တောင်ကြီးမြို့ရှိ ကိုဗစ် လူနာအမှတ် ၁၂၁ ၏နေအိမ်ကို Lockdown ပြုလုပ်ထား

0
507

ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့မှာ ကိုရိုနာဗိုင်းရပ်ရောဂါ အတည်ပြုလူနာတစ်ဦး ထပ်မံတွေ့ရှိတယ်လို့ ဧပြီ ၂၁ ရက်ည ၈ နာရီက ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အဆိုပါ လူနာနံမှတ်   ၂၁၂ နေထိုင်တဲ့ တောင်ကြီးမြို့ စဝ်စံထွန်းလမ်းနဲ့ တူးမြောင်းလမ်းရှိ နေအိမ်ကို ညတွင်းချင်း Lockdown ပြုလုပ်ထားပြီး လမ်းတွေကို lockdown မလုပ်ထားဘဲ ဆေးဖျန်းနေပါတယ်။

လက်ရှိလူနာကိုတော့ တောင်ကြီး စဝ်စံထွန်း ဆေးရုံပို့ဆောင်ပြီးဆေးကုသမှု ပေးထားပါတယ်။

လူနာဟာ တလလောက်ကြာမှာ ရောဂါတွေ့ရှိတဲ့အတွက် သူနဲ့ထိတွေ့တဲ့ လူတွေနောက်ကြောင်း လိုက်ပြီး Home quarantine ထားရှိဖို့လုပ်ဆောင်သွားမယ်လို့ မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

အဆိုပါ ကိုဗစ် အတည်ပြုလူနာ အမှတ် ၁၂၁ ဟာ အင်္ဂလန်နိုင်ငံမှ ရန်ကုန်မြို့သို့ မတ်လ ၂၂ ရက်က လေကြောင်းနဲ့ ရောက်ရှိလာပြီးနောက် ရန်ကုန်မြို့မှာ Hotel Quarantine ၁၄ ရက်ဝင်ရောက်ခဲ့ကာ ဧပြီ ၅ ရက်မှ လေယာဉ်နဲ့ ရန်ကုန်မြို့မှ တောင်ကြီးမြို့ နေအိမ်သို့ ပြန်လည်ရောက်ရှိ လာတာဖြစ်ပါတယ်။

အဲဒီလူနာဟာ အဖျားမရှိ ချောင်းဆိုး၊ နာကျင်ကိုက်ခဲခြင်း မရှိဘဲ အနံ့အရသာ ခံစားမှုမရှိဖြစ်နေလို့ ဧပြီ ၁၅ ရက်နေ့လည် ၁ နာရီမှာ ဖခင်ဖြစ်သူနဲ့အတူ စဝ်စံထွန်းဆေးရုံကြီးကို သွားရောက် ပြသခဲ့ရာ စဝ်စံထွန်းဆေးရုံကြီး တာဝန်ရှိသူမှ ဆေးစစ်ချက်အတွက် ကိရိယာ လုံလောက်မှု မရှိတဲ့အကြောင်း သောက်ဆေးပေးပြီး နေအိမ်မှာပဲ နေခိုင်းခဲ့တာဖြစ်ပါတယ်။

ဒီနောက် အုပ်ချုပ်ရေးမှူးကိုအကူညီတောင်းပြီးမှ ဧပြီ ၁၉ ရက်နေ့မှာ ဓာတ်ခွဲနမူနာ ယူပြီး ပို့ဆောင်စစ်ဆေးရာ ဧပြီ ၂၁ ရက်မှ ကိုဗစ် ရောဂါတွေ့ရှိကြောင်း  positive အဖြေ ထွက်ပေါ်တာဖြစ်ပါတယ်။

သတင်း- ခွန်ရာဇာ

Credit to DVB

ေတာင္ႀကီးၿမိဳ႕ရွိ ကိုဗစ္ လူနာအမွတ္ ၁၂၁ ၏ေနအိမ္ကို Lockdown ျပဳလုပ္ထား

ရွမ္းျပည္နယ္ၿမိဳ႕ေတာ္၊ ေတာင္ႀကီးၿမိဳ႕မွာ ကိုရိုနာဗိုင္းရပ္ေရာဂါ အတည္ျပဳလူနာတစ္ဦး ထပ္မံေတြ႕ရွိတယ္လို႔ ဧၿပီ ၂၁ ရက္ည ၈ နာရီက က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။

အဆိုပါ လူနာနံမွတ္   ၂၁၂ ေနထိုင္တဲ့ ေတာင္ႀကီးၿမိဳ႕ စဝ္စံထြန္းလမ္းနဲ႔ တူးေျမာင္းလမ္းရွိ ေနအိမ္ကို ညတြင္းခ်င္း Lockdown ျပဳလုပ္ထားၿပီး လမ္းေတြကို lockdown မလုပ္ထားဘဲ ေဆးဖ်န္းေနပါတယ္။

လက္ရွိလူနာကိုေတာ့ ေတာင္ႀကီး စဝ္စံထြန္း ေဆး႐ုံပို႔ေဆာင္ၿပီးေဆးကုသမႈ ေပးထားပါတယ္။

လူနာဟာ တလေလာက္ၾကာမွာ ေရာဂါေတြ႕ရွိတဲ့အတြက္ သူနဲ႔ထိေတြ႕တဲ့ လူေတြေနာက္ေၾကာင္း လိုက္ၿပီး Home quarantine ထားရွိဖို႔လုပ္ေဆာင္သြားမယ္လို႔ ၿမိဳ႕မရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉးက ေျပာပါတယ္။

အဆိုပါ ကိုဗစ္ အတည္ျပဳလူနာ အမွတ္ ၁၂၁ ဟာ အဂၤလန္နိုင္ငံမွ ရန္ကုန္ၿမိဳ႕သို႔ မတ္လ ၂၂ ရက္က ေလေၾကာင္းနဲ႔ ေရာက္ရွိလာၿပီးေနာက္ ရန္ကုန္ၿမိဳ႕မွာ Hotel Quarantine ၁၄ ရက္ဝင္ေရာက္ခဲ့ကာ ဧၿပီ ၅ ရက္မွ ေလယာဥ္နဲ႔ ရန္ကုန္ၿမိဳ႕မွ ေတာင္ႀကီးၿမိဳ႕ ေနအိမ္သို႔ ျပန္လည္ေရာက္ရွိ လာတာျဖစ္ပါတယ္။

အဲဒီလူနာဟာ အဖ်ားမရွိ ေခ်ာင္းဆိုး၊ နာက်င္ကိုက္ခဲျခင္း မရွိဘဲ အနံ့အရသာ ခံစားမႈမရွိျဖစ္ေနလို႔ ဧၿပီ ၁၅ ရက္ေန႔လည္ ၁ နာရီမွာ ဖခင္ျဖစ္သူနဲ႔အတူ စဝ္စံထြန္းေဆး႐ုံႀကီးကို သြားေရာက္ ျပသခဲ့ရာ စဝ္စံထြန္းေဆး႐ုံႀကီး တာဝန္ရွိသူမွ ေဆးစစ္ခ်က္အတြက္ ကိရိယာ လုံေလာက္မႈ မရွိတဲ့အေၾကာင္း ေသာက္ေဆးေပးၿပီး ေနအိမ္မွာပဲ ေနခိုင္းခဲ့တာျဖစ္ပါတယ္။

ဒီေနာက္ အုပ္ခ်ဳပ္ေရးမႉးကိုအကူညီေတာင္းၿပီးမွ ဧၿပီ ၁၉ ရက္ေန႔မွာ ဓာတ္ခြဲနမူနာ ယူၿပီး ပို႔ေဆာင္စစ္ေဆးရာ ဧၿပီ ၂၁ ရက္မွ ကိုဗစ္ ေရာဂါေတြ႕ရွိေၾကာင္း  positive အေၿဖ ထြက္ေပၚတာျဖစ္ပါတယ္။

သတင္း- ခြန္ရာဇာ

Credit to DVB