Home made mayonnaise (မရောနိစ်) လုပ်နည်း

0
280

Home made mayonnaise (မရောနိစ်)လေး လုပ်ကြည့်ကြရအောင်နော်💛

ကိုယ်တိုင်လုပ်ထားတဲ့ သန့်ရှင်းလတ်ဆတ်ပြီး ဆိုင်အရသာနဲ့တစ်ထပ်ထဲနီးပါးတူတဲ့ Home made Mayonnaise (မရောနိစ်)လေးပါ💛

ပါဝင်ပစ္စည်းများ

ကြက်ဥ. ၁လုံး

ဆား လက်ဖက်စားဇွန်း ၁ဇွန်း

သကြား ထမင်းစားဇွန်း ၁ဇွန်း

Vinegar(ရှာလကာရည်) ထမင်းစားဇွန်း ၂ဇွန်း

ဆီ တရုတ်ထမင်းစားပန်းကန် ၁လုံးနီးပါး (ထမင်းစားဇွန်း ၁ရဇွန်း)

(ဆီကို မြေပဲဆီ၊နှမ်းဆီ မသုံးရ အနံ့ပြင်းပြီး မရောနိစ်အနံ့မရပဲ ဖြစ်လိမ့်မယ်)

ကြက်ဥ၊ဆား၊သကြား၊ရှာလကာရည် အကုန်လုံးကို blenderထဲ ထည့်ပါ

ဆီကလွဲလို့ အခြားပါဝင်ပစ္စည်းတွေထည့်ပြီးရင် Blender မွှေ့လို့ရပါပြီ

Blender မွှေနေရင်း ဆီကို ထမင်းစားဇွန်းနဲ့ Blenderရဲ့ အပေါ်ပေါက်လေးကနေ ခပ်ထည့်ပါ

ဆက်တိုက်မထည့်ပဲ ဆီတစ်ဇွန်းထည့်လိုက် မွှေတာခဏစောင့်လိုက် ဆီတစ်ဇွန်းထည့်လိုက် မွှေတာခဏစောင့်လိုက် လုပ်ပါ

ဆီထည့်နေတဲ့အချိန် Blender ကို လုံးဝရပ်မပြစ်ပါနဲ့နော်

ဆီအကုန်ထည့်ပြီး အခြေအနေပါ ကျဲနေတုန်းပါပဲနော်

ဆီအကုန်ထည့်ပြီးချိန်မှာ နောက်ထပ် ၁၃မိနစ်လောက် ထပ်မွှေရင် ညက်ပြီးအပြင်ကကြည့်ရင် မွှေနေတယ်လို့ကိုမထင်ရ​အောင် ဖြစ်လာပါလိမ့်မယ်

၁၃မိနစ်မွှေပြီးအခြေအနေပါ

Mayonnaise (မရောနိစ်)ကို ဖန်ပုလင်း သို့ အခုလို ဘူးထဲကိုထည့်ပြီး ရေခဲသေတ္တာထဲထည့်သိမ်းလို့်ရပါပြီ ညီမ အခုလုပ်တဲ့အချိုးနဲ့ ဘူးတစ်ဝက်ရပါတယ်ရှင်

Blender သန့်ရှင်းတဲ့အနေနဲ့ ကျန်နေတဲ့ မရောနိစ်တွေလဲ မလွှင့်ပစ်ရအောင် ပေါင်မုန့်တစ်ချပ်နဲ့ blender အတွင်းကိုမွှေပြီး စားရင် အ​လေအလွှင့်လဲ မဖြစ်သလို အနှစ်တွေလဲမကျန်လို့ ဆေးရတာလဲ လွယ်ကူသွားပါတယ်

အဆင်ပြေကြပါစေရှင် 💛

လေးစားစွာဖြင့်ခရက်ဒစ် Yamone Phoo

Home made mayonnaise (မေရာနိစ္) လုပ္နည္း

Home made mayonnaise (မေရာနိစ္)ေလး လုပ္ၾကည့္ၾကရေအာင္ေနာ္💛

ကုိယ္တုိင္လုပ္ထားတ့ဲ သန္႔႐ွင္းလတ္ဆတ္ၿပီး ဆုိင္အရသာနဲ႔တစ္ထပ္ထဲနီးပါးတူတ့ဲ Home made Mayonnaise (မေရာနိစ္)ေလးပါ💛

ပါဝင္ပစၥည္းမ်ား

ၾကက္ဥ. ၁လုံး

ဆား လက္ဖက္စားဇြန္း ၁ဇြန္း

သၾကား ထမင္းစားဇြန္း ၁ဇြန္း

Vinegar(႐ွာလကာရည္) ထမင္းစားဇြန္း ၂ဇြန္း

ဆီ တ႐ုတ္ထမင္းစားပန္းကန္ ၁လုံးနီးပါး (ထမင္းစားဇြန္း ၁၇ဇြန္း)

(ဆီကုိ ေျမပဲဆီ၊ႏွမ္းဆီ မသုံးရ အနံ႔ျပင္းၿပီး မေရာနိစ္အနံ႔မရပဲ ျဖစ္လိမ့္မယ္)

ၾကက္ဥ၊ဆား၊သၾကား၊႐ွာလကာရည္ အကုန္လုံးကုိ blenderထဲ ထည့္ပါ

ဆီကလြဲလုိ႔ အျခားပါဝင္ပစၥည္းေတြထည့္ၿပီးရင္ Blender ေမႊ႔လုိ႔ရပါၿပီ

Blender ေမႊေနရင္း ဆီကုိ ထမင္းစားဇြန္းနဲ႔ Blenderရဲ႕ အေပၚေပါက္ေလးကေန ခပ္ထည့္ပါ

ဆက္တုိက္မထည့္ပဲ ဆီတစ္ဇြန္းထည့္လုိက္ ေမႊတာခဏေစာင့္လုိက္ ဆီတစ္ဇြန္းထည့္လုိက္ ေမႊတာခဏေစာင့္လုိက္ လုပ္ပါ

ဆီထည့္ေနတ့ဲအခ်ိန္ Blender ကုိ လုံးဝရပ္မျပစ္ပါနဲ႔ေနာ္

ဆီအကုန္ထည့္ၿပီး အေျခအေနပါ က်ဲေနတုန္းပါပဲေနာ္

ဆီအကုန္ထည့္ၿပီးခ်ိန္မွာ ေနာက္ထပ္ ၁၃မိနစ္ေလာက္ ထပ္ေမႊရင္ ညက္ၿပီးအျပင္ကၾကည့္ရင္ ေမႊေနတယ္လုိ႔ကုိမထင္ရ​ေအာင္ ျဖစ္လာပါလိမ့္မယ္

၁၃မိနစ္ေမႊၿပီးအေျခအေနပါ

Mayonnaise (မေရာနိစ္)ကုိ ဖန္ပုလင္း သုိ႔ အခုလုိ ဘူးထဲကုိထည့္ၿပီး ေရခဲေသတၱာထဲထည့္သိမ္းလုိ္႔ရပါၿပီ ညီမ အခုလုပ္တ့ဲအခ်ဳိးနဲ႔ ဘူးတစ္ဝက္ရပါတယ္႐ွင္

Blender သန္႔႐ွင္းတဲ့အေနနဲ႔ က်န္ေနတဲ့ မေရာနိစ္ေတြလဲ မလႊင့္ပစ္ရေအာင္ ေပါင္မုန္႔တစ္ခ်ပ္နဲ႔ blender အတြင္းကုိေမႊၿပီး စားရင္ အ​ေလအလႊင့္လဲ မျဖစ္သလုိ အႏွစ္ေတြလဲမက်န္လုိ႔ ေဆးရတာလဲ လြယ္ကူသြားပါတယ္

အဆင္ေျပၾကပါေစ႐ွင္ 💛

ေလးစားစြာျဖင့္ခရက္ဒစ္ Yamone Phoo