ပိုးရှိ လူနာသစ် ၂ ဦးထပ်မံတွေ့ရှိ ပေါင်း ၁၄၆ ဦးရှိလာ
0
225
ကိုဗစ် ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၂၆-၄-၂၀၂၀) ရက်နေ့၊ နံနက် (၇:၀၀) နာရီ
၁။ (၂၅-၄-၂၀၂၀) ရက်နေ့၊ ည နှင့် (၂၆-၄-၂၀၂၀) ရက်နေ့၊ နံနက်အစောပိုင်းတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ဒုတိယ + တတိယအသုတ်) နှင့် ဆေးသုတေသနဦးစီးဌာန (DMR) မှ (ဒုတိယအသုတ်) ဓာတ်ခွဲစစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲအဖြေများတွင် –
ကိုဗစ် ရောဂါပိုးတွေ့ရှိမှု (လူနာသစ်) = (၂) ဦး ထပ်မံတွေ့ရှိခဲ့ပါသည်။
၂။ သို့ဖြစ်ပါ၍ (၂၆-၄-၂၀၂၀) ရက်နေ့၊ နံနက် (၇:၀၀) နာရီအချိန်အထိ မြန်မာနိုင်ငံတွင် ကိုဗစ် ရောဂါဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၄၆) ဦး တွေ့ရှိခဲ့ပြီဖြစ်ပါသည်။
၃။ (၂၅-၄-၂၀၂၀) ရက်နေ့အတွက် ဓာတ်ခွဲစစ်ဆေးမှုများကို –
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ဓာတ်ခွဲနမူနာ (၃၇၂) ခုအား (၃) သုတ်ခွဲ၍ လည်းကောင်း၊
ဆေးသုတေသနဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ (၅၄) ခုအား (၂) သုတ်ခွဲ၍ လည်းကောင်း စစ်ဆေးခဲ့ခြင်းဖြစ်ပါသည်။
၄။ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂) ဦးအား သက်ဆိုင်ရာဆေးရုံများသို့ လွှဲပြောင်းကုသမှုပေးသွားမည်ဖြစ်ပါသည်။