ကိုဗစ်-၁၉အတည်ပြု လူနာအသစ် ၂ ဦးတွေ့

0
549

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ၏ (၂၁-၄-၂၀၂၀) ရက်နေ့၊ ညနေတွင် (ပထမအသုတ်) စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၁၈၅) ခုအနက် (၂) ဦး၏ ဓာတ်ခွဲနမူနာတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ပြီး ကျန် (၁၈၃) ခုတွင် ရောဂါပိုးမတွေ့ရှိပါ။ (၂၁-၄-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီအချိန်အထိ မြန်မာနိုင်ငံတွင် ဓာတ်ခွဲအတည်ပြု လူနာ (၁၂၁)ဦးရှိပြီ ဖြစ်ပါသည်။ဓာတ်ခွဲအတည်ပြုလူနာများအနက် ရောဂါပိုးကင်းစင်သူ (၉)ဦးရှိလာခဲ့ပြီး သေဆုံးသူ (၅) ဦး ရှိခဲ့ပါသည်။Ministry of Health and Sports, Myanmar

