက်ဖို့ မှာလိုက်ပါတယ်။

ဒါပေမဲ့ သားသမီးကို ချစ်စိတ်နဲ့ ဆက်ကျွေးနေရင်တော့ ကလေးက သွားဒုက္ခရောက်ဦးမယ်ဆိုတာကို Apannpyay ပရိသတ်တွေ သိအောင် ဗဟုသုတအနေနဲ့ တင်ဆက်ပေးလိုက်ပါတယ်။

သူရေး (Apannpyay)