အခန်းထဲမှာတစ်နေကုန်ဖုန်းဂိမ်းဆော့ပြီးနေခဲ့တဲ့ ကျောင်းသား၊ အသက်သေဖို့နည်းနည်းပဲလိုတဲ့အဖြစ်
132
သူရေး (Apannpyay)
Unicode
ဖုန်းဆော့တာကို တစ်နေကုန်ဆော့ရမှဆိုတဲ့ Apannpyay အသိတွေရှိရင်တော့ စိတ်မကောင်းစရာပါပဲ။ တရုတ်နိုင်ငံက အမျိုးသားတစ်ဦးလည်း အခုလိုတစ်နေကုန်ဂိမ်းဆော့ပြီးချိန်မှာ အသက်ရှုလမ်းကြောင်းပိတ်ကာ သေမလိုဖြစ်ခဲ့ရချိန် ဆရာဝန်တွေ အမြန်ကယ်လို့ အသက်မသေးခဲ့တဲ့ဖြစ်ရပ်နဲ့ ကြုံခဲ့ပါတယ်။
အသက်(၂၁)ပဲရှိသေးပြီး၊ ခန္ဓာကိုယ်အလေးချိန် (၉၀)ကီလိုလောက်ရှိတဲ့ Ah Wah ဆိုတဲ့အမျိုးသားဟာ ကျောင်းတက်နေတဲ့သူပါ။ တစ်ရက်မှာ ညဖက် (၁၁)နာရီလောက်ကစပြီး၊ ဂိမ်းကိုမနားတမ်းဆော့ရင်း ညလုံးပေါက်မအိပ်ခဲ့ပါဘူး။ မနက်လင်းခါနီး ရုတ်တရက်ဆိုသလို ရင်ခေါင်းကအောင့်တက်လာပြီး မခံနိုင်လို့ အော်ခဲ့တဲ့အဆုံးမှာ အခန်းဖော်တွေကလန့်နိုးလာပါတယ်။
အသက်ရှုရတာခက်နေတဲ့ Ah Wah ကိုမြင်ကတည်းက ဆေးရုံတင်ကားခေါ်ခဲ့ပြီး ရောက်လာချိန်မှာ ဆေးရုံအမြန်ပို့ဖို့ လုပ်ခဲ့ကြပါတယ်။ လေးလွန်းတဲ့အတွက် ကျောင်းသားတွေအများကြီး ထမ်းတင်ပေးခဲ့ရသလို ဆေးရုံကားပေါ်မှာပဲအရေးပေါ် သူနာပြုစုနည်းနဲ့အသက်အရင်ကယ်ခဲ့ရပါတယ်။ ဆေးရုံကို မိနစ် (၂၀)အတွင်းအမြန်ရောက်သွားခဲ့ပေမဲ့
Ah Wahရဲ့ နှလုံးက မခုန်တော့ပါဘူး။ ချက်ချင်းဆိုသလို နှလုံးရိုက်စက်တွေသုံးခဲ့ပြီး အမြန်အသက်ကယ်ခဲ့မှပဲ ကံကငေ်းခဲ့ပါတော့တယ်။ ဘာအကြောင်းကြောင့်ဖြစ်တာလဲကို သေချာမသေိပေမဲ့ ဆရာဝန်တွေက သူဟာအစာမစားဘဲတစ်နေကုန်ထိုင်နေခဲ့တာမျိုးတစ်ခုခုကို လုပ်ခဲ့မယ်လို့ ကောက်ချက်ချခဲ့ပါတယ်။ မှန်းခဲ့တဲ့အတိုင်ပဲ တစ်ညလုံးဖုန်းသံးုခဲ့တာကိုတွေ့ရပါတယ်။
အဲဒီလိုလုပ်ခဲ့ချိန်မှာ သွေးတွင်းဖိအားက တဟုန်ထိုးတက်လာပြီး၊ အသက်ရှုလမ်းကြောင်းကိုထိခိုက်ချိန်မှာ ဖုန်းသုံးခဲ့တဲ့အရှိန်နဲ့ ကံဆိုးခဲ့တာလို့ ဆိုပါတယ်။ အခုလိုဖြစ်ရတဲ့အကြောင်းကလည်းသူ့ရဲ့ဒူးတစ်ဖက်ကမကောင်းချိန်မှာ အခန်းထဲမှာပဲအနားယူနေရတဲ့အပေါ် ဖုန်းဂိမ်းကိုပဲစွဲစွဲလန်းလန်းသုံးရင်းနဲ့ အသက်သေမလိုဖြစ်ခဲ့တာပါ။
World of buzz သတင်းစာမျက်နှာရဲ့ ဖော်ပြချက်မှာ Ah Wah ဟာ သူစားမယ့် အစားအစာတောင် သူငယ်ချင်းနဲ့ လူကြုံမှာလိုက်ပြီး၊ အခန်းထဲကကို မထွက်ဖူးလို့သိရပါတယ်။ ဖုန်းသုံးတာကို အခုလိုသုံးတတ်တဲ့ Apannpyay ပရိသတ်တွေရှိနေရင်တော့ ဒီနည်းလမ်းဟာ မှားနေပြီဆိုတာကို Ah Wah ကသက်သေပြနေပါတယ်။
သူရေး (Apannpyay)