အိမ်ငှါးခ မတတ်နိုင်လို့ လမ်းဘေးပလက်ဖောင်းပေါ်မှာပဲ အိပ်နေခဲ့ရတဲ့ လင်းမယားနှစ်ယောက်နဲ့ ကလေးငယ်လေး မိသားစု

0
688

အိမ်ငှါးခ မတတ်နိုင်လို့ လမ်းဘေးပလက်ဖောင်းပေါ်မှာပဲ အိပ်နေခဲ့ရတဲ့ လင်းမယားနှစ်ယောက်နဲ့ ကလေးငယ်လေး မိသားစု

အမေ့အိမ်ကနေ စိတ်ဆိုးပြီး ဆင်းလာခဲ့တယ်လို့ ပြောပါတယ်။ နေစရာလည်း အိမ်မရှိ၊ အိမ်ငှါးနေဖို့လည်း ပိုက်ဆံမရှိလို့ လမ်းဘေး ပလက်ဖောင်းပေါ်မှာပဲ အိပ်နေခဲ့တာပါတဲ့။ အိမ်လခ အတွက်က တစ်လချင်းပေး တစ်လ ၄ သောင်းလို့ ပြောပါတယ်။

မန္တလေးမြို့(One To One ကလေးလူနာကူညီရေး) ကိုဝမ်း တို့နဲ့ တွေ့ပြီး ကံကောင်းတယ်လို့ ပြောရမှာပေါ့။ (One To One ကလေးလူနာကူညီရေး) ကိုဝမ်းတို့မှ အိမ်ငှါးနေဖို့ ငွေ (၅၀၀၀၀)၊ ဆန်(၃)ပြည်၊ ဆီ (၁)ဘူး၊ ပုဆိုးတစ်ထည်၊ ဆပ်ပြာမှုန့်၊ ခေါက်ဆွဲခြောက်နဲ့ Mask များကို ပေးလှူခဲ့ပါတယ်။

အလှူရှင်ဖြစ်သူ ကိုညီညီလွင်မှ လှုဒါန်းခြင်းဖြစ်ကြောင်း သိရပါတယ်။

(ONE TO ONE ကလေးလူနာကူညီရေး) ကိုဝမ်း (စိုင်းနေမျိုးမောင်မောင်) 09765765179 ၊ မန္တလေးမြို့။

Video -One To One ကလေးလူနာကူညီရေး





