ေက်ာင္းသူရဲ႕သမီးေလးကို ကူထိန္းေပးရင္း၊ (၃)နာရီၾကာ စာသင္ၾကားခဲ့တဲ့ ပါေမာကၡ

171

အေမရိကန္၊ ေဂ်ာ္ဂ်ီယာျပည္နယ္၊ Lawrenceville မွာတည္ရွိတဲ့ Georgia Gwinnett College မွာ တာဝန္ထမ္းေဆာင္ေနတဲ့ ပါေမာကၡ Ramata Sissoko Cissé (၅၁)ႏွစ္ဟာ ေက်ာင္းသူတစ္ေယာက္ရဲ႕ကေလးကို ကူထိန္းေပးရင္း စာသင္ၾကားခဲ့လုိ႔ လူမႈကြန္ရက္မွာ နာမည္ႀကီးေနပါတယ္။

ဒီအေၾကာင္းကုိ DailyMail ကေန ေဖာ္ျပထားတာျဖစ္ၿပီး ApannPyay ကေန ဘာသာျပန္တင္ဆက္လုိက္တာပါ။ ေဒါက္တာ Ramata ဟာ အဲဒီတကၠသုိလ္မွာ ခႏၶာေဗဒနဲ႔ဇီဝကမၼေဗဒ ပါေမာကၡအျဖစ္ တာဝန္ထမ္းေဆာင္ေနတာျဖစ္ၿပီး၊ ေက်ာင္းသူရဲ႕ကေလးကို ကူထိန္းရင္း (၃)နာရီၾကာ စာသင္ခဲ့တာပါ။

သူမကို ေက်ာင္းသူတစ္ေယာက္က စာသင္ခန္းထဲမွာ ကေလးေခၚလာလုိ႔ရမလား ေမးတဲ့အခါ ေဒါက္တာ Ramata က ေလွ်ာေလွ်ာ႐ွဴ႐ွဴလက္ခံခဲ့ပါတယ္။ အဆုိပါ ေက်ာင္းသူဟာ ကေလးထိန္း မငွားႏုိင္ေသးလုိ႔ အခုလုိ ခြင့္ေတာင္းခဲ့တာပါ။ ေဒါက္တာကပဲ လုိလုိခ်င္ခ်င္ ကေလးကူထိန္းခ်င္ေၾကာင္း ေက်ာင္းသူကို ေျပာခဲ့ပါတယ္။

ဒီအေၾကာင္းကို အသက္(၁၉)ႏွစ္အရြယ္ ေဒါက္တာ Ramata ရဲ႕သမီးျဖစ္သူ Anna က လူမႈကြန္ရက္မွာ တင္ခဲ့ရာ၊ ေဒါက္တာရဲ႕လုပ္ရပ္ကို အမ်ားက ခ်ီးက်ဴးေနၾကပါတယ္။ ေဒါက္တာ Ramata ကေတာ့ သူမဟာ နာမည္ႀကီးခ်င္လုိ႔ ဒီလုိ လုပ္ခဲ့တာမဟုတ္ေၾကာင္း၊

ေက်ာင္းသူတစ္ေယာက္ရဲ႕ ဒုကၡကို သူမက ႐ုိး႐ုိးသားသား ကူညီေပးခဲ့တာပါလုိ႔ ေျပာပါတယ္။ ဘာပဲျဖစ္ျဖစ္ ဒီလုိျမင္ကြင္းမ်ိဳးဟာ ျမင္ရခဲပါတယ္။ အမ်ားအားျဖင့္ေတာ့ ဆရာေရာ၊ ေက်ာင္းသားေရာ ကိုယ့္တာဝန္နဲ႔ကိုယ္မုိ႔၊ ကိုယ့္ကိစၥ အေဆာတလွ်င္ ၿပီးႏုိင္ေရးသာ အာ႐ုံစုိက္ၾကလုိ႔ပါ။

နတ္သူႀကီး-ApannPyay

ယူနီကုဒ်ဖြင့်ဖတ်ရန်-

အမေရိကန်၊ ဂျော်ဂျီယာပြည်နယ်၊ Lawrenceville မှာတည်ရှိတဲ့ Georgia Gwinnett College မှာ တာဝန်ထမ်းဆောင်နေတဲ့ ပါမောက္ခ Ramata Sissoko Cissé (၅၁)နှစ်ဟာ ကျောင်းသူတစ်ယောက်ရဲ့ကလေးကို ကူထိန်းပေးရင်း စာသင်ကြားခဲ့လို့ လူမှုကွန်ရက်မှာ နာမည်ကြီးနေပါတယ်။

ဒီအကြောင်းကို DailyMail ကနေ ဖော်ပြထားတာဖြစ်ပြီး ApannPyay ကနေ ဘာသာပြန်တင်ဆက်လိုက်တာပါ။ ဒေါက်တာ Ramata ဟာ အဲဒီတက္ကသိုလ်မှာ ခန္ဓာဗေဒနဲ့ဇီဝကမ္မဗေဒ ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်နေတာဖြစ်ပြီး၊ ကျောင်းသူရဲ့ကလေးကို ကူထိန်းရင်း (၃)နာရီကြာ စာသင်ခဲ့တာပါ။

သူမကို ကျောင်းသူတစ်ယောက်က စာသင်ခန်းထဲမှာ ကလေးခေါ်လာလို့ရမလား မေးတဲ့အခါ ဒေါက်တာ Ramata က လျှောလျှောရှူရှူလက်ခံခဲ့ပါတယ်။ အဆိုပါ ကျောင်းသူဟာ ကလေးထိန်း မငှားနိုင်သေးလို့ အခုလို ခွင့်တောင်းခဲ့တာပါ။ ဒေါက်တာကပဲ လိုလိုချင်ချင် ကလေးကူထိန်းချင်ကြောင်း ကျောင်းသူကို ပြောခဲ့ပါတယ်။

ဒီအကြောင်းကို အသက်(၁၉)နှစ်အရွယ် ဒေါက်တာ Ramata ရဲ့သမီးဖြစ်သူ Anna က လူမှုကွန်ရက်မှာ တင်ခဲ့ရာ၊ ဒေါက်တာရဲ့လုပ်ရပ်ကို အများက ချီးကျူးနေကြပါတယ်။ ဒေါက်တာ Ramata ကတော့ သူမဟာ နာမည်ကြီးချင်လို့ ဒီလို လုပ်ခဲ့တာမဟုတ်ကြောင်း၊

ကျောင်းသူတစ်ယောက်ရဲ့ ဒုက္ခကို သူမက ရိုးရိုးသားသား ကူညီပေးခဲ့တာပါလို့ ပြောပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီလိုမြင်ကွင်းမျိုးဟာ မြင်ရခဲပါတယ်။ အများအားဖြင့်တော့ ဆရာရော၊ ကျောင်းသားရော ကိုယ့်တာဝန်နဲ့ကိုယ်မို့၊ ကိုယ့်ကိစ္စ အဆောတလျှင် ပြီးနိုင်ရေးသာ အာရုံစိုက်ကြလို့ပါ။

နတ်သူကြီး-ApannPyay