မိန်းကလေးတွေရဲ့မဖွယ်မရာကို ကိုင်ခဲ့တဲ့ကျောင်းသား ဘာမှအရေးယူမခံရတဲ့ နောက်ကွယ်ကအကြောင်းအရင်း

178

စင်ကာပူလိုနိုင်ငံမျိုးမှာ ဖြစ်ခဲ့တဲ့ဒီကိစ္စဟာ Apannpyay ပရိသတ်တွေကို စဉ်းစားရကြပ်စေမှာပါ။ အသက် (၂၃)နှစ်အရွယ် ကျောင်သားတစ်ဦးက လူအများသွားလာနေတဲ့ မြေအောက်ရထားပေါ်မှာ မိန်းကလေးရဲ့ ပေါင်တွေ၊ ခြေထောက်တွေကိုကိုင်ခဲ့ပေမဲ့ သတ်မှတ်ထားတဲ့ ပြစ်ဒဏ်ကို မခံခဲ့ရပါဘူး။

စင်ကာပူးအမျိုးသား တက္ကသိုလ်မှာတက်နေတဲ့ Siow ဆိုတဲ့ ကျောင်းသားဟာ တစ်ရက်မှာ မိန်းမလှလေးတစ်ယာက်နဲ့ ရထားလိုက်စီးပါတယ်။ စကတ်တိုတိုလေးဝတ်ထားပြီး ပေါင်တံလေးလှနေတဲ့ အမျိုးသမီးကိုအတွေ့မှာ သူလည်းအကြောင်းပြချက်မရှိလိုက်တက်ခဲ့ပြီး၊ ဘေးနားကနေ ကပ်ထိုင်ခဲ့ပါတယ်။ နောက်တော့ လက်နဲ့ ပေါင်ကိုလှမ်းထိပါတယ်။

ပုတ်ချလိုက်ချိန်မှာ Siow က သူအခုလို လုပ်တာကို သဘောကျတယ်ထင်ပြီး၊ သုံးလေးခါဆက်တိုက်ကိုင်ချိန်မှာ မိန်းကလေးက ခုံပြောင်းထိုင်ပါတယ်။ တချိန်လုံးလိုက်နှောက်ယှက်နေတဲ့အဆုံး မှတ်တိုင်မရောက်ခင်ဆင်းလိုက်ချိန်မှာ ကျောင်းသားက အကြမ်းဖက်ဆန်ဆန်လိုက်နှောက်ယှက်ခဲ့ပါတယ်။ ရထားဝန်ထမ်းရဲတစ်ယောက်နဲ့အတွေ့မှာ ကံကောင်းခဲ့တဲ့အတွက်

ဖြစ်ပွားခဲ့သည့်နေရာ

အမျိုးသမီးက ကံကောင်းခဲ့ပါတယ်။ မကျေနပ်တဲ့အမျိုးသမီးက မီးရထားက စီစီတီဗွီမှတ်တမ်းတွေနဲ့ တရားရုံးကိုတိုင်ခဲ့ချိန်မှာ Siow ဟာ တကယ်ပဲ ပြစ်မှုကျူးလွန်ခဲ့တာကို တွေ့ရပါတယ်။တရားရုံးက ဆုံးဖြတ်အပြီးမှာ ပြစ်မှုထင်ရှားတဲ့အတွက် ထောင်(၂၃)လ ကျခံရမယ်လို့ အားလုံးကထင်နေကြပါတယ်။ ဒါပေမဲ့ အဲဒီအစားခံဝန်လျော်ကြေး

Siow

ဒေါ်လာ (၅၀၀၀)ထောင်နဲ့ နာရီ(၁၅၀)လူမှုအကျိုးပြုပဲလုပ်ဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ ဆုံးဖြတ်ချက်ချလိုက်တဲ့အကြောင်းရင်းအနေနေဲ့ အခုလိုကိစ္စတွေဟာ အသေးအဖွဲ့အဖြစ်ယူဆသလို NUS တက္ကသိုလ်မှာ ထူးချွန်တဲ့ကျောင်းသားဖြစ်နေတဲ့အတွက် ပြစ်ဒဏ်ကိုလျှော့ပေးလိုက်တာလို့ဆိုပါတယ်။ ဒါတင်မကသေးပါဘူး။အရင်က ပြစ်မှုတွေအခုလိုလုပ်ဖူးပေမဲ့လည်း

Siow ဟာ နောင်တရနေပြီဖြစ်တဲ့အတွက် ထပ်ပြီးကျူးလွန်တော့မှာ မဟုတ်ဘူးလို့ ဆိုခဲ့တာပါ။ လက်ရှိမှာတော့ လူမှုအကျိုးပြုလုပ်ငန်းနဲ့ စာချုပ်နဲ့တင်ပြီးသွားပြီဖြစ်လို့ ဘာအရေးယူမှုမှမရှိတော့ပါဘူး။ Apannpyay ပရိသတ်တွေအနေနဲ့ အနည်းငယ်စောဒကတက်စရာရှိပေမဲ့ The Straigth Times ရဲ့ ဖော်ပြချက်မှာတော့ စာတော်တဲ့ကျောင်းသားကြောင့်လို့ အတိအလင်းဖော်ပြထားပါတယ်။

အမျိုးသမီးအတွက်တော့ စိတ်မကောင်းစရာဖြစ်ပေမဲ့ တရားရေးအရ ဒဏ်ငွေလည်း ချထားတဲ့အပေါ်မှာ မတရားဘူးလို့လည်း ပြောလို့မရတာတော့ အမှန်ပါပဲ။

သူရေး (Apannpyay)