အလှူခံလို့ရတဲ့ငွေတွေ စုပြီးကျောင်းဆောက်လှူတဲ့ အသက်ကိုးဆယ်ကျော်ဘဘကြီး

0
599

အလှူခံလို့ရတဲ့ငွေတွေ စုပြီးကျောင်းဆောက်လှူတဲ့ အသက်ကိုးဆယ်ကျော်ဘဘကြီး

အသက် ၉၀ ကျော်လို့ ၁၀၀ ပြည့်တော့မယ် ဈေးမှာ အလှုခံနေတာတွေ့တော့ အဘကိုအလှူခံထည့်ရင်း မေးမြန်းကြည့်ျတာာ ကျန်းမာရေးသိပ်မကောင်းတဲ့ အဘဦးခင်မြင့်က အဘမသေခင်လေးထပ်လှုချင်လို့ အလှူ ခံနေတာပါလို့ပြောတော့ ။

မျက်ရည်တောင်ဝဲမိတယ် ရသမျှကို မစားမသောက်ပဲစုပြီးကို အလှူလုပ်တာဖြစ်တယ် သူလက်ဖက်ရည်သောက်ချင်တာတောင်ဝယ်မသောက်ပါဘူး အဘကိုလဘက်ရည်လေးလှူပါဆိုပြီးသူများ လှူမှသောက်တာပါ ။

အနှစ်နှစ်အလလ အလှူခံရတဲ့ ငွေလေးတွေကို ကိုယ်ကျိုးအတွက် မသုံးဘဲအပ်ထားပြီးကျောင်းဆောင်ဆောက်လှူခဲ့ပါတယ်။

ဧရာဝတီတိုင်း ပန်းတနော်မြို့ကပုခန်းကျောင်းတိုက်မှာ အဘ လှုဒါန်းထားတဲ့ကျောင်းဆောင်လေးမှာ ထိုင်ရက်ကလေးတံမျက်စည်း လှဲနေတာမြင်ရတော့အဘ ရဲ့ ဘာသာသာသနာအပေါ် ချစ်တဲ့စိတ်ကို မလေးစားဘဲ မနေနိုင်ပါဘူး

လှူချင်တဲ့ ဆန္ဒလှူချင်တဲ့ စိတ် လှူချင်တဲ့ ဝိရိယလှူချင်တဲ့ ပညာ ဒီလေးချက်သာပြည့်စုံပါစေငွေရှိခြင်း၊ မရှိခြင်းဆင်းရဲခြင်း၊ချမ်းသာခြင်းက အဓိကမကျဘူးဆိုတာဒီဘကြီးက သက်သေပြသွားပါပြီ။

ကဲ ဓမ္မမိတ်ဆွေတို့လည်း အကြောင်းအမျိုးမျိုးပြ ရှိနိုင်ပေမည့် မရှိလို့မလှူ မလှူလို့မရှိ ဆိုတဲ့ဖြစ်စဉ်ကြီး ဖြတ်တောက်နိုင်ဘို့ အလှူအတန်ူကို ကြိုးစားဒါနပြုစေချင်ပါတယ် ။






