လူနာသစ် သူနာပြုဆရာမ ၂ ဦးကို ပြည်မြို့ ခုတင် ၅၀၀ ဆေးရုံသို့ ပို့ဆောင်

0
524

ပဲခူးတိုင်းဒေသကြီး ပြည်မြို့က ကိုဗစ်-၁၉ အတည်ပြုလူနာ အမှတ် ၁၁၈ နဲ့ ၁၁၉ တို့ကို Facility Quarantine ထားရှိတဲ့နေရာကနေ ပြည် ခုတင် ၅၀၀ ဆေးရုံဆီ ဒီနေ့မနက်က ရွှေ့ပြောင်းကုသပေးနေပြီ ဖြစ်ပါတယ်။ အဆိုပါလူနာ အမှတ် ၁၁၈ နဲ့ ၁၁၉ တို့ဟာ ပေါက်ခေါင်းမြို့မှာ ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးသွားတဲ့ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ မိသားစုကို ကုသပေးတဲ့ မေ့ဆေးဆရာဝန်ကြီး ဒေါက်တာဒေါ်မြင့်မြင့်စိန်တို့အဖွဲ့က သူနာပြု ဆရာမ ၂ ယောက် ဖြစ်ပါတယ်။

သူတို့ကို ပြည် ခုတင် ၅၀၀ ဆေးရုံကြီးကို ဧပြီလ ၂၁ ရက် မနက် ၈ နာရီခွဲမှာ ရွှေ့ပြောင်းလိုက်ပြီလို့ ဆေးရုံကနေ စုံစမ်း သိရပါတယ်။ပေါက်ခေါင်းဒုမြို့နယ်အုပ်ချုပ်ရေးမှူးကို ကုသပေးတဲ့ ကျန်းမာရေးဌာနဝန်ထမ်း အဖွဲ့ဝင် ၁၄ ယောက်ကို ဒုမြို့နယ်အုပ်ချုပ်ရေးမှူး သေဆုံးသွားတဲ့ ဧပြီလ ၈ ရက်နေ့မှာပဲ ပြည် ခုတင် ၅၀၀ ဆေးရုံကြီးမှာ Hospital Quarantine နဲ့ နေထိုင်စေခဲ့ပါတယ်။အဲဒီနောက် မေ့ဆေးဆရာဝန်ကြီးမှာ ရောဂါပိုးတွေ့ရှိခဲ့လို့ ဝေဘာဂီဆေးရုံကို ရွှေ့ပြောင်းလိုက်ပြီး ကျန်တဲ့ ၁၃ ယောက်ကို ပြည်တက္ကသိုလ်ထဲက သန္တာဆောင်မှာ ဖွင့်လှစ်ထားတဲ့ Facility Quarantine Camp ကို ရွှေ့ပြောင်းပြီး စောင့်ကြည့်ထားခဲ့တာပါ။ ဧပြီ ၂၀ ရက်နေ့မှာတော့ သူတို့အထဲက သူနာပြုဆရာမ ၂ ယောက်မှာ ရောဂါပိုး တွေ့ရှိကြောင်း အဖြေထွက်ခဲ့တာလို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ကိုကျော်ဇေယျက ပြောပါတယ်။DVB TV News

လူနာသစ္ သူနာျပဳဆရာမ ၂ ဦးကို ျပည္ၿမိဳ႕ ခုတင္ ၅၀၀ ေဆး႐ုံသို႔ ပို႔ေဆာင္

ပဲခူးတိုင္းေဒသႀကီး ျပည္ၿမိဳ႕က ကိုဗစ္-၁၉ အတည္ျပဳလူနာ အမွတ္ ၁၁၈ နဲ႔ ၁၁၉ တို႔ကို Facility Quarantine ထားရွိတဲ့ေနရာကေန ျပည္ ခုတင္ ၅၀၀ ေဆး႐ုံဆီ ဒီေန႔မနက္က ေရႊ႕ေျပာင္းကုသေပးေနၿပီ ျဖစ္ပါတယ္။ အဆိုပါလူနာ အမွတ္ ၁၁၈ နဲ႔ ၁၁၉ တို႔ဟာ ေပါက္ေခါင္းၿမိဳ႕မွာ ကိုဗစ္-၁၉ ေရာဂါနဲ႔ ေသဆုံးသြားတဲ့ ဒုၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးနဲ႔ မိသားစုကို ကုသေပးတဲ့ ေမ့ေဆးဆရာ၀န္ႀကီး ေဒါက္တာေဒၚျမင့္ျမင့္စိန္တို႔အဖြဲ႕က သူနာျပဳ ဆရာမ ၂ ေယာက္ ျဖစ္ပါတယ္။

သူတို႔ကို ျပည္ ခုတင္ ၅၀၀ ေဆး႐ုံႀကီးကို ဧၿပီလ ၂၁ ရက္ မနက္ ၈ နာရီခြဲမွာ ေရႊ႕ေျပာင္းလိုက္ၿပီလို႔ ေဆး႐ုံကေန စုံစမ္း သိရပါတယ္။ေပါက္ေခါင္းဒုၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးကို ကုသေပးတဲ့ က်န္းမာေရးဌာန၀န္ထမ္း အဖြဲ႕၀င္ ၁၄ ေယာက္ကို ဒုၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ေသဆုံးသြားတဲ့ ဧၿပီလ ၈ ရက္ေန႔မွာပဲ ျပည္ ခုတင္ ၅၀၀ ေဆး႐ုံႀကီးမွာ Hospital Quarantine နဲ႔ ေနထိုင္ေစခဲ့ပါတယ္။အဲဒီေနာက္ ေမ့ေဆးဆရာ၀န္ႀကီးမွာ ေရာဂါပိုးေတြ႕ရွိခဲ့လို႔ ေဝဘာဂီေဆး႐ုံကို ေရႊ႕ေျပာင္းလိုက္ၿပီး က်န္တဲ့ ၁၃ ေယာက္ကို ျပည္တကၠသိုလ္ထဲက သႏၲာေဆာင္မွာ ဖြင့္လွစ္ထားတဲ့ Facility Quarantine Camp ကို ေရႊ႕ေျပာင္းၿပီး ေစာင့္ၾကည့္ထားခဲ့တာပါ။ ဧၿပီ ၂၀ ရက္ေန႔မွာေတာ့ သူတို႔အထဲက သူနာျပဳဆရာမ ၂ ေယာက္မွာ ေရာဂါပိုး ေတြ႕ရွိေၾကာင္း အေျဖထြက္ခဲ့တာလို႔ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ကိုေက်ာ္ေဇယ်က ေျပာပါတယ္။DVB TV News