နှာခေါင်းစည်းဝတ်ဆင်ရင် သင့်မျက်မှန်ကို အခိုးရိုက်ပြီး ဝိုးတိုးဝါးတားမဖြစ်အောင် ဒီလိုလုပ်ထားပါ

0
522

ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှု အန္တရာယ်ကနေ ကာကွယ်ဖို့အတွက် အပြင်ထွက်တိုင်း ပါးစပ်နဲ့နှာခေါင်းစည်းဝတ်ဆင်ဖို့ အစိုးရက တိုက်တွန်းထားပါတယ်။

ပါးစပ်နဲ့နှာခေါင်းစည်းတွေကို အချိန်အကြာကြီးဝတ်ဆင်ရတာက ပါဝါမျက်မှန်တပ်တဲ့သူတွေအတွက် ပြဿနာတစ်ခုရှိနိုင်ပါတယ်။ ပါးစပ်နဲ့နှာခေါင်းစည်းဝတ်တာက သင့်မျက်မှန်ကို အခိုးရိုက်ပြီး ဝိုးတိုးဝါးတားဖြစ်စေနိုင်ပါတယ်။

သင့်အသက်ရှုလိုက်တာကနေ ဖြစ်လာတဲ့အပူငွေ့က မှန်ကို သွားထိတဲ့အတွက် ဖြစ်လာရတာဖြစ်ပါတယ်။

ပါးစပ်နဲ့နှာခေါင်းစည်းနဲ့အတူ တစ်ရှုးကို အသုံးပြုပါ

ပါးစပ်နဲ့ နှာခေါင်းစည်းအတွင်းထဲမှာ တစ်ရှုးစကို ထည့်ထားလို့ရပါတယ်။ ဒီလိုလုပ်တာက သင့်နှာခေါင်းကြားမှာ အခိုးအငွေ့တွေကို စုပ်ယူပေးတဲ့ အရာအဖြစ်ဖန်တီးပေးလိုက်သလိုပါပဲ။

ပါးစပ်နဲ့နှာခါင်းစည်းကြားထဲကို တစ်ရှုးစထားလိုက်တာက အဲဒီတစ်ရှုးစက အသက်ရှုလိုက်လို့ထွက်လာတဲ့ အပူငွေ့ကို မျက်မှန်ဆီမရောက်အောင် စုပ်ယူပေးလိုက်မှာဖြစ်ပါတယ်။ မျက်မှန်လည်း အခိုးအငွေ့မရိုက်တော့တဲ့အတွက် ကြည့်ရတာ ဝိုးတိုးဝါးတားမဖြစ်တော့မှာဖြစ်ပါတယ်။

မျက်မှန်ပေါ်မှာ ဆပ်ပြာအနည်းငယ်ထားပါ

သင့်မျက်မှန်က အခိုးအငွေ့ရိုက်တာကို ကာကွယ်ဖို့အတွက် အလွယ်ကူဆုံးနည်းလမ်းက သင့်မျက်မှန်ကို ဆပ်ပြာရည်နဲ့ သန့်စင်လိုက်တာပါပဲ။

သင်က မျက်မှန်ကို ဆပ်ပြာရည်နဲ့ သန့်စင်ပြီးတဲ့နောက်မှာ ရေတွေကို မသုံးဘဲ ထားလိုက်ပြီး သူ့ဘာသာ ခြောက်သွားပါစေ။ သူ့အလိုလိုခြောက်သွားတဲ့ဆပ်ပြာရည်က အလွန်သေးငယ်တဲ့အခိုးအငွေ့မောလီကျူးတွေကို လျော့ချပေးနိုင်ပါတယ်။

ရေကူးသမားတွေလည်း အမြဲတမ်းအဲဒီလိုလုပ်ကြပါတယ်။ ရေကူးသမားတွေက ရေကာမျက်မှန်ကို အခိုးအငွေ့ရိုက်တာကနေ ကာကွယ်ဖို့အတွက် မျက်မှန်အတွင်းထဲကို ကလေးခေါင်းလျှော်ရည်အသုံးပြုကြပါတယ်။

ခရက်ဒစ် (ရိုးရာလေး)

ႏွာေခါင္းစည္းဝတ္ဆင္ရင္ သင့္မ်က္မွန္ကို အခိုးရိုက္ၿပီး ဝိုးတိုးဝါးတားမျဖစ္ေအာင္ ဒီလိုလုပ္ထားပါ

ကိုရိုနာဗိုင္းရပ္စ္ျဖစ္ပြားမႈ အႏၲရာယ္ကေန ကာကြယ္ဖို႔အတြက္ အျပင္ထြက္တိုင္း ပါးစပ္နဲ႔ႏွာေခါင္းစည္းဝတ္ဆင္ဖို႔ အစိုးရက တိုက္တြန္းထားပါတယ္။

ပါးစပ္နဲ႔ႏွာေခါင္းစည္းေတြကို အခ်ိန္အၾကာႀကီးဝတ္ဆင္ရတာက ပါဝါမ်က္မွန္တပ္တဲ့သူေတြအတြက္ ျပႆနာတစ္ခုရွိနိုင္ပါတယ္။ ပါးစပ္နဲ႔ႏွာေခါင္းစည္းဝတ္တာက သင့္မ်က္မွန္ကို အခိုးရိုက္ၿပီး ဝိုးတိုးဝါးတားျဖစ္ေစနိုင္ပါတယ္။

သင့္အသက္ရႈလိုက္တာကေန ျဖစ္လာတဲ့အပူေငြ႕က မွန္ကို သြားထိတဲ့အတြက္ ျဖစ္လာရတာျဖစ္ပါတယ္။

ပါးစပ္နဲ႔ႏွာေခါင္းစည္းနဲ႔အတူ တစ္ရႈးကို အသုံးျပဳပါ

ပါးစပ္နဲ႔ ႏွာေခါင္းစည္းအတြင္းထဲမွာ တစ္ရႈးစကို ထည့္ထားလို႔ရပါတယ္။ ဒီလိုလုပ္တာက သင့္ႏွာေခါင္းၾကားမွာ အခိုးအေငြ႕ေတြကို စုပ္ယူေပးတဲ့ အရာအျဖစ္ဖန္တီးေပးလိုက္သလိုပါပဲ။

ပါးစပ္နဲ႔ႏွာခါင္းစည္းၾကားထဲကို တစ္ရႈးစထားလိုက္တာက အဲဒီတစ္ရႈးစက အသက္ရႈလိုက္လို႔ထြက္လာတဲ့ အပူေငြ႕ကို မ်က္မွန္ဆီမေရာက္ေအာင္ စုပ္ယူေပးလိုက္မွာျဖစ္ပါတယ္။ မ်က္မွန္လည္း အခိုးအေငြ႕မရိုက္ေတာ့တဲ့အတြက္ ၾကည့္ရတာ ဝိုးတိုးဝါးတားမျဖစ္ေတာ့မွာျဖစ္ပါတယ္။

မ်က္မွန္ေပၚမွာ ဆပ္ျပာအနည္းငယ္ထားပါ

သင့္မ်က္မွန္က အခိုးအေငြ႕ရိုက္တာကို ကာကြယ္ဖို႔အတြက္ အလြယ္ကူဆုံးနည္းလမ္းက သင့္မ်က္မွန္ကို ဆပ္ျပာရည္နဲ႔ သန႔္စင္လိုက္တာပါပဲ။

သင္က မ်က္မွန္ကို ဆပ္ျပာရည္နဲ႔ သန႔္စင္ၿပီးတဲ့ေနာက္မွာ ေရေတြကို မသုံးဘဲ ထားလိုက္ၿပီး သူ႔ဘာသာ ေျခာက္သြားပါေစ။ သူ႔အလိုလိုေျခာက္သြားတဲ့ဆပ္ျပာရည္က အလြန္ေသးငယ္တဲ့အခိုးအေငြ႕ေမာလီက်ဴးေတြကို ေလ်ာ့ခ်ေပးနိုင္ပါတယ္။

ေရကူးသမားေတြလည္း အျမဲတမ္းအဲဒီလိုလုပ္ၾကပါတယ္။ ေရကူးသမားေတြက ေရကာမ်က္မွန္ကို အခိုးအေငြ႕ရိုက္တာကေန ကာကြယ္ဖို႔အတြက္ မ်က္မွန္အတြင္းထဲကို ကေလးေခါင္းေလၽွာ္ရည္အသုံးျပဳၾကပါတယ္။

ခရက္ဒစ္ (ရိုးရာေလး)