ထပ်ဆင့်ဂုဏ်ပြုလိုက်ပါတယ်ဗျာ

0
757

ကိုဗစ် အသက်အန္တရာယ်မမှု ရှေ့တန်းသွားဝံ့သူ၊နှလုံးလှ သတ္တိရှင် ရေနံချောင်းသူဆရာဝန်မလေး ဒေါက်တာဖြူစင်နေမျိုး၊

ကိုဗစ် ဆိုတာနဲ့ ဘာလဲဆိုတာမြို့ထဲ ရွာထဲ နိုင်ငံထဲသာမက တစ်ကမ္ဘာလုံးသိတဲ့ ကမ္ဘာ‌ကပ်ရောဂါဆိုးကြီးပါ။လူတွေ သိန်းသန်းချီ အလျင်အမြန်ကူးစက်ပြန့်ပွားခံနေရပြီးသေဆူံးသူအမြောက်အများရှိနေဆဲပါ။

နိုင်ငံအသီးသီးက ကာကွယ်ဖို့ ထိန်းချုပ်ဖို့ကုသဖို့ ကြိုးစားနေကြတာပါ။ဒီထဲမှာ အသက်အန္တရာယ်အများဆုံးနဲ့ရှေ့တန်းထွက်ရင်ဆိုင်နေကြသူတွေကကျန်းမာရေးဝန်ထမ်းတွေပါ။

မြန်မာနိုင်ငံရဲ့ ကိုဗစ်လူနာအမှတ်(၁)ဟာဝေးလံခေါင်းဖျားတဲ့ ချင်းပြည်နယ်ကရွာကလေးတစ်ရွာက စခဲ့ပြီး ကုသဖို့သွားမယ့်စေတနာ ဝန်ထမ်း ကျန်းမာရေးသူရဲ‌ကောင်းတွေချက်ချင်း ပေါ်လာခဲ့ပါတယ်။

အချိန်ကြာလာတာနဲ့အမျှ ကူးစက်ခံသူတွေ၊စောင့်ကြည့်ရမဲ့သူတွေ များလာသလိုအသေအပျောက်လည်း ရှိလာခဲ့ပါတယ်။ဒီအချိန်မှာ နိုင်ငံတဝှမ်းက ကျန်းမာရေးဝန်ထမ်းတွေဟာ ကျရာနေရာကနေတာဝန်ထမ်းဆောင်ဖို့ မိမိတို့ရဲ့ ဆန္ဒအရအဆိုပြုလာကြပါတယ်။

ဒီအထဲမှာ ဇမ္ဗူသီရိမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနကဦးစီးအရာရှိ (လက်ထောက်ဆရာဝန်)ဒေါက်တာဖြူစင်နေမျိုးလည်း ပါပါတယ်။

ဒေါက်တာဖြူစင်‌နေမျိုးဟာ ရေနံချောင်းသူဖြစ်ပြီး ဖခင်က ဦးသတိုးနေမျိုး၊မိခင်က ဒေါ်မီမီတင်‌လေးပါ။

ဈေးအရှေ့ဘက်ကစိတ္တသုခဆိုရင် မသိသူ မရှိပါ။

အခု သူ့ကို ရန်ကုန်ဝေဘာဂီအထူးကုဆေးရုံကြီးကို(၂၅/၄/၂၀၂၀) ကနေ (၂၄/၅/၂၀၂၀)ထိတွဲဖက်တာဝန်ပေးလိုက်ပါတယ်။

ကုသရေးပိုင်းမှာ ရန်ကုန် ဝေဘာဂီအထူးကုဆေးရုံဟာ အဓိကကျတဲ့ ဆေးရုံဖြစ်ပြီးအထူးကြပ်မတ်ကုသပေးနေရတဲ့ နေရာတစ်နေရာဖြစ်နေပါတယ်။ အန္တရာယ်အများဆုံးနေရာလည်း ဖြစ်ပါတယ်။

အမိန့်ကြော်ငြာစာမှာ“ဖေါ်ပြပါ ဆရာဝန်အား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အနေဖြင့်လေးစားဂုဏ်ယူစွာမှတ်တမ်းတင်ပါကြောင်း”ဖေါ်ပြထားပါတယ်။

ဒီလို အသက်အန္တရာယ်မမှုဘဲလုပ်ဆောင်နေကြသူအားလုံးကိုဝန်ကြီးဌာနတစ်ခုထဲမကပါနိုင်ငံသူ နိုင်ငံသားများသာမကလူသားအားလုံးက ကျေးဇူးတင် ဂုဏ်ပြုကြတာပါ။

ရေနံချောင်းသူ ရေနံချောင်းသားများကလည်းရေနံချောင်းသူ နှလုံးလှ သတ္တိရှင်ဆရာဝန်မလေးအတွက် ဝမ်းသာ ဂုဏ်ယူနေကြရတာပါ။

ရှေ့တန်းက ရင်ကော့ ရင်ဆိုင်ဖို့ သွားတဲ့သမီးဆရာဝန်ကို သူ့အမေက စာတစ်ကြောင်းနဲ့မှာလိုက်တယ်။

“ကုသိုလ်ယူရင်း လေ့လာသင်ယူခဲ့ပါ သမီးငယ်”တဲ့၊

Credit

ထပ္ဆင့္ဂုဏ္ျပဳလိုက္ပါတယ္ဗ်ာ

ကိုဗစ္ အသက္အႏၲရာယ္မမႈ ေရွ႕တန္းသြားဝံ့သူ၊ႏွလုံးလွ သတၱိရွင္ ေရနံေခ်ာင္းသူဆရာဝန္မေလး ေဒါက္တာျဖဴစင္ေနမ်ိဳး၊

ကိုဗစ္ ဆိုတာနဲ႔ ဘာလဲဆိုတာၿမိဳ႕ထဲ ရြာထဲ နိုင္ငံထဲသာမက တစ္ကမၻာလုံးသိတဲ့ ကမၻာ‌ကပ္ေရာဂါဆိုးႀကီးပါ။လူေတြ သိန္းသန္းခ်ီ အလ်င္အျမန္ကူးစက္ျပန႔္ပြားခံေနရၿပီးေသဆူံးသူအေျမာက္အမ်ားရွိေနဆဲပါ။

နိုင္ငံအသီးသီးက ကာကြယ္ဖို႔ ထိန္းခ်ဳပ္ဖို႔ကုသဖို႔ ႀကိဳးစားေနၾကတာပါ။ဒီထဲမွာ အသက္အႏၲရာယ္အမ်ားဆုံးနဲ႔ေရွ႕တန္းထြက္ရင္ဆိုင္ေနၾကသူေတြကက်န္းမာေရးဝန္ထမ္းေတြပါ။

ျမန္မာနိုင္ငံရဲ့ ကိုဗစ္လူနာအမွတ္(၁)ဟာေဝးလံေခါင္းဖ်ားတဲ့ ခ်င္းျပည္နယ္ကရြာကေလးတစ္ရြာက စခဲ့ၿပီး ကုသဖို႔သြားမယ့္ေစတနာ ဝန္ထမ္း က်န္းမာေရးသူရဲ‌ေကာင္းေတြခ်က္ခ်င္း ေပၚလာခဲ့ပါတယ္။

အခ်ိန္ၾကာလာတာနဲ႔အမၽွ ကူးစက္ခံသူေတြ၊ေစာင့္ၾကည့္ရမဲ့သူေတြ မ်ားလာသလိုအေသအေပ်ာက္လည္း ရွိလာခဲ့ပါတယ္။ဒီအခ်ိန္မွာ နိုင္ငံတဝွမ္းက က်န္းမာေရးဝန္ထမ္းေတြဟာ က်ရာေနရာကေနတာဝန္ထမ္းေဆာင္ဖို႔ မိမိတို႔ရဲ့ ဆႏၵအရအဆိုျပဳလာၾကပါတယ္။

ဒီအထဲမွာ ဇမၺဴသီရိၿမိဳ႕နယ္ျပည္သူ႔က်န္းမာေရးဦးစီးဌာနကဦးစီးအရာရွိ (လက္ေထာက္ဆရာဝန္)ေဒါက္တာျဖဴစင္ေနမ်ိဳးလည္း ပါပါတယ္။

ေဒါက္တာျဖဴစင္‌ေနမ်ိဳးဟာ ေရနံေခ်ာင္းသူျဖစ္ၿပီး ဖခင္က ဦးသတိုးေနမ်ိဳး၊မိခင္က ေဒၚမီမီတင္‌ေလးပါ။

ေဈးအေရွ႕ဘက္ကစိတၱသုခဆိုရင္ မသိသူ မရွိပါ။

အခု သူ႔ကို ရန္ကုန္ေဝဘာဂီအထူးကုေဆး႐ုံႀကီးကို(၂၅/၄/၂၀၂၀) ကေန (၂၄/၅/၂၀၂၀)ထိတြဲဖက္တာဝန္ေပးလိုက္ပါတယ္။

ကုသေရးပိုင္းမွာ ရန္ကုန္ ေဝဘာဂီအထူးကုေဆး႐ုံဟာ အဓိကက်တဲ့ ေဆး႐ုံျဖစ္ၿပီးအထူးၾကပ္မတ္ကုသေပးေနရတဲ့ ေနရာတစ္ေနရာျဖစ္ေနပါတယ္။ အႏၲရာယ္အမ်ားဆုံးေနရာလည္း ျဖစ္ပါတယ္။

အမိန႔္ေၾကာ္ျငာစာမွာ“ေဖၚျပပါ ဆရာဝန္အား က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန အေနျဖင့္ေလးစားဂုဏ္ယူစြာမွတ္တမ္းတင္ပါေၾကာင္း”ေဖၚျပထားပါတယ္။

ဒီလို အသက္အႏၲရာယ္မမႈဘဲလုပ္ေဆာင္ေနၾကသူအားလုံးကိုဝန္ႀကီးဌာနတစ္ခုထဲမကပါနိုင္ငံသူ နိုင္ငံသားမ်ားသာမကလူသားအားလုံးက ေက်းဇူးတင္ ဂုဏ္ျပဳၾကတာပါ။

ေရနံေခ်ာင္းသူ ေရနံေခ်ာင္းသားမ်ားကလည္းေရနံေခ်ာင္းသူ ႏွလုံးလွ သတၱိရွင္ဆရာဝန္မေလးအတြက္ ဝမ္းသာ ဂုဏ္ယူေနၾကရတာပါ။

ေရွ႕တန္းက ရင္ေကာ့ ရင္ဆိုင္ဖို႔ သြားတဲ့သမီးဆရာဝန္ကို သူ႔အေမက စာတစ္ေၾကာင္းနဲ႔မွာလိုက္တယ္။

“ကုသိုလ္ယူရင္း ေလ့လာသင္ယူခဲ့ပါ သမီးငယ္”တဲ့၊

Credit