မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါ ပျောက်ကင်းသူ လူ(၉)ဦး ရဲ့ လူနာအမှတ်စဉ်များ

0
716

မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါ ပျောက်ကင်းသူ လူ(၉)ဦး ရဲ့ လူနာအမှတ်စဉ်များ

မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါ ပျောက်ကင်းသူ (၉)ဦး ရောဂါ သက်သာပြီး Negative နှစ်ကြိမ်ဖြစ်သွားပြီး ၄င်းတို့မှာ Case 4, 7, 3, 9, 12, 11, 15, 10, 21 ဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ ပျောက်ကင်းသူ (၉) ဦး အနက် Case 4, 7, 3, 9, 15, 21 တို့ (၆) ဦး ဆေးရုံမှ ဆင်းခွင့်ပြုပြီး သတ်မှတ်ရက်ပြည့်သည်အထိ အသွားအလာ ဆက်လက်ကန့်သတ်ထားမှာဖြစ်ပါတယ်။ Case 10, 11, 12 တို့ (၃) ဦးကိုလည်း ဆေးရုံမှ ဆင်းဖို့ စီစဉ်လျှက်ရှိကြောင်း သိရပါတယ်။

မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါ ရောဂါကြောင့် သေဆုံးလူနာ ၅ ယောက်ရှိပြီး ၄င်းတို့မှာ Case 5,16, 17, 39 နဲ့ 86 ဖြစ်ကြောင်း သိရပါတယ်။

ကိုဗစ် ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန (၂၀-၄-၂၀၂၀) ရက်နေ့၊ ည (၁၁:၀၀)နာရီ
သတင်းထုတ်ပြန်ချက်အထိ အတည်ပြုလူနာ စုစုပေါင်း (၁၁၉) ဦးအထိ ရှိလာပြီဖြစ်ပါတယ်။

Source – ဒေါက်တာခင်ခင်ကြီး(fb) #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ





