နာဇီလက္ခ်က္နဲ႔ ေသၿပီလုိ႔ထင္ခဲ့တဲ့ ညီအစ္ကိုႏွစ္ဦး (၇၅)ႏွစ္အၾကာမွာ အသက္ရွင္လွ်က္ျပန္ဆုံ

179

အသက္(၈၇)ႏွစ္နဲ႔ (၈၅)ႏွစ္အသီးသီးကို ေရာက္ရွိေနၾကတဲ့ ညီအစ္ကိုဝမ္းကြဲႏွစ္ေယာက္ဟာ ဒုတိယကမာၻစစ္အတြင္းမွာ နာဇီေတြလက္ခ်က္နဲ႔ ေသဆုံးခဲ့ၿပီလုိ႔ သူတုိ႔အခ်င္းခ်င္း ေတြးမိခဲ့ၾကၿပီး၊ ကြဲကြာခဲ့ၾကပါတယ္။ ထုိစဥ္က သူတုိ႔ႏွစ္ေယာက္ဟာ အသက္(၁၀)ႏွစ္ ဝန္းက်င္ေတြပါ။

ဒါေပမယ့္ ေနာက္ (၇၅)ႏွစ္ ၾကာတဲ့အခါမွာ သူတုိ႔ညီအစ္ကိုႏွစ္ေယာက္ အသက္ရွင္လွ်က္ ျပန္ဆုံခဲ့ၾကပါတယ္။ သူတုိ႔နာမည္ေတြကေတာ့ Morris Sana နဲ႔ Simon Mairowitz တုိ႔ ျဖစ္ၾကပါတယ္။ ဂ်ဴးလူမ်ိဳးေတြျဖစ္ၾကၿပီး၊ အစၥေရးႏုိင္ငံ၊ Tel Aviv မွာ ျပန္ဆုံခဲ့ၾကတာပါ။

သူတုိ႔ကုိ ေဆြမ်ိဳးသားခ်င္းေတြက ျပန္ဆုံေတြ႕ႏုိင္ေအာင္ စီစဥ္ေပးခဲ့ၾကတာျဖစ္ၿပီး၊ ငယ္ငယ္ကတည္း ဒီညီအစ္ကိုႏွစ္ေယာက္ဟာ ကစားေဖာ္ကစားဖက္ ျဖစ္တယ္လုိ႔ ဆုိၾကပါတယ္။ ၿပီးခဲ့တဲ့ ၾကာသပေတးေန႔က ျပန္ဆုံမႈမွာ ညီအစ္ကိုႏွစ္ေယာက္ဟာ မ်က္ရည္ေတြနဲ႔ ဝမ္းသာေနၾကပါတယ္။

Sana ဟာ အစၥေရးမွာ စစ္ေရွာင္ရင္း က်န္ေနခဲ့တာျဖစ္ၿပီး၊ Simon ကေတာ့ အစၥေရးကေန ယူေကကို ေရာက္လာခဲ့တာပါ။ အစၥေရးကို နာဇီေတြ ဝင္လာေတာ့ ၿမိဳ႕ႀကီးေတြကို စြန္႔ၿပီး ေျပးၾကပါတယ္။ Simon တုိ႔ မိသားစုလည္း နာဇီရန္ကို ေၾကာက္တာေၾကာင့္-

(၁၉၄၀)မွာ ႐ုိေမးနီးယားကုိ ထြက္ေျပးၾကပါတယ္။ ဒီလုိနဲ႔ တစ္ဆင့္ယူေကကုိ မိသားစုလုိက္ လွ်ိဳ႕ဝွက္ထြက္ေျပးခဲ့ၾကရာ၊ (၇၅)ႏွစ္တုိင္ ၾကာသည္အထိ အစ္ကိုျဖစ္သူ Sana တစ္ေယာက္ အသက္ရွင္မရွင္ မသိခဲ့ပါဘူး။ ဒါေပမယ့္ ေဆြမ်ိဳးအခ်င္းခ်င္း ျပန္ဆက္သြယ္မိၿပီး အခုလုိ ျပန္ေတြ႕ခဲ့ရတာပါ။

နတ္သူႀကီး-ApannPyay

ယူနီကုဒ်ဖြင့်ဖတ်ရန်-

အသက်(၈၇)နှစ်နဲ့ (၈၅)နှစ်အသီးသီးကို ရောက်ရှိနေကြတဲ့ ညီအစ်ကိုဝမ်းကွဲနှစ်ယောက်ဟာ ဒုတိယကမ္ဘာစစ်အတွင်းမှာ နာဇီတွေလက်ချက်နဲ့ သေဆုံးခဲ့ပြီလို့ သူတို့အချင်းချင်း တွေးမိခဲ့ကြပြီး၊ ကွဲကွာခဲ့ကြပါတယ်။ ထိုစဉ်က သူတို့နှစ်ယောက်ဟာ အသက်(၁၀)နှစ် ဝန်းကျင်တွေပါ။

ဒါပေမယ့် နောက် (၇၅)နှစ် ကြာတဲ့အခါမှာ သူတို့ညီအစ်ကိုနှစ်ယောက် အသက်ရှင်လျှက် ပြန်ဆုံခဲ့ကြပါတယ်။ သူတို့နာမည်တွေကတော့ Morris Sana နဲ့ Simon Mairowitz တို့ ဖြစ်ကြပါတယ်။ ဂျူးလူမျိုးတွေဖြစ်ကြပြီး၊ အစ္စရေးနိုင်ငံ၊ Tel Aviv မှာ ပြန်ဆုံခဲ့ကြတာပါ။

သူတို့ကို ဆွေမျိုးသားချင်းတွေက ပြန်ဆုံတွေ့နိုင်အောင် စီစဉ်ပေးခဲ့ကြတာဖြစ်ပြီး၊ ငယ်ငယ်ကတည်း ဒီညီအစ်ကိုနှစ်ယောက်ဟာ ကစားဖော်ကစားဖက် ဖြစ်တယ်လို့ ဆိုကြပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ပြန်ဆုံမှုမှာ ညီအစ်ကိုနှစ်ယောက်ဟာ မျက်ရည်တွေနဲ့ ဝမ်းသာနေကြပါတယ်။

Sana ဟာ အစ္စရေးမှာ စစ်ရှောင်ရင်း ကျန်နေခဲ့တာဖြစ်ပြီး၊ Simon ကတော့ အစ္စရေးကနေ ယူကေကို ရောက်လာခဲ့တာပါ။ အစ္စရေးကို နာဇီတွေ ဝင်လာတော့ မြို့ကြီးတွေကို စွန့်ပြီး ပြေးကြပါတယ်။ Simon တို့ မိသားစုလည်း နာဇီရန်ကို ကြောက်တာကြောင့်-

(၁၉၄၀)မှာ ရိုမေးနီးယားကို ထွက်ပြေးကြပါတယ်။ ဒီလိုနဲ့ တစ်ဆင့်ယူကေကို မိသားစုလိုက် လျှို့ဝှက်ထွက်ပြေးခဲ့ကြရာ၊ (၇၅)နှစ်တိုင် ကြာသည်အထိ အစ်ကိုဖြစ်သူ Sana တစ်ယောက် အသက်ရှင်မရှင် မသိခဲ့ပါဘူး။ ဒါပေမယ့် ဆွေမျိုးအချင်းချင်း ပြန်ဆက်သွယ်မိပြီး အခုလို ပြန်တွေ့ခဲ့ရတာပါ။

နတ်သူကြီး-ApannPyay