ညွှန်ကြားချက် မလိုက်နာတဲ့စက်ရုံကို အရေးယူမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

0
529

ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေတဲ့ အခုကာလမှာ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေနဲ့အညီ အလုပ်ရုံ စက်ရုံတွေ အမြန်ဆုံးဖွင့်နိုင်ရေး စစ်ဆေးနေကြောင်းနဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေကို မလိုက်နာတဲ့သူ မည်သူကိုမဆို အရေးယူမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ကိုရိုနာဗိုင်းရပ်စ် ဖြစ်နေတဲ့ကာလမှာ ထုတ်ပြန်ထားတဲ့ အမိန့်ညွှန်ကြားချက်တွေကို မလိုက်နာသူ မည်သူကိုမဆို အရေးယူမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

ဧပြီလ ၂၂ ရက် ဒီနေ့မနက်ကပြုလုပ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ စီးပွားရေးလုပ်ငန်းရှင်၊ အလုပ်သမား ကိုယ်စားလှယ်နဲ့ အလုပ်သမားဝန်ကြီးဌာနတာဝန်ရှိသူတို့ ဆွေးနွေးပွဲမှာ ပြောခဲ့တာပါ။အစိုးရအနေနဲ့ စက်ရုံအလုပ်ရုံတွေကို ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး သေချာ လုပ်ဆောင် ထားသလား ဆိုတာ ဧပြီလကုန်မှာ စစ်ဆေးပြီးမှ ဖွင့်ခွင့်ပြုမယ်လို့ အမိန့်ထုတ်ထားသလို ရန်ကုန်တိုင်းအစိုးရကလည်း ဆန္ဒပြတဲ့ စက်ရုံတွေကို စက်ရုံပိတ်တဲ့အထိ အရေးယူမယ်လို့ ထုတ်ပြန်ထားတာပါ။ဒီနေ့အထိ စစ်ဆေးမှု မခံယူရသေးခင် လည်ပတ်နေတဲ့ စက်ရုံတွေရှိနေသေးတဲ့အတွက် စိစစ်အရေးယူပေးဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ဥက္ကဋ္ဌ ဦးမောင်မောင်က တောင်းဆိုပါတယ်။

စစ်ဆေးပြီးရင်လည်း စက်ရုံက ဆက်လက် လည်ပတ်မယ်ဆိုတဲ့အကြောင်း အလုပ်သမားတွေ သိအောင် ထုတ်ပြန်ပေးဖို့နဲ့ စစ်ဆေးပြီးသားစက်ရုံတွေ ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားချက်နဲ့အညီ အမြန်ဆုံး ပြန်လည်ဖွင့်ဖို့လည်း လိုတယ်လို့ ဦးမောင်မောင်ကဆိုပါတယ်။ လက်ရှိ အလုပ်ပြုတ်သွားသူနဲ့ အလုပ်ရပ်နားသူတွေ စာရင်းကိုလည်း ကောက်ယူနေပြီး ဥရောသမဂ္ဂ (EU)နဲ့ တိုင်ပင်ပြီး ကူညီပေးနိုင်ရေး ပြင်ဆင်နေတယ်လို့ ဦးမောင်မောင်က ပြောပါတယ်။

နယ်မြို့အသီးသီးကပြန်လာတဲ့ အလုပ်သမားတွေကို မြို့နယ်တချို့မှာ အဝင်မခံတဲ့ဖြစ်ရပ်တွေ ရှိနေပြီး အလုပ်သမားတွေ အဆောင်တန်းလျားတွေမှာ ပူးကပ်နေထိုင်ကြရတဲ့အတွက် ကျန်းမာရေး အသိပညာပေး ရုံတင်မကဘဲ နေထိုင်ရေး အဆင်ပြေအောင် လုပ်ဆောင်ပေးဖို့ လိုတယ်လို့လည်း ဦးမောင်မောင်က ဆက်ပြောပါတယ်။မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်ကတော့ စက်ရုံအလုပ်ရုံတွေအတွက် အစိုးရအမိန့်ထုတ်ပြန်တာ နောက်ကျသလို ထုတ်ပြန်ချက်ပါ ရေးသားချက်တွေကိုလည်း အများ နားမလည်နိုင်ဘူးလို့ ပြောပါတယ်။အလုပ်ရှင်နဲ့ အလုပ်သမားမပြေလည်လို့ ဆန္ဒပြနေတာတွေကိုလည်း နှစ်ဘက်စလုံး ဥပဒေအတိုင်း လိုက်နာစေချင်တယ်လို့ ဒေါ်ခိုင်ခိုင်နွယ်က ဆိုပါတယ်။ဒေါ်အောင်ဆန်းစုကြည်က ထုတ်ပြန်ချက်တွေကို အခြေအနေအရ မြန်မြန်ထုတ်လိုက်ရတာဖြစ်လို့ ရှင်းလင်းအောင် ပြန်လည် ဆောင်ရွက်ပေးမယ်လို့ ပြောပါတယ်။

အစိုးရကတော့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ညွှန်ကြားချက်တွေအတိုင်း စီစဉ်ထားတဲ့စက်ရုံတွေကို ၂၀ ရက်နေ့ ကတည်းက စက်ရုံ အလုပ်ရုံတွေကို စတင်စစ်ဆေးနေတာဖြစ်ပြီး ရန်ကုန်တိုင်းက စက်ရုံတွေအပါအဝင် စက်ရုံ ၁၀၀ နီးပါး စစ်ဆေးပြီးဖြစ်ပါတယ်။ပထမဦးစားပေးအနေနဲ့ ဆေးဝါးထုတ်တဲ့ စက်ရုံတွေနဲ့ စားသောက်ကုန်ထုတ်တဲ့ စက်ရုံတွေကို စစ်ဆေးပြီး ဖွင့်ခွင့်ပြုမှာဖြစ်ပါတယ်။ရန်ကုန်တိုင်းထဲမှာ စက်ရုံအလုပ်ရုံပေါင်း ၆၆၀၀ ကျော် ရှိပြီး အလုပ်သမား ၆၈၀,၀၀၀ ကျော်ရှိတယ်လို့ တိုင်းအစိုးရရဲ့စာရင်းအရ သိရပါတယ်။နောက်ထပ် စက်ရုံအလုပ်ရုံ ၄၀၀ နီးပါးကလည်း စစ်ဆေးနိုင်ပြီဆိုပြီး စာရင်းပေးထားတဲ့အတွက် အမြန်ဆုံး စစ်ဆေးသွားမယ်လို့ အလုပ်သမားဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်က ဆွေးနွေးပွဲမှာ ပြောခဲ့ပါတယ်။RFA Burmese

ညႊန္ၾကားခ်က္ မလိုက္နာတဲ့စက္႐ုံကို အေရးယူမယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္ေျပာ

ကိုရိုနာဗိုင္းရပ္စ္ ျဖစ္ပြားေနတဲ့ အခုကာလမွာ က်န္းမာေရးဝန္ႀကီးဌာနရဲ့ ညႊန္ၾကားခ်က္ေတြနဲ႔အညီ အလုပ္႐ုံ စက္႐ုံေတြ အျမန္ဆုံးဖြင့္နိုင္ေရး စစ္ေဆးေနေၾကာင္းနဲ႔ က်န္းမာေရးဝန္ႀကီးဌာနရဲ့ ထုတ္ျပန္ခ်က္ေတြကို မလိုက္နာတဲ့သူ မည္သူကိုမဆို အေရးယူမယ္လို႔ နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာလိုက္ပါတယ္။ကိုရိုနာဗိုင္းရပ္စ္ ျဖစ္ေနတဲ့ကာလမွာ ထုတ္ျပန္ထားတဲ့ အမိန႔္ညႊန္ၾကားခ်က္ေတြကို မလိုက္နာသူ မည္သူကိုမဆို အေရးယူမယ္လို႔ နိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္က ေျပာလိုက္ပါတယ္။

ဧၿပီလ ၂၂ ရက္ ဒီေန႔မနက္ကျပဳလုပ္တဲ့ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ စီးပြားေရးလုပ္ငန္းရွင္၊ အလုပ္သမား ကိုယ္စားလွယ္နဲ႔ အလုပ္သမားဝန္ႀကီးဌာနတာဝန္ရွိသူတို႔ ေဆြးေႏြးပြဲမွာ ေျပာခဲ့တာပါ။အစိုးရအေနနဲ႔ စက္႐ုံအလုပ္႐ုံေတြကို ကိုရိုနာဗိုင္းရပ္စ္ကာကြယ္ေရး ေသခ်ာ လုပ္ေဆာင္ ထားသလား ဆိုတာ ဧၿပီလကုန္မွာ စစ္ေဆးၿပီးမွ ဖြင့္ခြင့္ျပဳမယ္လို႔ အမိန႔္ထုတ္ထားသလို ရန္ကုန္တိုင္းအစိုးရကလည္း ဆႏၵျပတဲ့ စက္႐ုံေတြကို စက္႐ုံပိတ္တဲ့အထိ အေရးယူမယ္လို႔ ထုတ္ျပန္ထားတာပါ။ဒီေန႔အထိ စစ္ေဆးမႈ မခံယူရေသးခင္ လည္ပတ္ေနတဲ့ စက္႐ုံေတြရွိေနေသးတဲ့အတြက္ စိစစ္အေရးယူေပးဖို႔ ျမန္မာနိုင္ငံလုံးဆိုင္ရာ အလုပ္သမားသမဂၢမ်ားအဖြဲ႕ခ်ဳပ္ (CTUM) ဥကၠ႒ ဦးေမာင္ေမာင္က ေတာင္းဆိုပါတယ္။

စစ္ေဆးၿပီးရင္လည္း စက္႐ုံက ဆက္လက္ လည္ပတ္မယ္ဆိုတဲ့အေၾကာင္း အလုပ္သမားေတြ သိေအာင္ ထုတ္ျပန္ေပးဖို႔နဲ႔ စစ္ေဆးၿပီးသားစက္႐ုံေတြ က်န္းမာေရးဝန္ႀကီးဌာန ညႊန္ၾကားခ်က္နဲ႔အညီ အျမန္ဆုံး ျပန္လည္ဖြင့္ဖို႔လည္း လိုတယ္လို႔ ဦးေမာင္ေမာင္ကဆိုပါတယ္။ လက္ရွိ အလုပ္ျပဳတ္သြားသူနဲ႔ အလုပ္ရပ္နားသူေတြ စာရင္းကိုလည္း ေကာက္ယူေနၿပီး ဥေရာသမဂၢ (EU)နဲ႔ တိုင္ပင္ၿပီး ကူညီေပးနိုင္ေရး ျပင္ဆင္ေနတယ္လို႔ ဦးေမာင္ေမာင္က ေျပာပါတယ္။

နယ္ၿမိဳ႕အသီးသီးကျပန္လာတဲ့ အလုပ္သမားေတြကို ၿမိဳ႕နယ္တခ်ိဳ႕မွာ အဝင္မခံတဲ့ျဖစ္ရပ္ေတြ ရွိေနၿပီး အလုပ္သမားေတြ အေဆာင္တန္းလ်ားေတြမွာ ပူးကပ္ေနထိုင္ၾကရတဲ့အတြက္ က်န္းမာေရး အသိပညာေပး ႐ုံတင္မကဘဲ ေနထိုင္ေရး အဆင္ေျပေအာင္ လုပ္ေဆာင္ေပးဖို႔ လိုတယ္လို႔လည္း ဦးေမာင္ေမာင္က ဆက္ေျပာပါတယ္။ျမန္မာနိုင္ငံ အထည္ခ်ဳပ္လုပ္ငန္းရွင္မ်ားအသင္း အေထြေထြအတြင္းေရးမႉး ေဒၚခိုင္ခိုင္ႏြယ္ကေတာ့ စက္႐ုံအလုပ္႐ုံေတြအတြက္ အစိုးရအမိန႔္ထုတ္ျပန္တာ ေနာက္က်သလို ထုတ္ျပန္ခ်က္ပါ ေရးသားခ်က္ေတြကိုလည္း အမ်ား နားမလည္နိုင္ဘူးလို႔ ေျပာပါတယ္။အလုပ္ရွင္နဲ႔ အလုပ္သမားမေျပလည္လို႔ ဆႏၵျပေနတာေတြကိုလည္း ႏွစ္ဘက္စလုံး ဥပေဒအတိုင္း လိုက္နာေစခ်င္တယ္လို႔ ေဒၚခိုင္ခိုင္ႏြယ္က ဆိုပါတယ္။ေဒၚေအာင္ဆန္းစုၾကည္က ထုတ္ျပန္ခ်က္ေတြကို အေျခအေနအရ ျမန္ျမန္ထုတ္လိုက္ရတာျဖစ္လို႔ ရွင္းလင္းေအာင္ ျပန္လည္ ေဆာင္ရြက္ေပးမယ္လို႔ ေျပာပါတယ္။

အစိုးရကေတာ့ က်န္းမာေရးဝန္ႀကီးဌာနရဲ့ညႊန္ၾကားခ်က္ေတြအတိုင္း စီစဥ္ထားတဲ့စက္႐ုံေတြကို ၂၀ ရက္ေန႔ ကတည္းက စက္႐ုံ အလုပ္႐ုံေတြကို စတင္စစ္ေဆးေနတာျဖစ္ၿပီး ရန္ကုန္တိုင္းက စက္႐ုံေတြအပါအဝင္ စက္႐ုံ ၁၀၀ နီးပါး စစ္ေဆးၿပီးျဖစ္ပါတယ္။ပထမဦးစားေပးအေနနဲ႔ ေဆးဝါးထုတ္တဲ့ စက္႐ုံေတြနဲ႔ စားေသာက္ကုန္ထုတ္တဲ့ စက္႐ုံေတြကို စစ္ေဆးၿပီး ဖြင့္ခြင့္ျပဳမွာျဖစ္ပါတယ္။ရန္ကုန္တိုင္းထဲမွာ စက္႐ုံအလုပ္႐ုံေပါင္း ၆၆၀၀ ေက်ာ္ ရွိၿပီး အလုပ္သမား ၆၈၀,၀၀၀ ေက်ာ္ရွိတယ္လို႔ တိုင္းအစိုးရရဲ့စာရင္းအရ သိရပါတယ္။ေနာက္ထပ္ စက္႐ုံအလုပ္႐ုံ ၄၀၀ နီးပါးကလည္း စစ္ေဆးနိုင္ၿပီဆိုၿပီး စာရင္းေပးထားတဲ့အတြက္ အျမန္ဆုံး စစ္ေဆးသြားမယ္လို႔ အလုပ္သမားဝန္ႀကီးဌာန အျမဲတမ္း အတြင္းဝန္ ဦးမ်ိဳးေအာင္က ေဆြးေႏြးပြဲမွာ ေျပာခဲ့ပါတယ္။RFA Burmese