အားလပ္ရက္ အလည္ထြက္ခ်င္လုိ႔ ျပစ္ဒဏ္ေလွ်ာ့ေပါ့ေပးဖုိ႔ ေတာင္းဆုိခဲ့တဲ့ မူးယစ္တရားခံ

152

မူးယစ္ဝယ္ေရာင္း တရားခံတစ္ဦးဟာ သူ႕အေနနဲ႔ အားလပ္ရက္ မိသားစုနဲ႔ အျပင္ထြက္လည္ခ်င္လုိ႔၊ သူ႕ကို ျပစ္ဒဏ္ကေန သက္ညႇာေလွ်ာ့ေပါ့ေပးဖုိ႔ ေတာင္းဆုိခဲ့တယ္လုိ႔ Metro သတင္းက ေဖာ္ျပထားပါတယ္။ အဲဒီသတင္းကို ApannPyay က ဘာသာျပန္တင္ဆက္လုိက္တာပါ။

တရားခံရဲ႕အမည္ကေတာ့ Ian Cheshire ျဖစ္ၿပီး အသက္(၄၈)ႏွစ္ပါ။ သူ႕ရဲ႕ကားကို ရပ္တန္႔စစ္ေဆးရာမွာ ေပါင္ (၄၅၀၀) တန္ဖုိးရွိ ဘိန္းျဖဴေတြကို ရွာေဖြဖမ္းဆီးႏုိင္ခဲ့တာပါ။ သူဟာ ဒါေတြက ေရာင္းဝယ္ေဖာက္ကားဖုိ႔ မဟုတ္ေၾကာင္း၊ မိမိသုံးစြဲဖုိ႔ ျဖစ္ေၾကာင္း အျပစ္ေပါ့ေအာင္ ေျပာခဲ့ေပမယ့္-

သူဟာ မူးယစ္ေဆးအဖြဲ႕ေတြနဲ႔ အဆက္အသြယ္ရွိေနတာေတြကို သက္ေသအျဖစ္ သိမ္းဆည္းႏုိင္ခဲ့ပါတယ္။ Ian ဟာ Monkton, Pembrokeshire ဇာတိျဖစ္ၿပီး၊ ၿဗိတိန္ရဲ႕ ေအးခဲလွတဲ့ေဆာင္းရာသီကို ေရွာင္ရွားခ်င္ေၾကာင္း၊ ျပင္သစ္ကုိ သြားလည္ဖုိ႔ စီစဥ္ထားလုိ႔-

ျပစ္ဒဏ္ကုိ ေလွ်ာ့ေပါ့ေပးဖုိ႔ ေတာင္းဆုိခဲ့တာပါ။ သူ႕ေရွ႕ေနက Ian ဟာ တစ္ႏွစ္မွာ (၂)လ ျပင္သစ္ကို ေဆာင္းရာသီအေရွာင္သေဘာမ်ိဳး သြားေလ့ရွိတယ္လုိ႔ ဆုိပါတယ္။ သူ႕အမႈကို Swansea Crown Court က စစ္ေဆးတာျဖစ္ၿပီး၊ တရားရင္ဆုိင္စဥ္က ဓားယူလာလုိ႔ ျပစ္ဒဏ္တုိးခံခဲ့ရတာပါ။ သူ႕ကို ေထာင္ဒဏ္(၁)ႏွစ္ စီရင္ခဲ့ပါတယ္။

နတ္သူႀကီး-ApannPyay

ယူနီကုဒ်ဖြင့်ဖတ်ရန်-

မူးယစ်ဝယ်ရောင်း တရားခံတစ်ဦးဟာ သူ့အနေနဲ့ အားလပ်ရက် မိသားစုနဲ့ အပြင်ထွက်လည်ချင်လို့၊ သူ့ကို ပြစ်ဒဏ်ကနေ သက်ညှာလျှော့ပေါ့ပေးဖို့ တောင်းဆိုခဲ့တယ်လို့ Metro သတင်းက ဖော်ပြထားပါတယ်။ အဲဒီသတင်းကို ApannPyay က ဘာသာပြန်တင်ဆက်လိုက်တာပါ။

တရားခံရဲ့အမည်ကတော့ Ian Cheshire ဖြစ်ပြီး အသက်(၄၈)နှစ်ပါ။ သူ့ရဲ့ကားကို ရပ်တန့်စစ်ဆေးရာမှာ ပေါင် (၄၅၀၀) တန်ဖိုးရှိ ဘိန်းဖြူတွေကို ရှာဖွေဖမ်းဆီးနိုင်ခဲ့တာပါ။ သူဟာ ဒါတွေက ရောင်းဝယ်ဖောက်ကားဖို့ မဟုတ်ကြောင်း၊ မိမိသုံးစွဲဖို့ ဖြစ်ကြောင်း အပြစ်ပေါ့အောင် ပြောခဲ့ပေမယ့်-

သူဟာ မူးယစ်ဆေးအဖွဲ့တွေနဲ့ အဆက်အသွယ်ရှိနေတာတွေကို သက်သေအဖြစ် သိမ်းဆည်းနိုင်ခဲ့ပါတယ်။ Ian ဟာ Monkton, Pembrokeshire ဇာတိဖြစ်ပြီး၊ ဗြိတိန်ရဲ့ အေးခဲလှတဲ့ဆောင်းရာသီကို ရှောင်ရှားချင်ကြောင်း၊ ပြင်သစ်ကို သွားလည်ဖို့ စီစဉ်ထားလို့-

ပြစ်ဒဏ်ကို လျှော့ပေါ့ပေးဖို့ တောင်းဆိုခဲ့တာပါ။ သူ့ရှေ့နေက Ian ဟာ တစ်နှစ်မှာ (၂)လ ပြင်သစ်ကို ဆောင်းရာသီအရှောင်သဘောမျိုး သွားလေ့ရှိတယ်လို့ ဆိုပါတယ်။ သူ့အမှုကို Swansea Crown Court က စစ်ဆေးတာဖြစ်ပြီး၊ တရားရင်ဆိုင်စဉ်က ဓားယူလာလို့ ပြစ်ဒဏ်တိုးခံခဲ့ရတာပါ။ သူ့ကို ထောင်ဒဏ်(၁)နှစ် စီရင်ခဲ့ပါတယ်။

နတ်သူကြီး-ApannPyay